ၾကားသိရသမွ်

ႏိုင္ငံတစ္၀န္း ၉ နာရီ ၁၄ မိနစ္မွစပီး မီးေတြပ်က္ရတဲ့ အေၾကာင္းရင္း

ႏိုင္ငံတစ္၀န္း ၉ နာရီ ၁၄ မိနစ္မွစပီး မီးေတြပ်က္ရတဲ့ အေၾကာင္းရင္း

ရန္ကုန္အပါအဝင္ နိုင္ငံတစ္ဝန္း System Break Down ျဖစ္၍ မီးပ်က္ေန

ရန္ကုန္၊ ေအာက္တိုဘာ ၁၃

ရန္ကုန္အပါအဝင္ နိုင္ငံတစ္ဝန္း System Break Down ျဖစ္၍ လၽွပ္စစ္မီးမ်ား ျပတ္ေတာက္ေနေၾကာင္း

စစ္ကိုင္းၿမိဳ႕ လၽွပ္စစ္ဓာတ္အားေပးေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္

လက္ရွိတြင္ လၽွပ္စစ္မီးျပတ္ေတာက္မႈမ်ား ယေန႔ နံနက္ ၉ နာရီ ၁၄ မိနစ္ဝန္းက်င္အခ်ိန္မွစတင္၍

တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ စတင္ျဖစ္ပြားျခင္းျဖစ္ၿပီး မီးျပန္လည္ ရရွိမည့္အခ်ိန္ကို မသိရွိေသးဟု ၎က ဆိုသည္။

“မဟာဓာတ္အားလိုင္း အျပစ္ျဖစ္တယ္လို႔ သိရတယ္။ ဘယ္နားကျဖစ္လဲ မသိဘူးဗ်။

ဘယ္ေလာက္ၾကာမလဲလည္း မသိပါဘူး။

စစ္ကိုင္းတစ္ခုတည္းမဟုတ္ဘူး။ တစ္နိုင္ငံလုံးျဖစ္တာပါ” ဟု စစ္ကိုင္းလၽွပ္စစ္ဓာတ္အားေပးေရးအဖြဲ႕မွ တာဝန္ရွိသူက ဆိုသည္။

unicode

နိုင်ငံတစ်ဝန်း ၉ နာရီ ၁၄ မိနစ်မှစပီး မီးတွေပျက်ရတဲ့ အကြောင်းရင်း

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း System Break Down ဖြစ်၍ မီးပျက်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း System Break Down ဖြစ်၍ လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း

စစ်ကိုင်းမြို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်

လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ယနေ့ နံနက် ၉ နာရီ ၁၄ မိနစ်ဝန်းကျင်အချိန်မှစတင်၍

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး မီးပြန်လည် ရရှိမည့်အချိန်ကို မသိရှိသေးဟု ၎င်းက ဆိုသည်။

“မဟာဓာတ်အားလိုင်း အပြစ်ဖြစ်တယ်လို့ သိရတယ်။ ဘယ်နားကဖြစ်လဲ မသိဘူးဗျ။

ဘယ်လောက်ကြာမလဲလည်း မသိပါဘူး

စစ်ကိုင်းတစ်ခုတည်းမဟုတ်ဘူး။ တစ်နိုင်ငံလုံးဖြစ်တာပါ” ဟု စစ်ကိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။