မကြာသေးမီက အသက် ၈၀ အရွယ် ဖိလစ်ပိုင်အဘိုးတစ်ဦးဟာ ဟိုးရှေးရှေးတုန်းက သူစိုက်ထားခဲ့တဲ့ သရက်သီးပင်က သရက်သီးတွေကိုခူးယူခဲ့လို့ ၎င်းခြံပိုင်ရှင်က အဘိုးအား ရဲစခန်းသို့ပို့ပစ်ခဲ့ပါတယ်။
ထို့ကြောင့် နာမည်ကြီးတွေ ၊ vlogger တော်တော်များများနဲ့ အငြင်းပွားဖွယ်စရိုက်ရှိတဲ့ Xian Gaza ကတောင် အဆိုပါအဘိုးကို အကူအညီတစ်ခုပေးဖို့ ရောက်လာခဲ့ကြပြီး တခြားလူတွေအားလုံးကလည်း ဒီအသက်အရွယ်နဲ့အဘိုးအား ထောင်ထဲပို့လိုက်တဲ့ အဆိုပါအကြင်နာမဲ့သူ ခြံပိုင်ရှင်ရဲ့ လက္ခဏာကို သိချင်နေခဲ့ကြပါတယ်။
သင့်အနေနဲ့ကော သင့်အိမ်က အသီးအနှံတွေယူလို့ လူတယောက်ကို ထောင်ထဲပို့မှာလားဗျာ။ ဒါပေမဲ့ အခုအခြေအနေပေါ်မူတည်ပြီး ခြံထဲက သူ့သရက်သီးတချို့ကိုခူးခဲ့တဲ့ အဘိုးကြီးတစ်ယောက်ကို ထောင်ထဲပို့ခဲ့တဲ့ ခြံပိုင်ရှင်အား အင်တာနက်သုံးစွဲသူတွေနဲ့ နာမည်ကြီးတွေက စုပေါင်းပြီး တိုက်ခိုက်နေကြပါပြီ။
“ သူတို့က ခြံစည်ရိုးခတ်လိုက်တာသိပေမဲ့ အဲ့သရက်သီးပင်ကို ကျွန်တော်စိုက်ခဲ့လို့ ကျွန်တော် ၁၀ ကီလိုအောက်လောက် ခူးခဲ့တယ် ” လို့ အဆိုပါ သရက်သီးခိုးယူမှုဖြင့် အကျဉ်းထောင်ရောက်သွားတဲ့ Lolo Narding Floro အမည်ရှိအဘိုးက ပြောပြခဲ့ပါတယ်။
အဘိုး Lolo ဟာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့က Pangasinan ပြည်နယ်၊ Asingan ခရိုင်တွင် ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ အဲဒီအပင်ကို သူစိုက်ခဲ့ပြီး သူပိုင်တယ်လို့ ထင်ခဲ့ပေမယ့် တစ်စုံတစ်ယောက်က အဲဒီနေရာကို ပိုင်တယ်လို့ သူ့အား အခိုင်အမာပြောခဲ့ပြီး ခြံပတ်ပတ်လည်မှာ ခြံစည်းရိုးခတ်ထားခဲ့ပါတယ်။
ဒါပေမယ့် အဘိုးက ၎င်းအပင်ကို သူပိုင်သေးတယ်လို့ထင်နေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ခြံပိုင်ရှင်အသစ်က အဘိုးရဲ့ရှင်းပြချက်ကို လက်မခံဘဲ သူရလာတဲ့ သရက်သီးအတွက် php 6,000 ကောက်ခံဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ထို့ကြောင့် အဘိုးက ပိုက်ဆံမပေးနိုင်လို့ အဘိုးအား ထောင်ထဲပို့ခဲ့တာပါ။
နောက်ပိုင်းတွင် အဘိုး Lolo Narding လွတ်မြောက်ရေးအတွက် တရားရုံးက အာမခံငွေ php ၆၀၀၀ ချမှတ်ခဲ့သော်လည်း သူ့မှာ ပိုက်ဆံမရှိတဲ့အတွက်ကြောင့် Asingan ရဲစခန်းမှ ရဲတပ်သားများက ၎င်းအတွက် ပေးဆောင်ရန် ကိုယ်ပိုင်ငွေများ ထည့်ဝင်ခဲ့ကြပါတယ်။ သို့ပေမဲ့လည်း အဆိုပါဧရိယာဟာ သတိပေးချက်အဆင့် 3 တွင်ရှိနေတဲ့အတွက်ကြောင့် ၎င်းအမှုအတွက် ထုတ်ပြန်ချက်စာတမ်းများကို လက်မှတ်မထိုးရသေးပါဘူး။
ဒါပေမယ့် ဒေါသထွက်နေတဲ့ အင်တာနက်သုံးစွဲသူတွေနဲ့ နာမည်ကြီးတွေက ဒီအဘိုးကို သရက်သီးနဲ့ ထောင်ချတဲ့အတွက် တရားမျှတမှုကို ရှာဖွေရာမှာ ကူညီပေးမယ်လို့ ကတိပြုခဲ့ကြပါတယ်။
ထို့ပြင် Xian Gaza ဆိုတဲ့ နာမည်ကြီးစီးပွါးရေးသမားနှင့် social influencer တစ်ဦးက ” သူခူးတဲ့ သရက်သီးအနည်းငယ်ကြောင့် အဘိုး Lolo Narding ကို တရားစွဲထားတဲ့သူကို ငါရှာမယ်။ ကြည့်နေဦး ။ ငါရှာလို့တွေ့ရင် သူ့ကို ဖိလစ်ပိုင်တစ်ပြည်လုံးနဲ့ မိတ်ဆက်ပေးအုံးမယ် ” လို့ ကတိသစ္စာပြုဆိုခဲ့ပါသေးတယ်။
Mia (KB Chimmy One)
Reference : rachfeed
မၾကာေသးမီက အသက္ ၈၀ အရြယ္ ဖိလစ္ပိုင္အဘိုးတစ္ဦးဟာ ဟိုးေရွးေရွးတုန္းက သူစိုက္ထားခဲ့တဲ့ သရက္သီးပင္က သရက္သီးေတြကိုခူးယူခဲ့လို႔ ၎ၿခံပိုင္ရွင္က အဘိုးအား ရဲစခန္းသို႔ပို႔ပစ္ခဲ့ပါတယ္။ ထို႔ေၾကာင့္ နာမည္ႀကီးေတြ ၊ vlogger ေတာ္ေတာ္မ်ားမ်ားနဲ႔ အျငင္းပြားဖြယ္စရိုက္ရွိတဲ့ Xian Gaza ကေတာင္ အဆိုပါအဘိုးကို အကူအညီတစ္ခုေပးဖို႔ေရာက္လာခဲ့ၾကၿပီး တျခားလူေတြအားလုံးကလည္း ဒီအသက္အရြယ္နဲ႔အဘိုးအား ေထာင္ထဲပို႔လိုက္တဲ့ အဆိုပါအၾကင္နာမဲ့သူ ၿခံပိုင္ရွင္ရဲ့ လကၡဏာကို သိခ်င္ေနခဲ့ၾကပါတယ္။
သင့္အေနနဲ႔ေကာ သင့္အိမ္က အသီးအႏွံေတြယူလို႔ လူတေယာက္ကို ေထာင္ထဲပို႔မွာလားဗ်ာ။ ဒါေပမဲ့ အခုအေျခအေနေပၚမူတည္ၿပီး ၿခံထဲက သူ႔သရက္သီးတခ်ိဳ႕ကိုခူးခဲ့တဲ့ အဘိုးႀကီးတစ္ေယာက္ကို ေထာင္ထဲပို႔ခဲ့တဲ့ ၿခံပိုင္ရွင္အား အင္တာနက္သုံးစြဲသူေတြနဲ႔ နာမည္ႀကီးေတြက စုေပါင္းၿပီး တိုက္ခိုက္ေနၾကပါၿပီ။
“ သူတို႔က ၿခံစည္ရိုးခတ္လိုက္တာသိေပမဲ့ အဲ့သရက္သီးပင္ကို ကၽြန္ေတာ္စိုက္ခဲ့လို႔ ကၽြန္ေတာ္ ၁၀ ကီလိုေအာက္ေလာက္ ခူးခဲ့တယ္ ” လို႔ အဆိုပါ သရက္သီးခိုးယူမႈျဖင့္ အက်ဥ္းေထာင္ေရာက္သြားတဲ့ Lolo Narding Floro အမည္ရွိအဘိုးက ေျပာျပခဲ့ပါတယ္။
အဘိုး Lolo ဟာ ၿပီးခဲ့သည့္ ဇန္နဝါရီ ၁၃ ရက္ေန႔က Pangasinan ျပည္နယ္၊ Asingan ခရိုင္တြင္ ဖမ္းဝရမ္းျဖင့္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ပါတယ္။ အဲဒီအပင္ကို သူစိုက္ခဲ့ၿပီး သူပိုင္တယ္လို႔ ထင္ခဲ့ေပမယ့္ တစ္စုံတစ္ေယာက္က အဲဒီေနရာကို ပိုင္တယ္လို႔ သူ႔အား အခိုင္အမာေျပာခဲ့ၿပီး ၿခံပတ္ပတ္လည္မွာ ၿခံစည္းရိုးခတ္ထားခဲ့ပါတယ္။
ဒါေပမယ့္ အဘိုးက ၎အပင္ကို သူပိုင္ေသးတယ္လို႔ထင္ေနခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ၿခံပိုင္ရွင္အသစ္က အဘိုးရဲ့ရွင္းျပခ်က္ကို လက္မခံဘဲ သူရလာတဲ့ သရက္သီးအတြက္ php 6,000 ေကာက္ခံဖို႔ ဆႏၵရွိေနခဲ့ပါတယ္။ ထို႔ေၾကာင့္ အဘိုးက ပိုက္ဆံမေပးနိုင္လို႔ အဘိုးအား ေထာင္ထဲပို႔ခဲ့တာပါ။
ေနာက္ပိုင္းတြင္ အဘိုး Lolo Narding လြတ္ေျမာက္ေရးအတြက္ တရား႐ုံးက အာမခံေငြ php ၆၀၀၀ ခ်မွတ္ခဲ့ေသာ္လည္း သူ႔မွာ ပိုက္ဆံမရွိတဲ့အတြက္ေၾကာင့္ Asingan ရဲစခန္းမွ ရဲတပ္သားမ်ားက ၎အတြက္ ေပးေဆာင္ရန္ ကိုယ္ပိုင္ေငြမ်ား ထည့္ဝင္ခဲ့ၾကပါတယ္။ သို႔ေပမဲ့လည္း အဆိုပါဧရိယာဟာ သတိေပးခ်က္အဆင့္ 3 တြင္ရွိေနတဲ့အတြက္ေၾကာင့္ ၎အမႈအတြက္ ထုတ္ျပန္ခ်က္စာတမ္းမ်ားကို လက္မွတ္မထိုးရေသးပါဘူး။
ဒါေပမယ့္ ေဒါသထြက္ေနတဲ့ အင္တာနက္သုံးစြဲသူေတြနဲ႔ နာမည္ႀကီးေတြက ဒီအဘိုးကို သရက္သီးနဲ႔ ေထာင္ခ်တဲ့အတြက္ တရားမၽွတမႈကို ရွာေဖြရာမွာ ကူညီေပးမယ္လို႔ ကတိျပဳခဲ့ၾကပါတယ္။
ထို႔ျပင္ Xian Gaza ဆိုတဲ့ နာမည္ႀကီးစီးပြါးေရးသမားႏွင့္ social influencer တစ္ဦးက ” သူခူးတဲ့ သရက္သီးအနည္းငယ္ေၾကာင့္ အဘိုး Lolo Narding ကို တရားစြဲထားတဲ့သူကို ငါရွာမယ္။ ၾကည့္ေနဦး ။ ငါရွာလို႔ေတြ႕ရင္ သူ႔ကို ဖိလစ္ပိုင္တစ္ျပည္လုံးနဲ႔ မိတ္ဆက္ေပးအုံးမယ္ ” လို႔ ကတိသစၥာျပဳဆိုခဲ့ပါေသးတယ္။
Mia (KB Chimmy One)
Reference : rachfeed