ထိုင်းမင်းသမီး “တန်မို” ရဲ့အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ထိုင်းနာမည်ကြီးရှေ့နေ “ထနိုင်သန့်”ကို တန်မို ရဲ့ မိခင်ဖြစ်သူက ဒီကနေ့မနက်မှာ စာတစ်ဆောင်ပေးပို့ခဲ့ပါတယ်။
တန်မို ရဲ့ မိခင်က စာထဲမှာဘာတွေ ရေးထားလည်း အတိုချုပ်ပြောရရင် “နင့်သောက်ပူမပါဘူး ကွကိုယ် အေးဆေးနေ၊ နင့်ကိုငှါးမထားပဲ ဝင်မပါနဲ့” ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရေးထားပါတယ်တဲ့ဗျာ။
မင်းသမီးပျောက်ဆုံးပြီး နောက်နေ့မှာ လှေပေါ်ပါသူတွေဟာ ရဲစခန်းကိုထွက်ဆိုချက်သွားမပေးခင်မှာ ရှေ့နေ “ထနိုင်သန့်” ကို သူတို့ဘက်က ဆောင်ရွက်ပေးဖို့ သွားရောက် ငှါးရမ်းခဲ့ပေမယ့် ရှေ့နေကလက်မခံပဲ မင်းသမီးရဲ့ အကိုဖြစ်သူနဲ့ ပူးပေါင်းပြီး မင်းသမီးဘက်က လိုက်ပါဆောင်ရွက် ပေးခဲ့သူဖြစ်ပါတယ်။
ရှေ့နေ “ထနိုင်သန့်” ကို မီဒီယာတွေက အင်တာဗျူးတဲ့အခါမှာတော့ ” သူဘာပြောပြော ကျနော်ဆက်လုပ်မှာပါ။ ကျနော်လုပ်နေတာ တန်မို အတွက်ပါ၊ သူ့အမေအတွက်မဟုတ်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ကြောင်းပါခင်ဗျား……
ကျောက်ဖုရားမြစ်ထဲ ပြုတ်ကျသေဆုံးသွားခဲ့တဲ့ ထိုင်းမင်းသမီး “တန်မိုနိဒါ” ရဲ့ ဖြစ်စဉ်ဇာတ်လမ်း အကျဉ်း
အသက် ၃၇ နှစ်အရွယ် “တန်မို” ဟာ ထိုင်းအလှမယ်ပြိုင်ပွဲတွေကနေတဆင့် Thai TV Channel 7 ရုပ်သံလိုင်းဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
မင်းသမီး “တန်မို”ဟာ နာမည်ကြီး ထိုင်းမင်းသားတစ်ယောက်နဲ့ အိမ်ထောင်ကျဖူးပြီးတော့ ၄င်းအိမ်ထောင်နဲ့ နှစ်အနည်းငယ်မှာပဲ ကွာရှင်းခဲ့ကြပါတယ်။ ယခု သူမသေဆုံးချိန်မှာတော့ သူမမှာ သာမာန်လူတန်းစား ထဲကပဲ ချစ်သူတစ်ဦး ရှိနေပါတယ်။
တန်မို ဟာ ကားအက်စီးဒင့် တစ်ကြိမ်၊ အိပ်ဆေး အလွန်အကျွံ သောက်ပြီးတစ်ကြိမ် အသက်ဘေးကနေ နှစ်ကြိမ် လွတ်မြောက်လာခဲ့တဲ့သူပါ။သူမမှာ “ကသစ်” ဆိုတဲ့ အရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိပြီး သူမရဲ့ အဓိက မန်နေဂျာအဖြစ် သူမအနားမှာ ဆောင်ရွက်နေသူပါ။
မင်းသမီး တန်မိုဟာ သူ့ရဲ့သူငယ်ချင်းလည်းဖြစ် မန်နေဂျာလည်းဖြစ်တဲ့ ကသစ် ကို အရမ်းယုံကြည်အားကိုးပြီးတော့ “ကသစ်” မွေးထားတဲ့သမီးလေးကိုပါ သူမရဲ့ သမီးအရင်းတစ်ယောက်လို ချစ်တယ်လို့ သိရပါတယ်။ သူမရဲ့ အသက်အာမခံ ဆက်ခံသူကိုပါ ၄င်းမန်နေဂျာ ကသစ် ရဲ့သမီးလေးနာမည်နဲ့ ထားထားတာပါ။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညနေမှာတော့ မန်နေဂျာ “ကသစ်” ရဲ့ ထွက်ဆိုချက်အရ မင်းသမီး တန်မို နဲ့ မန်နေဂျာ ကသစ် တို့ဟာ အခြား အမျိုးသမီးတစ်ဦး အမျိုးသား သုံးဦးတို့နဲ့အတူ ကျောက်ဖုရားမြစ်အတွင်း စပိဘုတ် အပျော်စီးရန် သွားခဲ့ပါတယ်။
ည ၁၀:၃၀ အချိန်မှာတော့ မင်းသမီး တန်မိုဟာ အပေါ့သွားချင်သဖြင့် လှေအနောက်တွင် အပေါ့သွားရင်းလှေပေါ်က ပြုတ်ကျ ပျောက်ဆုံးသွားခဲ့ပါတယ်။ ( လှေပေါ်ပါသူများရဲ့ထွက်ဆိုချက်)
မင်းသမီး ပြုတ်ကျ ပျောက်ဆုံးပြီး နှစ်ရက်မြောက်နေ့မှာတော့ မင်းသမီးရဲ့ ရုပ်အလောင်းဟာ ရေပေါ်ပေါ်လာခဲ့ပြီး မင်းသမီးသေဆုံးကြောင်း အတည်ပြုခဲ့ပါတော့တယ်…..
မင်းသမီး သေဆုံးချိန်မှာ မိခင်တစ်ဦး နှင့် အကိုတစ်ဦးကျန်ခဲ့ပြီး ဖခင်ဖြစ်သူကလွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဖခင် ဖြစ်သူနဲ့ မိခင်ဖြစ်သူဟာ သူမသုံးနှစ်အရွယ်ကပင် ကွာရှင်းထားခဲ့တာဖြစ်ပြီး တန်မို ဟာ ဖခင်ဖြစ်သူနဲ့သာ အတူနေထိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုလက်ရှိအချိန်မှာတော့ မင်းသမီးသေဆုံးမှုဖြစ်စဉ်မှာ မသင်္ကာဖွယ်ရာ အချက်တွေ တွေ့ရှိတာကြောင့် ထိုင်းအထူးစုံစမ်းရေး ရဲအဖွဲ့တွေက အမှုကိုစစ်ဆေးလျက်ရှိပြီး ထိုင်းနိုင်ငံမှာ လူအများ စိတ်ဝင်စားလျက်ရှိတဲ့ အမှုတစ်ခု ဖြစ်လျက်နေကြောင်းပါ ခင်ဗျား……
Credit;ChanNyeinSoe
#watermelon #thaiactress