ၾကားသိရသမွ်

ရန်ကုန်တွင် ဩဂုတ် ၃ ရက်ကစတင်ပြီး တစ်အိမ်ထောင်ကို ရောင်းပေးမယ့် ဆန်တစ်အိတ်ဈေးနှုန်းများ…

ရန်ကုန်မြို့မှာ ဩဂုတ် ၃ ရက်ကစတင်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကသိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး

ထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ရောင်းချပေးသွားမှာြဖစ်တယ်လို့ သိရပါတယ်။

ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် ၅၂,၀၀၀ ကနေ ကျပ် ၅၅,၀၀၀ ကြား၊ ကြားပျံတစ်အိတ်ကို

ကျပ် ၅၅,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ်၇၅,၀၀၀ ကနေ ကျပ် ၇၇,၀၀၀ ကြား၊

ရက်(၉၀)အမျိုးအစား တစ်အိတ်ကို ကျပ် ၃၅,၀၀၀ ကနေ ကျပ် ၃၇,၀၀၀ ကြား ရောင်းချပေးသွားမှာြဖစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၃ ရက်ကစတင်ပြီး ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဝါးတန်းဆိပ်ကမ်းနယ်မြေမှာ နေ့စဉ်မနက်(၉)နာရီ ကနေ ညနေ(၃)နာရီခွဲအထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုရောင်းပေးမယ့် ဈေးနှုန်းတွေဟာ ပြင်ပလက်လီပေါက်ဈေးထက် အတိုင်းအတာတစ်ခုအထိ လျော့နည်းသက်သာတာကိုလည်း တွေ့ရပါတယ်။

CREDIT

Zawgyi Version ဖြင့်ဖတ်ရန်

ရန်ကုန်တွင် ဩဂုတ် ၃ ရက်ကစတင်ပြီး တစ်အိမ်ထောင်ကို ရောင်းပေးမယ့် ဆန်တစ်အိတ်ဈေးနှုန်းများ…

ရန်ကုန်မြို့မှာ ဩဂုတ် ၃ ရက်ကစတင်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချ ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကသိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး

ထုတ်လုပ်သူများအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် ၅၂,၀၀၀ ကနေ ကျပ် ၅၅,၀၀၀ ကြား၊ ကြားပျံတစ်အိတ်ကို

ကျပ် ၅၅,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ်၇၅,၀၀၀ ကနေ ကျပ် ၇၇,၀၀၀ ကြား၊

ရက်(၉၀)အမျိုးအစား တစ်အိတ်ကို ကျပ် ၃၅,၀၀၀ ကနေ ကျပ် ၃၇,၀၀၀ ကြား ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။