ဗဟုသုတ

ဝတ်ထားတဲ့လက်စွပ် ချွတ်မရတဲ့အခါ ဒီနည်းလမ်းလေးအတိုင်း ဖြေရှင်းကြည့်ပါ

မထင်မှတ်ထားတဲ့ဒုက္ခတွေထဲမှာ ဝတ်ထားတဲ့လက်စွပ် ချွတ်မရတာလည်း ပါ, ပါတယ်။ မိတ်ဆွေတို့ရော အခုလိုအဖြစ်မျိူးကြုံဘူးကြလား..?

ကြုံဖူးတယ်ဆိုရင်လည်း ဘယ်လိုနည်းလမ်းနဲ့ အဆင်ပြေသွားလဲဆိုတာ Comment မှာ မျှဝေပေသွားကြဖို့အကြံပြုပါတယ်။ အခုအလိုမျိူး ကြုံလာတဲ့အခါ

လွယ်လွယ်ကူကူနဲ့ဖြေရှင်းလို့ရတဲ့ နည်းလမ်းလေးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးပါမယ်။

အပ်ချည်အစလေးကို လက်စွပ်ကိုချည်ပြီး အဆစ်ပေါ်ကျော်လွန်လာတဲ့အထိ့ ဖြည်းဖြည်းချင်း စေ့စပ်စွာ ရစ်ပတ်လာခဲ့ပါ။

၃မိနစ်ခန့်ကြာသောအခါ အပ်ချည်ကိုပြန်ဖြည်ကြည့်ပါက ဖူးမောက်နေသော အသားများဟာ သေးသိမ်သွားပြီး ချွတ်ရန်ခက်ခဲနေသော

မိမိ၏လက်စွပ်ကို အေးဆေးလွယ်ကူစွာဖြင့် ရရှိသွားစေမှာ ဖြစ်ပါတယ်။

Credit – ဘ၀ခါးခါး

Zawgyi ဖြင့်ဖတ်ပါ







