ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခဲ့ကြောင်း တရားလိုပြသက်သေအား စစ်ဆေးပေါ်ပေါက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇူလိုင် ၁၂)ရုံးချိန်းတွင် တရားလိုပြသက်သေအား စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောသည်။
၎င်းက”စစ်ဆေးပေါ်ပေါက်ချက်က သူတို့ရှာဖွေတဲ့အခါ မနက်၄နာရီလောက်မှာစပြီးဆက်သွယ်ရေးပစ္စည်းတွေကို ရှာတယ်ဆိုတဲ့အခါမှာ ရှာဖွေဝရမ်းမပါခဲ့ဘူးဆိုတာလည်း ပေါ်ပေါက်တယ်။ သူတို့မှာ ရှာဖွေပုံစံတွေလည်း မပါခဲ့ဘူးဆိုတာပေါ်ပေါက်တယ်”ဟုပြောသည်။
ယနေ့ရုံးချိန်းတွင် နိိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကိုစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နှင့်ပတ်သတ်ပြီး နေပြည်တော် ရွှေကြာပင်ရပ်ကွက်မှ တရားလိုပြသက်သေ ၁ ဦးကိုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နှင့်ပတ်သတ်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တရားလိုပြသက်သေ ၃ဦးကိုဆက်လက် စစ်ဆေးခဲ့ကြောင်းသိရသည်။
ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့နှင့် တွေ့ဆုံရာတွင် COVID-19 ဖြစ်ပွားမှုများနှင့် ပတ်သတ်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
“အမေက ကိုဗစ်နဲ့ ပတ်သတ်ပြီး အရမ်းစိတ်ပူနေတဲ့အတွက် အကုန်လုံးကိုမေတ္တာများများ ပို့ပေးနေတယ်ဆိုတဲ့အကြောင်းရယ် COVIDနဲ့ ပတ်သတ်ပြီး ပြည်သူက ပြည်သူကိုစောင့်ရှောက်ဖို့ စိတ်ဝမ်းမကွဲဖို့ အချင်းချင်းညီညွတ်ဖို့ပြောပါတယ်။
တယောက်နဲ့တယောက် စိတ်ရှည်လက်ရှည် စောင့်ရှောက်ကြဖို့လည်းပြောပါတယ်”ဟု ဒေါ်မင်းမင်းစိုးက ဆိုသည်။ထို့အပြင် ဦးဝင်းမြင့်ကလည်း COVIDနှင့်ပတ်သတ်ပြီး ပြည်သူများအတွက် စိတ်ပူနေကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မန္တလေးတိုင်းတရားရုံးတွင် အဂတိနှင့် ပတ်သတ်ပြီး အမှု ၄မှုဖြင့် ထပ်မံတရားစွဲခံထားရကြောင်း သိရသည်။
“အဂတိနဲ့က အမေတယောက်တည်းကို ၂မှု၊ အမေအပါအဝင် ဦးရဲမင်းဦးရယ် ဦးမင်းသူရယ်ပေါ့ ဒေါက်တာမျိုးအောင်ရယ် သူတို့ ၄ဦးက ၁မှု။ အမေအပါအဝင် နောက်ထပ် ၃ဦးနဲ့ ၄ဦးကို ၁မှု။ စုစုပေါင်း အမေက ၄မှု အဂတိနဲ့စွဲထားတာ”ဟု ၎င်းက ဆိုသည်။
အဆိုပါအမှုနှင့် ပတ်သတ်ပြီး ရုံးချိန်းကို ၂၂ရက်နေ့ ချိန်းဆိုထားပြီး ထိုနေ့တွင် ရှေ့နေပါဝါတင်ရန်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့်လည်း တရားရင်ဆိုင်နေရသည်။
News Watch မှကူးယူဝေမျှဖော်ပြပါသည်။
ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္သို႔ ရွာေဖြဝရမ္းမပါဘဲ ဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း တရားလိုျပသက္ေသအား စစ္ေဆးေပၚေပါက္
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္သို႔ ရွာေဖြဝရမ္းမပါဘဲ ဝင္ေရာက္ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း ယေန႔(ဇူလိုင္ ၁၂)႐ုံးခ်ိန္းတြင္ တရားလိုျပသက္ေသအား စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ေဒၚမင္းမင္းစိုးကေျပာသည္။
၎က”စစ္ေဆးေပၚေပါက္ခ်က္က သူတို႔ရွာေဖြတဲ့အခါ မနက္၄နာရီေလာက္မွာစၿပီးဆက္သြယ္ေရးပစၥည္းေတြကို ရွာတယ္ဆိုတဲ့အခါမွာ ရွာေဖြဝရမ္းမပါခဲ့ဘူးဆိုတာလည္း ေပၚေပါက္တယ္။ သူတို႔မွာ ရွာေဖြပုံစံေတြလည္း မပါခဲ့ဘူးဆိုတာေပၚေပါက္တယ္”ဟုေျပာသည္။
ယေန႔႐ုံးခ်ိန္းတြင္ နိိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္တို႔ကိုစြဲဆိုထားသည့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၂၅ႏွင့္ပတ္သတ္ၿပီး ေနျပည္ေတာ္ ေ႐ႊၾကာပင္ရပ္ကြက္မွ တရားလိုျပသက္ေသ ၁ ဦးကိုစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားသည့္ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ တို႔ႏွင့္ပတ္သတ္ၿပီး ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္မွ တရားလိုျပသက္ေသ ၃ဦးကိုဆက္လက္ စစ္ေဆးခဲ့ေၾကာင္းသိရသည္။
ယေန႔႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေနအဖြဲ႕ႏွင့္ ေတြ႕ဆုံရာတြင္ COVID-19 ျဖစ္ပြားမႈမ်ားႏွင့္ ပတ္သတ္ၿပီး အမွာစကားေျပာၾကားခဲ့ေၾကာင္း သိရသည္။
“အေမက ကိုဗစ္နဲ႔ ပတ္သတ္ၿပီး အရမ္းစိတ္ပူေနတဲ့အတြက္ အကုန္လုံးကိုေမတၱာမ်ားမ်ား ပို႔ေပးေနတယ္ဆိုတဲ့အေၾကာင္းရယ္ COVIDနဲ႔ ပတ္သတ္ၿပီး ျပည္သူက ျပည္သူကိုေစာင့္ေရွာက္ဖို႔ စိတ္ဝမ္းမကြဲဖို႔ အခ်င္းခ်င္းညီၫြတ္ဖို႔ေျပာပါတယ္။
တေယာက္နဲ႔တေယာက္ စိတ္ရွည္လက္ရွည္ ေစာင့္ေရွာက္ၾကဖို႔လည္းေျပာပါတယ္”ဟု ေဒၚမင္းမင္းစိုးက ဆိုသည္။ထို႔အျပင္ ဦးဝင္းျမင့္ကလည္း COVIDႏွင့္ပတ္သတ္ၿပီး ျပည္သူမ်ားအတြက္ စိတ္ပူေနေၾကာင္း သိရသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ မႏၲေလးတိုင္းတရား႐ုံးတြင္ အဂတိႏွင့္ ပတ္သတ္ၿပီး အမႈ ၄မႈျဖင့္ ထပ္မံတရားစြဲခံထားရေၾကာင္း သိရသည္။
“အဂတိနဲ႔က အေမတေယာက္တည္းကို ၂မႈ၊ အေမအပါအဝင္ ဦးရဲမင္းဦးရယ္ ဦးမင္းသူရယ္ေပါ့ ေဒါက္တာမ်ိဳးေအာင္ရယ္ သူတို႔ ၄ဦးက ၁မႈ။ အေမအပါအဝင္ ေနာက္ထပ္ ၃ဦးနဲ႔ ၄ဦးကို ၁မႈ။ စုစုေပါင္း အေမက ၄မႈ အဂတိနဲ႔စြဲထားတာ”ဟု ၎က ဆိုသည္။
အဆိုပါအမႈႏွင့္ ပတ္သတ္ၿပီး ႐ုံးခ်ိန္းကို ၂၂ရက္ေန႔ ခ်ိန္းဆိုထားၿပီး ထိုေန႔တြင္ ေရွ႕ေနပါဝါတင္ရန္ရွိေၾကာင္း ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ ၂မႈ၊ ပို႔ကုန္၊ သြင္းကုန္ ဥပေဒပုဒ္မ ၈၊ ပုဒ္မ ၅၀၅(ခ)၊ ဆက္သြယ္ေရးပုဒ္မ ၆၇၊ ျမန္မာႏိုင္ငံလွ်ိဳ႕ဝွက္ဥပေဒပုဒ္မ ၃(၁)(ဂ)တို႔ျဖင့္လည္း တရားရင္ဆိုင္ေနရသည္။
News Watch မွကူးယူေဝမွ်ေဖာ္ျပပါသည္။



