ဗဟုသုတ

မမြင်ရတဲ့ နာမ်လောကသားတွေနဲ့ ဆက်နွယ်နေတဲ့ တံမြက်စည်းရဲ့ နိမိတ်များ

မမြင်ရတဲ့ နာမ်လောကသားတွေနဲ့ ဆက်နွယ်နေတဲ့ တံမြက်စည်းရဲ့ နိမိတ်များ

အပျို လူပျိုတွေ ခြေဖျား‌ပေါ်ကျော်ပြီး တံမြက်စည်း ခတ်မိရင်

အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။

တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။ အိမ်နီး ခြံနီးချင်းတွေ ကိုယ့် အိမ် ခြံ၀ကစပြီး

တံမြက်စည်း လာလှည်းသွားရင် ၀င်မယ့်လာဘ် မ၀င်တော့ပါဘူး။

သူ့အိမ်‌၀က ပြန်လိုက်လှည်းယူပါ။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှည်းရပါဘူး။

ပစ္စည်းတစ်ခုခု အိမ်၀ချပြီး အိမ်ထဲ အရင်လှည်းထည့်ရပါတယ်။

ကိုယ့်မိသားစုတွေအကုန် ကံဆိုး‌နေတယ်ထင်ရင် ရှေ့ နောက် အိမ်တံခါး‌တွေဖွင့်ထားပြီးအိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့‌နောက်အ‌ပေါက်ဘက်ကို တံမြက်စည်း လှည်းခိုင်းပါ။

အိမ်၀င်တံခါးမှာ တံမြက်စည်း ကန့်လန့်ဖြတ်ချထားရင် မကောင်းတဲ့ ဝိဉာဉ် ၀င်မရပါဘူး၊၊

ပညာသည်‌တွေ ကြံစည်မရပါဘူး။ တံမြက်စည်းဟာ မမြင်ရတဲ့ နာမ်လောကသား‌တွေနဲ့

ဆက်နွယ်နေတာမို့ အိမ်မှုကိစ္စကလွဲပြီး တံမြက်စည်းနဲ့ ကစားခြင်း ရိုက်ခြင်း လုံး၀မပြုရပါ။

လူကို အငြိုးထားတတ်ပါတယ်။ တံမြက်စည်းလှည်းရင်း ယောက်ျားလေးတွေ ထိမိရင်

ဘုန်းကံနိမ့်ပါတယ် မတော်တဆ ထိမိလျှင် အဲ့ တံမြက်စည်းကို နံရံနဲ့ ၃ ချက် ရိုက်ပြီး အပြစ်ပေးပါ။

ဘုန်းကြီးကျောင်း ဘုရားတွေက တံမြက်စည်းကို မသန့်သောလက်နဲ့ မကိုင်ပါနဲ့။

တံမြက်လှည်းရင် အိမ်၀က အိမ်ထဲပဲ လှည်းယူပါ။

အိမ်ထဲက အိမ်၀လှည်းလျှင် စီးပွားယုတ်လျော့ပါတယ်။

နှစ်ဆန်း ၁ ရက်နေ့ တံမြက်စည်း မလှည်းပါနဲ့။ လှည်းရင် အဲ့နှစ် လာဘ်ပိတ်ပါတယ်။

ညအိပ် ညနေ ဧည့်ကောင်း ပြန်ရင် ချက်ချင်း တံမြက်စည်း ထ မလှည်းပါနဲ့။

လှည်းရင် အဲ့ ဧည့်သည် နောက်တစ်ခါ မလာတော့ပါ။

ဧည့်ဆိုးပြန်ရင် နောက်မလာအောင် ချက်ချင်းသာ ထလှည်းပါ။

ညအချိန် တံမြက်စည်းမလှည်းပါနဲ့။ မဖြစ်မနေလှည်းရရင် အိမ်ထဲက အိမ်ပြင်ကို လှည်းထုတ်ပါ။

နာရေးရှိရင် ပထမသုံးရက် တံမြက်စည်း မလှည်းရပါဘူး။

သေသူ ဝိဉာဏ်ကို အိမ်စောင့်နတ်‌တွေ နှင်ထုတ်ပါတယ်။

တံမြက်စည်း ပြောင်းပြန်ထောင်ထားရင် သူများ မကောင်းကြံလို့ မရပါဘူး။

လာဘ်လာဘလည်း ရပါတယ်။ ညအိပ်ချိန် တံခါးအတွင်းဘက်မှာ

တံမြက်စည် းပြောင်းပြန်ထောင်ထားလျှင် သူခိုး ကပ်မရပါဘူး။ အိပ်မွေ့ချမရ။

တံမြက်စည်းအဟောင်းကို အိမ်သစ် သယ်မသွားပါနဲ့။ မမြင်ရတာတွေ လိုက်သွားပါတယ်။

အိမ်သစ်မတက်ခင် တံမြက်စည်းအသစ် အရင်၀ယ်ပြီး သွားပို့ထားပါ။

လူတိုင်းသိထားသင့်တဲ့ သတိမမူမိကြတဲ့ တံမြက်စည်းအကြောင်းပါ။

credit

မျမင္ရတဲ့ နာမ္ေလာကသားေတြနဲ႔ ဆက္ႏြယ္ေနတဲ့ တံျမက္စည္းရဲ့ နိမိတ္မ်ား

အပ်ိဳ လူပ်ိဳေတြ ေျခဖ်ား‌ေပၚေက်ာ္ၿပီး တံျမက္စည္း ခတ္မိရင္

အဲ့ကေလးေတြ အိမ္ေထာင္မက်ေတာ့ပါဘူး။

တံျမက္စည္းကို တံေတြးနဲ႔ ျပန္ေထြးခိုင္းပါ။ အိမ္နီး ၿခံနီးခ်င္းေတြ ကိုယ့္ အိမ္ ၿခံ၀ကစၿပီး

တံျမက္စည္း လာလွည္းသြားရင္ ၀င္မယ့္လာဘ္ မ၀င္ေတာ့ပါဘူး။

သူ႔အိမ္‌၀က ျပန္လိုက္လွည္းယူပါ။ တံျမက္စည္းသစ္နဲ႔ အိမ္ထဲက အိမ္ျပင္ စ မလွည္းရပါဘူး။

ပစၥည္းတစ္ခုခု အိမ္၀ခ်ၿပီး အိမ္ထဲ အရင္လွည္းထည့္ရပါတယ္။

ကိုယ့္မိသားစုေတြအကုန္ ကံဆိုး‌ေနတယ္ထင္ရင္ ေရွ႕ ေနာက္ အိမ္တံခါး‌ေတြဖြင့္ထားၿပီ

အိမ္ရွိလူကုန္ အိမ္လယ္ကစ ေရွ႕‌ေနာက္အ‌ေပါက္ဘက္ကို တံျမက္စည္း လွည္းခိုင္းပါ။

အိမ္၀င္တံခါးမွာ တံျမက္စည္း ကန႔္လန႔္ျဖတ္ခ်ထားရင္ မေကာင္းတဲ့ ဝိဉာဥ္ ၀င္မရပါဘူး၊၊

ပညာသည္‌ေတြ ႀကံစည္မရပါဘူး။ တံျမက္စည္းဟာ မျမင္ရတဲ့ နာမ္ေလာကသား‌ေတြနဲ႔

ဆက္ႏြယ္ေနတာမို႔ အိမ္မႈကိစၥကလြဲၿပီး တံျမက္စည္းနဲ႔ ကစားျခင္း ရိုက္ျခင္း လုံး၀မျပဳရပါ။

လူကို အၿငိဳးထားတတ္ပါတယ္။ တံျမက္စည္းလွည္းရင္း ေယာက္်ားေလးေတြ ထိမိရင္

ဘုန္းကံနိမ့္ပါတယ္ မေတာ္တဆ ထိမိလၽွင္ အဲ့ တံျမက္စည္းကို နံရံနဲ႔ ၃ ခ်က္ ရိုက္ၿပီး အျပစ္ေပးပါ။

ဘုန္းႀကီးေက်ာင္း ဘုရားေတြက တံျမက္စည္းကို မသန႔္ေသာလက္နဲ႔ မကိုင္ပါနဲ႔။

တံျမက္လွည္းရင္ အိမ္၀က အိမ္ထဲပဲ လွည္းယူပါ။

အိမ္ထဲက အိမ္၀လွည္းလၽွင္ စီးပြားယုတ္ေလ်ာ့ပါတယ္။

ႏွစ္ဆန္း ၁ ရက္ေန႔ တံျမက္စည္း မလွည္းပါနဲ႔။ လွည္းရင္ အဲ့ႏွစ္ လာဘ္ပိတ္ပါတယ္။

ညအိပ္ ညေန ဧည့္ေကာင္း ျပန္ရင္ ခ်က္ခ်င္း တံျမက္စည္း ထ မလွည္းပါနဲ႔။

လွည္းရင္ အဲ့ ဧည့္သည္ ေနာက္တစ္ခါ မလာေတာ့ပါ။

ဧည့္ဆိုးျပန္ရင္ ေနာက္မလာေအာင္ ခ်က္ခ်င္းသာ ထလွည္းပါ။

ညအခ်ိန္ တံျမက္စည္းမလွည္းပါနဲ႔။ မျဖစ္မေနလွည္းရရင္ အိမ္ထဲက အိမ္ျပင္ကို လွည္းထုတ္ပါ။

နာေရးရွိရင္ ပထမသုံးရက္ တံျမက္စည္း မလွည္းရပါဘူး။

ေသသူ ဝိဉာဏ္ကို အိမ္ေစာင့္နတ္‌ေတြ ႏွင္ထုတ္ပါတယ္။

တံျမက္စည္း ေျပာင္းျပန္ေထာင္ထားရင္ သူမ်ား မေကာင္းႀကံလို႔ မရပါဘူး။

လာဘ္လာဘလည္း ရပါတယ္။ ညအိပ္ခ်ိန္ တံခါးအတြင္းဘက္မွာ

တံျမက္စည္ းေျပာင္းျပန္ေထာင္ထားလၽွင္ သူခိုး ကပ္မရပါဘူး။ အိပ္ေမြ႕ခ်မရ။

တံျမက္စည္းအေဟာင္းကို အိမ္သစ္ သယ္မသြားပါနဲ႔။ မျမင္ရတာေတြ လိုက္သြားပါတယ္။

အိမ္သစ္မတက္ခင္ တံျမက္စည္းအသစ္ အရင္၀ယ္ၿပီး သြားပို႔ထားပါ။

လူတိုင္းသိထားသင့္တဲ့ သတိမမူမိၾကတဲ့ တံျမက္စည္းအေၾကာင္းပါ။

credit