ၾကားသိရသမွ်

မန္တလေး KBZ ဘဏ်ခွဲတစ်ခု မီးရှို့ခံရ ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး seemore

မန္တလေး KBZ ဘဏ်ခွဲတစ်ခု မီးရှို့ခံရ ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဘဏ်အကောင့်များ ပိတ်ပင်

မန္တလေး KBZ ဘဏ်ခွဲတစ်ခု မီးရှို့ခံရ ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ဘဏ်အကောင့်များ ပိတ်ပင်ခဲ့မှုနှင့် စစ်တပ်ဒေါက်တိုင်အဖြစ် ရပ်တည်နေ၍ ဆက်လက် တိုက်ခိုက်ရန်ရှိရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးမြို့ ၊ လမ်း ၃၀ ၊ ၃၁ လမ်းနှင့် ၈၉ လမ်းရှိ ကမ္ဘောဇဘဏ်ကို ယနေ့ ညနေ ၆ နာရီ ၄၈ မိနစ်အချိန် မီးရှို့မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး စစ်တပ်၏ ဒေါက်တိုင်အဖြစ်

ရပ်တည်၍ ပြည်သူများ၏ ဘဏ်အကောင့်များကို ပိတ်ပင်ခဲ့မှုကြောင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဒေသပျောက်ကျားတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

“မီးကတော့ ငြိမ်းသွားပါပြီ။ ညနေ ၆ နာရီ ၄၈ မိနစ်က ရှို့တာပါ။ စစ်ကောင်စီဒေါက်တိုင်တွေကို ဖယ်ရှားသွားမှာဖြစ်ပါတယ်” ဟု မန္တလေး တော်လှန်ရေး လူငယ်တစ်ဦးကပြောသည်။

မန္တလေး KBZ ဘဏ်ခွဲကို JMPDF နှင့် MDY PDF က ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးအခြေစိုက် Ranger of Mandalay က စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ရပ်တည်ပြီး ပြည်သူများ၏ ဘဏ်အကောင့်များကို ပိတ်ပင်ထားသည့် KBZ ဘဏ်ကို တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် မီးရှို့မှုစတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Credit






