ထိုင်းနိုင်ငံမှာ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးခဲ့တဲ့ သူနာပြုတစ်ယောက် သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေအပေါ် ကာကွယ်ဆေးထိုးမှုတွေ မြှင့်တင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒီသေဆုံးမှုသတင်းကိုတော့ ဇူလိုင် ၁၁ ရက်က ဆီဝါကွန်ရက်တနာကန်ထီ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ယောက်က မျှဝေခဲ့တာဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ သူနာပြုရဲ့ အမည်ကိုတော့ ဒိုးနတ်လို့ ဖော်ပြထားခဲ့ပြီး သူနဲ့ ဝမ်းကွဲ ညီအစ်မ တော်စပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူဟာ စီနီယာဆေးပညာရှင်တွေက သေဆုံးမှုနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ လျှော့ချနိုင်တယ်လို့ ပြောထားခဲ့ကြတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျမရဲ့ ဝမ်းကွဲညီအစ်မဟာ ရောဂါကူးစက်ခံရပြီး တပတ်အကြာမှာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်”
ဒီသေဆုံးမှုဟာ သူ့အတွက်တော့ ရှေ့တန်းမှာ ရင်ဆိုင်နေကြရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
တကယ်လို့သာ သူ့ရဲ့ ညီမဖြစ်သူဟာ အသက်ရှင်နေသေးတယ်ဆိုရင် ပိုပြီးထိရောက်တဲ့ ကာကွယ်ဆေးထပ်မံပြီးတော့ ထိုးနိုင်မယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးဗဟိုကတော့ AstraZeneca နဲ့ Sinovac ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူတွေအနေနဲ့ ၉၀ ရာခိုင်နှုန်းလောက် သေဆုံးမှုနဲ့ ရောဂါကူးစက်မှုကနေ ထိရောက်ကာကွယ်နိုင်ကြောင်း ပြောထားခဲ့တာပါ။
ဒါပေမဲ့ ဒီတရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေရဲ့ အကျိုးအာနိသင်နဲ့ ထိရောက် ကာကွယ်နိုင်စွမ်းကတော့ သံသယဖြစ်စရာ အခြေအနေတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ချူလာလောင်ကွန်တက္ကသိုလ်၊ ကူးစက်စေတတ်သောရောဂါများဆိုင်ရာဌာန အကြီးအကဲ ထီရာဝပ် ဟီမာချုဒါကတော့ အစိုးရအနေနဲ့ ရှေ့တန်းက ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေကို အရေးပေါ် ကာကွယ်ဆေးထိုးနှံမှုတွေ မြှင့်တင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ပေါင်း ၃၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၇၀၀ ကျော်လာခဲ့ပြီဖြစ်ကာ အာဆီယံနိုင်ငံတွေထဲ ကူးစက်မှု အမြင့်ဆုံး ၅ နိုင်ငံထဲ ပါဝင်နေတာ ဖြစ်ပါတယ်။
ထိုင္းႏိုင္ငံမွာ တ႐ုတ္ထုတ္ ကိုဗစ္-၁၉ ကာကြယ္ေဆး ၂ ႀကိမ္ ထိုးခဲ့တဲ့ သူနာျပဳတစ္ေယာက္ ေသဆုံးခဲ့ၿပီးေနာက္ က်န္းမာေရးဆိုင္ရာဝန္ထမ္းေတြအေပၚ ကာကြယ္ေဆးထိုးမႈေတြ ျမႇင့္တင္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။
ဒီေသဆုံးမႈသတင္းကိုေတာ့ ဇူလိုင္ ၁၁ ရက္က ဆီဝါကြန္ရက္တနာကန္ထီ အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူ တစ္ေယာက္က မွ်ေဝခဲ့တာျဖစ္ပါတယ္။
ေသဆုံးခဲ့တဲ့ သူနာျပဳရဲ႕ အမည္ကိုေတာ့ ဒိုးနတ္လို႔ ေဖာ္ျပထားခဲ့ၿပီး သူနဲ႔ ဝမ္းကြဲ ညီအစ္မ ေတာ္စပ္သူ ျဖစ္တယ္လို႔ ဆိုပါတယ္။
“သူဟာ စီနီယာေဆးပညာရွင္ေတြက ေသဆုံးမႈနဲ႔ ျပင္းထန္တဲ့ ေရာဂါလကၡဏာေတြ ေလွ်ာ့ခ်ႏိုင္တယ္လို႔ ေျပာထားခဲ့ၾကတဲ့ Sinovac ကိုဗစ္-၁၉ ကာကြယ္ေဆး ၂ ႀကိမ္ ထိုးၿပီးသူ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ က်မရဲ႕ ဝမ္းကြဲညီအစ္မဟာ ေရာဂါကူးစက္ခံရၿပီး တပတ္အၾကာမွာ ေသဆုံးခဲ့ၿပီ ျဖစ္ပါတယ္”
ဒီေသဆုံးမႈဟာ သူ႔အတြက္ေတာ့ ေရွ႕တန္းမွာ ရင္ဆိုင္ေနၾကရတဲ့ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြရဲ႕ ေဘးကင္းမႈအေပၚ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့တယ္လို႔ ဆိုပါတယ္။
တကယ္လို႔သာ သူ႔ရဲ႕ ညီမျဖစ္သူဟာ အသက္ရွင္ေနေသးတယ္ဆိုရင္ ပိုၿပီးထိေရာက္တဲ့ ကာကြယ္ေဆးထပ္မံၿပီးေတာ့ ထိုးႏိုင္မယ္လို႔လည္း ေျပာပါတယ္။
ထိုင္းႏိုင္ငံ ကိုဗစ္-၁၉ ေရာဂါအေျခအေန စီမံႀကီးၾကပ္ေရးဗဟိုကေတာ့ AstraZeneca နဲ႔ Sinovac ကာကြယ္ေဆး ၂ ႀကိမ္ ထိုးႏွံၿပီးသူေတြအေနနဲ႔ ၉၀ ရာခိုင္ႏႈန္းေလာက္ ေသဆုံးမႈနဲ႔ ေရာဂါကူးစက္မႈကေန ထိေရာက္ကာကြယ္ႏိုင္ေၾကာင္း ေျပာထားခဲ့တာပါ။
ဒါေပမဲ့ ဒီတ႐ုတ္ႏိုင္ငံထုတ္ ကာကြယ္ေဆးေတြရဲ႕ အက်ိဳးအာနိသင္နဲ႔ ထိေရာက္ ကာကြယ္ႏိုင္စြမ္းကေတာ့ သံသယျဖစ္စရာ အေျခအေနေတြလည္း ရွိေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။
ခ်ဴလာေလာင္ကြန္တကၠသိုလ္၊ ကူးစက္ေစတတ္ေသာေရာဂါမ်ားဆိုင္ရာဌာန အႀကီးအကဲ ထီရာဝပ္ ဟီမာခ်ဳဒါကေတာ့ အစိုးရအေနနဲ႔ ေရွ႕တန္းက က်န္းမာေရးဆိုင္ရာ ဝန္ထမ္းေတြကို အေရးေပၚ ကာကြယ္ေဆးထိုးႏွံမႈေတြ ျမႇင့္တင္ေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။
ကိုဗစ္-၁၉ တတိယလႈိင္း ကူးစက္ခံ ထိုင္းႏိုင္ငံတဝန္းမွာေတာ့ လက္ရွိအခ်ိန္ထိ ကူးစက္ခံရသူ ေပါင္း ၃၄၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၂၇၀၀ ေက်ာ္လာခဲ့ၿပီျဖစ္ကာ အာဆီယံႏိုင္ငံေတြထဲ ကူးစက္မႈ အျမင့္ဆုံး ၅ ႏိုင္ငံထဲ ပါဝင္ေနတာ ျဖစ္ပါတယ္။