ရုပ်ဖျက်ပြီး လှုပ်ရှား ဘတ်စ်ကားနဲ့ ဒိုးနေတုန်း မသန်ပေမယ့် စွမ်းတဲ့ ကြင်နာတတ်သူကြီးနဲ့ တိုးခဲ့တဲ့ ကျော်ကျော်နန္ဒ
ရုပ်ဖျက်ပြီး လှုပ်ရှား ဘတ်စ်ကားနဲ့ ဒိုးနေတုန်း.. မသန်ပေမယ့် စွမ်းတဲ့ ကြင်နာတတ်သူကြီးနဲ့ တိုးခဲ့တယ်ဆိုတဲ့ ကျော်ကျော်နန္ဒ..
အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်နန္ဒကတော့ သီချင်းဆိုခြင်း၊ သရုပ်ဆောင်ခြင်းတို့ကို လုပ်ဆောင်ရင်း ပရိသတ်သတိထားမိလာသူ တစ်ယောက်ဖြစ်ပါတယ်။
အများနဲ့ မတူတဲ့ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံတို့ကြောင့် လူပိုသိလာခဲ့ပြီး လက်ရှိနွေဦး တော်လှန်ရေးလှုပ်ရှားမှု မှာလည်း သူ့ရဲ့ခံယူချက်ကြောင့် ပြည်သူတွေရဲ့ချစ်ခြင်းကို ပိုမိုရရှိ နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ကျော်ကျော်နန္ဒက ရုပ်ဖျက်ပြီး ဘက်စ်ကားစီးရင်း ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်နဲ့ တွေ့ဆုံ ခဲ့ကြောင်းကို
“ဘေးနားက မသန်စွမ်းအကို တယောက်က
ဒီနေ့ ကျနော်ကားခ ပုံးထဲအကြွေ ထည့်ဖို့မပါတာကို တွေ့သွားပြီး
သူ ပိုက်ဆံစိုက်ပေးတယ်
လူသားချင်း စာနာတတ်တဲ့ ပြည်သူထဲက ပြည်သူ တယောက်ပါဘဲ
ဂုဏ်ယူလို့ရေးလိုက်ရတာပါ၊
ရုပ်ဖျက်ပြီး တခါတလေ အရင်ချိန်တွေလို လိုင်းကား လျှောက်စီးမိတယ်
အေးချမ်း ဘေးကင်း ကျန်းမာကြပါစေ” ဆိုပြီး
ကျော်ကျော်နန္ဒကတော့ မသန်ပေမယ့်စွမ်းသလို ကြင်နာတတ်တဲ့ နှလုံးသားကိုလည်း
ပိုင်ဆိုင်တဲ့ ပြည်သူတစ်ဦး အကြောင်း ရေးသား ပြောပြ လာတာပဲ ဖြစ်ပါတယ်နော်။
(Zawgyi)