သိ၍ဖြစ်စေ မသိ၍ဖြစ်စေ၊ ချေးဌါးမိလိုက်သောပိုက်ဆံသည် မုချပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။လူ့ဘဝအကြွေးကို နွားဘဝနဲ့ လာဆပ်ရတဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)ကို တင်ဆက်ပေးလိုက်ရပါတယ်
မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်ဖြစ်သည်။မလှလူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်း ထုပ်ပေးရန်မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ် လှလူရေ ဟေ့…လှလူ၊ခွေးကြည့်ပါဦး။ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့။
ျအးဘုံကိုး။ဘာအရေးကြီးကိစ္စ ရှိလို့တုန်း။ဒီမနက်နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်ချေးပါဦး။နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင်သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကိုနှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။
မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသောသားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်နေသည်။သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော် ကလေး ကောင်းသည်။တစ်ချို့နေရာများတွင် အဝါရောင်ဖက် သန်းနေပြီ။မကြာမီ ရိတ်သိမ်းရတော့မည်။မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော် မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။
ခုတလော…မအေးဘုံတစ်ယောက် နေ့စဉ်လိုလိုနှမ်းခင်းသွားကြည့်သည်။ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး ပြန်လာခဲ့စဉ် အမယ်လေး ဘာကောင်ကိုက်မှန်း မသိဘူး။မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုက်သည်။ဝဲဘက် ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြွေပွေး တစ်ကောင်ကို တွေ့ရသည်။မအေးဘုံ မျက်လုံးအိမ်တစ်ခုလုံး ပြာဝေသွားခဲ့သည်။မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလား ထင်ရသည်။ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ်ရုတ်ချည်း ခွေလဲကျသွားခဲ့လေသည်။
မကြာမီ မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက်ပျောက်သွားခဲ့ပါတော့သည်။သည်နေ့ညဘယ်လိုဖြစ်နေသည် မသိ။မလှလူတစ်ယောက် အိပ်၍ မပျော်ပဲ ဖြစ်နေသည်။ညလုံး နီးပါး မျက်စိများက ကြောင်နေသည်။လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။လှလူငါ ညည်းတို့နဲ့ လာနေမယ်နော် ညည်းကြိုက်သလို ခိုင်းပါအေ ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်တာပါ။အသံက မအေးဘုံအသံ။
မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ်။ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထားသည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှ ထခဲ့သည်။ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တဝကြီးသောက်အပြီး အေးဘုံရယ် နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး အကြွေးမဆပ်ပါနဲ့။ငါ ကျေနပ်ပါတယ်။အို…ဘုရား…ဘုရား…တပည့်တော်မ အိပ်မက် မဟုတ်ပါစေနဲ့။
လွဲပါစေ ဖယ်ပါစေ။မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီးသားတင်သွားခဲ့သည်။တိုက်ဆိုင်မှုဟု ဆိုရမည်လား မသိ။ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက နွားမလေးအတိုင်း ပုံတူ မွေးလာခဲ့လေသည်။မလှလူသည် မအေးဘုံတစ်ဖြစ်လဲ နွားမလေးကိုဘာမှ မခိုင်းပဲ ဘေးမဲ့ပေးထားခဲ့သည်။
သို့သော် နွားမလေးက အလကားမနေပဲ အိမ်ရှိပစ္စည်းများကိုစောင့်ရှောက်သည်။ညညဆို အိပ်သည် မရှိ။ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။နွားမလေးသည် မလှလူတို့ မိသားစုအပေါ် လူတစ်ဦး တစ်ယောက်ပမာအလိုက်သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ် နေခဲ့သည်။ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကားကြောက်စရာပင် ဖြစ်ပါတော့သတည်း။တင်ရှိနေသော အကြွေးကားကြောက်စရာပင် ဖြစ်ပါတော့သတည်း။
Credit: အရှင်ပုည( ဝကုန်း )
Zawgyi
သိ၍ျဖစ္ေစ မသိ၍ျဖစ္ေစ၊ ေခ်းဌါးမိလိုက္ေသာပိုက္ဆံသည္ မုခ်ျပန္လည္ေပးဆပ္ရမည္ျဖစ္သည္။လူ႔ဘဝအေႂကြးကို ႏြားဘဝနဲ႔ လာဆပ္ရတဲ့ မေအးဘုံ (ျဖစ္ရပ္မွန္)ကို တင္ဆက္ေပးလိုက္ရပါတယ္
မိုးဦးက်ရာသီ၏ တစ္ခုေသာ နံနက္အေစာတြင္ျဖစ္သည္။မလွလူသည္ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းက အုန္းေမာင္းေခါက္သံ ၾကားသည္ႏွင့္ အိပ္ရာမွ ထခဲ့သည္။ခင္ပြန္းျဖစ္သူ ကိုသာလွ ယာေတာမသြားမီ ထမင္း ထုပ္ေပးရန္မီးဖိုေခ်ာင္ဝင္၍ ခ်က္ျပဳတ္ေနစဥ္ လွလူေရ ေဟ့…လွလူ၊ေခြးၾကည့္ပါဦး။ၿခံတံခါးဆီက ေခၚသံၾကား၍ မလွလူ မီးဖိုေခ်ာင္ထဲမွ ထြက္လာခဲ့သည္။ဟဲ့…ေစာေစာစီးစီး ဘယ္သူမ်ားလဲလို႔။
်အးဘုံကိုး။ဘာအေရးႀကီးကိစၥ ရွိလို႔တုန္း။ဒီမနက္ႏွမ္းႀကဲခ်င္လို႔ ႏွမ္းႏွစ္ျပည္ေလာက္ေခ်းပါဦး။ေနာင္ခါ ႏွမ္းေပၚရင္ ထုံးစံအတိုင္း ျပန္ေပးပါ့မယ္။ႏွစ္စဥ္ မ်ိဳးေစ့ထုတ္ေပးေနက်လည္းျဖစ္ၿပီး သီးႏွံေပးခ်ိန္တြင္သုံးဆတိုး ျပန္ေပးရာမွာလည္း ကတိတည္သူ ျဖစ္ေသာေၾကာင့္ မေအးဘုံကိုႏွမ္းႏွစ္ျပည္ ခ်ိန္ေပးလိုက္သည္။
မေအးဘုံသည္ ေယာင္ေပေယာင္ေပ ျဖစ္ေနေသာသားျဖစ္သူ ဖိုးလုံးကို ႏွမ္းေပၚလ်င္ ရွင္ျပဳေပးခ်င္ေနသည္။သည္ႏွစ္ ႏွမ္းက မိုးေလညီၫြတ္သျဖင့္ အေတာ္ ကေလး ေကာင္းသည္။တစ္ခ်ိဳ႕ေနရာမ်ားတြင္ အဝါေရာင္ဖက္ သန္းေနၿပီ။မၾကာမီ ရိတ္သိမ္းရေတာ့မည္။မေအးဘုံ စိတ္ကူးယဥ္ထားသည့္အတိုင္း သားေတာ္ ေမာင္ ရွင္ျပဳပြဲ ႏႊဲရေတာ့မည္ ထင္ပါသည္။
ခုတေလာ…မေအးဘုံတစ္ေယာက္ ေန႔စဥ္လိုလိုႏွမ္းခင္းသြားၾကည့္သည္။ဒီေန႔နံနက္ ႏွမ္းခင္းမွ စိတ္ကူးယဥ္ၿပီး ျပန္လာခဲ့စဥ္ အမယ္ေလး ဘာေကာင္ကိုက္မွန္း မသိဘူး။မေအးဘုံ၏ႏႈတ္မွ အလန႔္တၾကား ေအာ္လိုက္သည္။ဝဲဘက္ ေျခဖမိုးေပၚမွ မ်က္ခနဲ ျဖစ္သြားခဲ့သည္။အနီးပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ ေႁမြေပြး တစ္ေကာင္ကို ေတြ႕ရသည္။မေအးဘုံ မ်က္လုံးအိမ္တစ္ခုလုံး ျပာေဝသြားခဲ့သည္။ျမင္ကြင္းအားလုံး ပတ္ခ်ာလည္သြားသလား ထင္ရသည္။ခႏၶာကိုယ္ ယိမ္းထိုးလာသျဖင့္ အံႀကိတ္၍ ထိန္းထားစဥ္႐ုတ္ခ်ည္း ေခြလဲက်သြားခဲ့ေလသည္။
မၾကာမီ ေႁမြဆိပ္ေၾကာင့္ မေအးဘုံတစ္ေယာက္ အသက္ေပ်ာက္သြားခဲ့ပါေတာ့သည္။သည္ေန႔ညဘယ္လိုျဖစ္ေနသည္ မသိ။မလွလူတစ္ေယာက္ အိပ္၍ မေပ်ာ္ပဲ ျဖစ္ေနသည္။ညလုံး နီးပါး မ်က္စိမ်ားက ေၾကာင္ေနသည္။လင္းခါနီးေလာက္မွ ေမွးခနဲ အိပ္ေပ်ာ္သြားခဲ့သည္။လွလူငါ ညည္းတို႔နဲ႔ လာေနမယ္ေနာ္ ညည္းႀကိဳက္သလို ခိုင္းပါေအ ငါေခ်းထားခဲ့တဲ့ ႏွမ္းႏွစ္ျပည္အတြက္ အေႂကြးလာဆပ္တာပါ။အသံက မေအးဘုံအသံ။
ျမင္ရသည့္ ျမင္ကြင္းက ေအးဘုံမဟုတ္။ခ်ိဳႏွစ္ဖက္ေထာင္ၿပီး ထိပ္၌ အျဖဴအမည္း ေရာစြက္ထားသည့္ ႏြားမႀကီးတစ္ေကာင္ ျဖစ္ေနသည္။နံနက္မိုးလင္းၿပီျဖစ္၍ မလွလူ အိပ္ရာမွ ထခဲ့သည္။ေရဆာေနသျဖင့္ ေရအိုးစင္မွေရကို တဝႀကီးေသာက္အၿပီး ေအးဘုံရယ္ ႏွမ္းႏွစ္ျပည္အတြက္နဲ႔ေတာ့ ႏြားအျဖစ္လာၿပီး အေႂကြးမဆပ္ပါနဲ႔။ငါ ေက်နပ္ပါတယ္။အို…ဘုရား…ဘုရား…တပည့္ေတာ္မ အိပ္မက္ မဟုတ္ပါေစနဲ႔။
လြဲပါေစ ဖယ္ပါေစ။မၾကာမီ မလွလူတို႔အိမ္က ႏြားမႀကီး ေမြးၿပီးသားတင္သြားခဲ့သည္။တိုက္ဆိုင္မႈဟု ဆိုရမည္လား မသိ။ထိုႏြားမႀကီးေမြးေသာ ႏြားကေလးမွာ အိပ္မက္ထဲက ႏြားမေလးအတိုင္း ပုံတူ ေမြးလာခဲ့ေလသည္။မလွလူသည္ မေအးဘုံတစ္ျဖစ္လဲ ႏြားမေလးကိုဘာမွ မခိုင္းပဲ ေဘးမဲ့ေပးထားခဲ့သည္။
သို႔ေသာ္ ႏြားမေလးက အလကားမေနပဲ အိမ္ရွိပစၥည္းမ်ားကိုေစာင့္ေရွာက္သည္။ညညဆို အိပ္သည္ မရွိ။ခြၽတ္ခြၽတ္သံၾကားတိုင္း ေခါင္းေထာင္ၾကည့္ခဲ့သည္။ႏြားမေလးသည္ မလွလူတို႔ မိသားစုအေပၚ လူတစ္ဦး တစ္ေယာက္ပမာအလိုက္သိစြာျဖင့္ သံသရာေႂကြး ျပန္လည္ေပးဆပ္ ေနခဲ့သည္။ပုဂၢိဳလ္ေရးအရ တင္ရွိေနေသာ အေႂကြးကားေၾကာက္စရာပင္ ျဖစ္ပါေတာ့သတည္း။တင္ရွိေနေသာ အေႂကြးကားေၾကာက္စရာပင္ ျဖစ္ပါေတာ့သတည္း။
Credit: အရွင္ပုည( ဝကုန္း )