ၾကားသိရသမွ်

အချစ်ဆုံးသူငယ်ချင်းလေးမှာ မင်္ဂလာဆောင်သွား၍ ဝမ်းနည်းစွာငိုခဲ့သော မိန်းကလေး

လူတိုင်းသည် ကလေးဘဝထဲကနေ အရွယ်ရောက်သည်ထိ ဆိုးတူကောင်းဖက် ဆော့ဖော်ဆော့ဖက် သူငယ်ချင်းတစ်ယောက်လောင်တော့ရှိဖူးကြမှာပါ။

ထိုသို့ ရင်ဖွင့်စရာ အားကိုးစရာ သူငယ်ချင်းလေးက ရုတ်တရက် ကိုယ့်အနားမှာ မရှိတော့တဲ့ချိန် သို့မဟုတ် အိမ်ထောင်ပြုသွားသည့်ချိန်တွင် တစ်ယောက်တည်း အဖော်မဲ့သွား၍ မခွဲချင်ပဲ ဝမ်းနည်းစွာငိုကြွေးမိကြသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် အချစ်ဆုံးသူငယ်ချင်းဧ။် မင်္ဂလာပွဲတွင် သတို့သမီးလေးအား ဖက်ပြီး အားရစွာငိုခဲ့သည်။

သူတို့နှစ်ဦးမှာ ငယ်ငယ်လေးတည်းက ပေါင်းလာကြပြီး ရုတ်တရက် ခွဲရမည့်အချိန်တွင် မခံစားနိုင်ပဲ ဝမ်းနည်းနေခဲ့သည်။ထို့နောက် မင်္ဂလာပွဲသို့သွားရောက်၍ သစ္စာဖောက် အကျင့်မကောင်းပူး ယောကျာ်းစောစောယူတယ် ဟုဆိုကာ စူပုတ်ပြီး စိတ်ဆိုးနေခဲ့သည်။

ထို့အတူ သတို့သမီးဖြစ်သူမှ သူငယ်ချင်းလေးအား နှစ်သိမ့်ပေးလေလေ ပိုပြီးဝမ်းနည်းရ၍ ငိုချင်လေလေဖြစ်နေသော မိန်းကလေးဧ။် မြင်ကွင်းမှာ လူမှုကွန်ယက်တွင် ပျံ့နှံ့သွားကာ စာနာမိကြသည်။

Credit

zawgyi






Credit