လက်ရှိ အခြေအနေကြောင့် ယူကရိန်းသမ္မတ ရိုက်ကူထားတဲ့Servant Of The Peopleဟာသဇာတ်လမ်းတွဲကို…..seemore
ယူကရိန်းသမ္မတ ဇာတ်ကောင်နေရာ၌ (လက်ရှိယူကရိန်းသမ္မတ) ဗိုလိုဒီမာဇယ်လန်းစကီး ပါဝင်သရုပ်ဆောင်ထားသည့် ဟာသရုပ်သံဇာတ်လမ်းတွဲ Servant Of The People ပြသခွင့်ကို နိုင်ငံတကာ ရုပ်သံ ကုမ္ပဏီများက သိမ်းကျုံးဝယ်ယူလျှက်ရှိသည်။
အပိုင်း ၅၁ ပိုင်းကို Season သုံးပိုင်းဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာတွင် စတင်ပြသခဲ့သည့် ၎င်းဇာတ်လမ်းတွဲတွင် ဟာသသရုပ်ဆောင် ဇယ်လန်းစကီးက အထက်တန်းကျောင်းဆရာ ပက်ထရိုဗစ်ချ် ဂိုလိုဘိုရော့ကို နေရာမှ အစိုးရ၏ အကျင့်ပျက်ခြစားမှုကို သူက ရှုတ်ချပြောကြားထားသည့် ဗီဒီယိုသည် ကျောင်းသားတစ်ဦးထံ မှတစ်ဆင့် ပျံ့နှံ့သွားပြီးနောက် သမ္မတနေရာအထိ တက်လှမ်းသွားပုံကို သရုပ်ဆောင်ထားသည်။
ဂိုလိုဘိုရော့ကိုသည် ခေါင်းဆောင်ဖြစ် လာသော်လည်း အကျိုးခံစားခွင့်များကိုမယူဘဲ ပုံမှန်ဘဝဖြင့်သာ တိုင်းပြည်ကို ဦးဆောင်ခဲ့သည်။ ယူကရိန်းတွင်လူကြိုက်များခဲ့သည့် ဇာတ်လမ်းတွဲဖြစ်ပြီး လက်ရှိရုရှား၏တိုက် ခိုက်မှုရန်ကို ကြံ့ကြံ့ခံရင်ဆိုင်နေသူအဖြစ် သူ့ကိုမြင်လာရပြီးနောက် ၎င်းဇာတ်လမ်းတွဲ အပေါ်လူစိတ်ဝင်စားမှု ပိုများလာခဲ့သည်။
ဇာတ်လမ်းတွဲကို ဇယ်လန်းစကီး၏စတူဒီယို Kvartel 9 5 က ထုတ်လုပ်ပြီး Eccho Rights မီဒီယာကုမ္ပဏီက ဖြန့်ဖြူးပေးခဲ့ကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Servant Of The People ရောင်းချရမှုသိသိသာသာ မြင့်တက် လာသည်ဟု ကုမ္ပဏီက ဆိုသည်။
“ ဇာတ်လမ်းက တော်တော်ဟောင်းနေပါပြီ။ ဒါပေမဲ့ လက်ရှိအခြေအနေတွေကြောင့် အားလုံးက အရမ်းကို စိတ်ဝင်စားလာကြတယ်။ လူရွှင်တော်တစ်ဦးက နိုင်ငံရေးသမား ဖြစ်နိုင်တယ်ဆိုတာကို လူတွေက အံ့သြ ကြတယ်။ဒါပေမဲ့ သူတကယ်လုပ်နိုင်ခဲ့တယ်” ဟုလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ဗြိတိန်တွင် Servant Of The People ပြသခွင့်ကို Channel 4 က ရထားပြီး လာမည့် မတ် ၆ ရက်တွင် စတင်ထုတ်လွှင့်ရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။ ထို့ပြင် သမ္မတဇယ်လန်းစကီး အကြောင်းကို နောက်အစီ အစဉ်တစ်ခုလည်း ပြဦးမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းတွင်ပြသခွင့်ကို MBC ၊ ရိုမေးနီးယားတွင် ANT 1 နှင့် PRO TV တို့က Eccho Rights နှင့်သဘောတူ စာချုပ်ချုပ်ထားပြီး ဘူဂေးရီးယား၊ မော်ဒိုဗာ၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ဖင်လန်နှင့် ဂျော်ဂျီယာ စသည့်နိုင်ငံများမှ ရုပ်သံကုမ္ပဏီများနှင့်လည်း သဘောတူမှု ရထားသည်။ အမေရိကန်တွင်မူ မည်သည့်ရုပ်သံက ပြသခွင့် ရထားသည်ကို မသိရသေးပေ။
Eccho Rights က ယူကရိန်းကြက်ခြေ နီအသင်းကို ယူရိုငါးသောင်းလည်း လှူဒါန်း ထားပြီး မည်သည့်ရုရှားရုပ်သံဇာတ်လမ်းတွဲ ကိုမျှ ဖြန့်ဖြူးပေးမည်မဟုတ်တော့ပေ။
Servant Of The People သည် ယူက ရိန်းရှိ Teletriumph Awards ဆုပေးပွဲ၌ အကောင်းဆုံးဖီချာဇာတ်လမ်းတွဲဆု ဆွတ် ခူးထားကာ ၂၀၁၆ ခုနှစ်က WorldFest Houston နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် လည်း Gold Remi ဆုရခဲ့သည်။
news-eleven