မြန်မာနိုင်ငံလူထု ကုန်ဈေးနှုန်း တက်တဲ့ဒဏ် အပြင်းအထန် ရင်ဆိုင်နေကြရ
မြန်မာနိုင်ငံမှာ မီးဖိုချောင်သုံးပစ္စည်းတွေ ဈေးတက်နေတဲ့အတွက် ဝင်ငွေနည်းပါးလာတဲ့ မိသားစုတွေ အခက်ကြုံနေကြရပါတယ်။ လက်ရှိအခြေအနေမှာ အလုပ်အကိုင်လည်း ရှားနေတာကြောင့် အများစုက စားဝတ်နေရေးအတွက် အကြပ်ရိုက်နေကြတာပါ။
အငှားယာဉ် မောင်းသူတွေဆိုရင် စက်သုံးဆီဈေးတွေ မြင့်တက်တဲ့အပြင် ယာဉ်စီးခတွေကို အရင်ထက် လျှော့ ယူနေရလို့ ဝင်ငွေလည်း ထက်ဝက်လောက် လျော့သွားတယ်လို့ ပြောကြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်က လာတဲ့ သတင်းကို ကိုသိန်းထိုက်ဦးက ပြောပြပါမယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းပြီး ပြည်သူတွေ ဝင်ငွေ နည်းပါးလာနေချိန်မှာပဲ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဆီ ၁ ပိဿာကို ကျပ် ၅ ထောင် ဝန်းကျင်ဈေး အပါအဝင် မီးဖိုချောင်သုံး ပစ္စည်းအားလုံး ဈေးတက်နေတာကြောင့် အိမ်ရှင်မတွေ အခက်တွေ့နေကြတာပါ။
ထန်းတပင်မြို့နယ်က ဒေသခံတစ်ဦး ဖြစ်တဲ့ ဒေါ်သင်းသင်းဦးက သူ့ရဲ့အခက်အခဲကို ခုလို ပြောပါတယ်။
“ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ အခု မီးဖိုချောင်သုံး ပစ္စည်းတွေဆိုလို့ရှိရင် ဆီ ဆား ငရုပ် ကြက်သွန်ပေါ့နော် ဆီဆိုလို့ ရှိရင်လည်း အရင် ပြီးခဲ့တဲ့နှစ်က တပိဿာကို ၂ ထောင်ကျော် ဆိုလို့ရှိရင် စားလို့ ရတယ်။
အခုဟာကကျတော့ ဆီဈေးက ခေါက်ချိုး တက်သွားတဲ့အခါကျတော့ အခုက ဒီမှာ ရောင်းတာကတော့ ၅ ထောင်ပေါ့နော် အိမ်ဆိုင်တင်ကတော့။ ဈေးသွားတော့လည်း အရင်က ကန်စွန်းရွက် တစ်ရာဖိုးဆိုလို့ရှိရင် အစည်းလည်းကြီးတယ်။
ဈေးကလည်းနည်းတယ်။ အခုကျတော့ အစည်းလည်း သေးတယ် ဈေးကတော့ များလာတယ် အဲလိုမျိုးပေါ့နော်”။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတကာနဲ့ ချိတ်ဆက် လုပ်နေကြတဲ့ လုပ်ငန်း တော်တော်များများ ရပ်သွားခဲ့သလို အရင်လို ပုံမှန် မလည်ပတ်နိုင်တော့တဲ့ စီးပွားရေး လုပ်ငန်းတွေလည်း အများအပြား ဖြစ်နေပါတယ်။
ဒါကြောင့် အလုပ်အကိုင်ရှား ဝင်ငွေ နည်းနေချိန် ကုန်ဈေးနှုန်း မြင့်တက်တဲ့ဒဏ်ကို တော်တော်လေး ခံနေကြရတာလို့ ရန်ကုန်မြို့က ဒေါ်သဲသဲကလည်း
“ဝင်ငွေက ကျတော့ အရင်ထက် ထက်ဝက်လောက် လျော့ကျသွားပြီးတော့ ကုန်ကျစရိတ်က အရင်ထက် သုံးဆလောက်ကို ကုန်ကျတယ်လို့ ပြောလို့ရတယ်၊ ပြောပါတယ်။
အရင် တသိန်း ဝင်တယ်ဆိုရင် အခု ငါးသောင်းလောက်ပဲ ဝင်တယ်ကွာ၊ ထွက်ငွေကျတော့ အရင် ၅ သောင်းလောက် ထွက်တယ်ဆိုရင် အခုက တသိန်းခွဲလောက်ကို ထွက်တယ်လို့ ပြောလို့ရတယ်။
ဘာလို့လဲဆိုတော့ အကုန်လုံးက အစစ အရာရာ အရမ်းတွေ မြင့်တက်နေတဲ့အခါကျတော့ ကျန်းမာရေး အခြေအနေကလည်း မကောင်းတဲ့ အခါကျတော့ ဆေးဖိုးဝါးခလည်း ကုန်တယ် ဆေး ဈေးတွေကလည်း တက်တယ်၊ ဆီဈေး ဆန်ဈေး ဆားဈေး အကုန်တက်တဲ့အခါ ကျတော့ အဆင်မပြေကြဘူးပေါ့။
ပြောရမယ်ဆိုရင် ၁၀၀ မှာ ၉၉ ယောက်က အဆင်မပြေဘူး၊ အဲလိုဖြစ်နေတယ် အမတို့ ကြားနေရတာတော့ အဆင်ပြေတယ်လို့ ကြားတာ ၁၀၀ မှာ တယောက် မရှိဘူး အခုက။”
ကိုဗစ် ကူးစက်မှုတွေကြောင့် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို တဘက်မှာလည်း စစ်တပ်က အာဏာ သိမ်းလိုက်တာကြောင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
နိုင်ငံတွင်းမှာလည်း ငွေကြေး လည်ပတ်မှု နည်းပါးနေသလို ကုန်းဈေးနှုန်းတွေလည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။
ခုလို အခြေအနေတွေ ဆိုးလာရင် ပြည်သူတွေ ငတ်မွတ်တဲ့ အခြေအနေအထိ ဖြစ်လာမှာ စိုးရိမ်တယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီ အနေနဲ့ ကုန်ဈေးနှုန်းပြဿနာကို ကိုင်တွယ် ထိန်းချုပ်သင့်တယ်လို့လည်း ဒေါ်သဲသဲက ပြောပါတယ်။
“ဒီကုန်ဈေးနှုန်းကြီးကို ထိန်းချုပ်စေချင်တယ်၊ ဝင်ငွေ မကောင်းဘဲ ဒီထက် တက်လာမယ်ဆိုရင် ဘာဖြစ်နိုင်လဲဆိုတော့ ငတ်မွတ် ခေါင်းပါးတဲ့ ပြဿနာ တက်လာမယ်။
လုယက်မှုတွေ ဓားပြမှုတွေ အဲလိုမျိုး မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်တယ်လို့ ထင်တယ်။
ဖြစ်သင့်တာက စီးပွားရေး ကောင်းမွန်လာအောင်က တဖြည်းဖြည်းလုပ်ယူရမယ့် အနေအထားဆိုရင် ဒီကုန်ဈေးနှုန်း တက်တာကိုတော့ ထိန်းချုပ်လို့ ရမယ်လို့ ထင်တာပေါ့နော်၊ အဲလို ထိန်းချုပ်နိုင်ရင် ကောင်းမယ်လို့တော့ ယူဆမိပါတယ်၊”
အထွေထွေ စားကုန်တွေ ဈေးတက်နေသလို စက်သုံးဆီ ဈေးတွေလည်း မြင့်တက်နေပါတယ်။
စက်သုံးဆီဈေး တက်တာကြောင့် ဝင်ငွေ ထက်ဝက်လောက်အထိ လျော့ကျသွားတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ကားမောင်းတာလည်း လူတွေရဲ့စီးပွားရေး မကောင်းတဲ့အခါကျတော့ ကုန်ဈေးနှုန်းတွေ တက်သလိုမျိုးပေါ့ ကိုယ်တွေ ဒရိုင်ဗာတွေကလည်း သူတို့လည်း မပေးနိုင်တဲ့ အခါကျတော့ ၄ ထောင်တန်ကို ၃ ထောင်နဲ့ လိုက်ရတာမျိုး ၂ ထောင်တန်ကို ၁၅၀၀ နဲ့ လိုက်ရတာမျိုးပေါ့၊
အရင်တုန်းကဆိုရင် ကားမောင်းရင် နှစ်သောင်း နှစ်သောင်းခွဲလောက် ရရင် အခုက တသောင်း တသောင်းခွဲလောက်ပဲ ရတော့တယ်၊ ထက်ဝက်ခွဲလောက် ကွာဟသွားတာပေါ့ အဲအတွက်ကြောင့် အခက်အခဲတော့ များစွာ ရှိတာပေါ့၊”
စစ်အာဏာ မသိမ်းခင်က ဓာတ်ဆီဈေး ၁ လီတာ ကျပ် ၉၀၀ ဝန်းကျင်ကနေ အခုဆိုရ ၁၈၀၀ ကျပ်ကျော်ဈေး ဖြစ်နေပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာ၊ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေမှာဆို ဈေးတွေက ပိုတောင် ကြီးနေတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့ဂယက်ကြောင့် ၂၀၂၂ ခုနှစ်ထဲမှာ လူဦးရေ ထက်ဝက်လောက် ဆင်းရဲမွဲတေမှုနဲ့ ကြုံကြရလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗
Zawgyi
ျမန္မာႏိုင္ငံလူထု ကုန္ေဈးႏႈန္း တက္တဲ့ဒဏ္ အျပင္းအထန္ ရင္ဆိုင္ေနၾကရ
ျမန္မာႏိုင္ငံမွာ မီးဖိုေခ်ာင္သုံးပစၥည္းေတြ ေဈးတက္ေနတဲ့အတြက္ ဝင္ေငြနည္းပါးလာတဲ့ မိသားစုေတြ အခက္ႀကဳံေနၾကရပါတယ္။ လက္ရွိအေျခအေနမွာ အလုပ္အကိုင္လည္း ရွားေနတာေၾကာင့္ အမ်ားစုက စားဝတ္ေနေရးအတြက္ အၾကပ္႐ိုက္ေနၾကတာပါ။
အငွားယာဥ္ ေမာင္းသူေတြဆိုရင္ စက္သုံးဆီေဈးေတြ ျမင့္တက္တဲ့အျပင္ ယာဥ္စီးခေတြကို အရင္ထက္ ေလွ်ာ့ ယူေနရလို႔ ဝင္ေငြလည္း ထက္ဝက္ေလာက္ ေလ်ာ့သြားတယ္လို႔ ေျပာၾကပါတယ္။
ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ရန္ကုန္က လာတဲ့ သတင္းကို ကိုသိန္းထိုက္ဦးက ေျပာျပပါမယ္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စီးပြားေရး က်ဆင္းၿပီး ျပည္သူေတြ ဝင္ေငြ နည္းပါးလာေနခ်ိန္မွာပဲ ကုန္ေဈးႏႈန္းေတြ အဆမတန္ ျမင့္တက္လာေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။
ဆီ ၁ ပိႆာကို က်ပ္ ၅ ေထာင္ ဝန္းက်င္ေဈး အပါအဝင္ မီးဖိုေခ်ာင္သုံး ပစၥည္းအားလုံး ေဈးတက္ေနတာေၾကာင့္ အိမ္ရွင္မေတြ အခက္ေတြ႕ေနၾကတာပါ။
ထန္းတပင္ၿမိဳ႕နယ္က ေဒသခံတစ္ဦး ျဖစ္တဲ့ ေဒၚသင္းသင္းဦးက သူ႔ရဲ႕အခက္အခဲကို ခုလို ေျပာပါတယ္။
“ကုန္ေဈးႏႈန္းနဲ႔ ပတ္သက္ၿပီးေတာ့ အခု မီးဖိုေခ်ာင္သုံး ပစၥည္းေတြဆိုလို႔ရွိရင္ ဆီ ဆား င႐ုပ္ ၾကက္သြန္ေပါ့ေနာ္ ဆီဆိုလို႔ ရွိရင္လည္း အရင္ ၿပီးခဲ့တဲ့ႏွစ္က တပိႆာကို ၂ ေထာင္ေက်ာ္ ဆိုလို႔ရွိရင္ စားလို႔ ရတယ္။
အခုဟာကက်ေတာ့ ဆီေဈးက ေခါက္ခ်ိဳး တက္သြားတဲ့အခါက်ေတာ့ အခုက ဒီမွာ ေရာင္းတာကေတာ့ ၅ ေထာင္ေပါ့ေနာ္ အိမ္ဆိုင္တင္ကေတာ့။ ေဈးသြားေတာ့လည္း အရင္က ကန္စြန္း႐ြက္ တစ္ရာဖိုးဆိုလို႔ရွိရင္ အစည္းလည္းႀကီးတယ္။ ေဈးကလည္းနည္းတယ္။ အခုက်ေတာ့ အစည္းလည္း ေသးတယ္ ေဈးကေတာ့ မ်ားလာတယ္ အဲလိုမ်ိဳးေပါ့ေနာ္”။
စစ္တပ္ အာဏာသိမ္းၿပီး ေနာက္ပိုင္း ႏိုင္ငံတကာနဲ႔ ခ်ိတ္ဆက္ လုပ္ေနၾကတဲ့ လုပ္ငန္း ေတာ္ေတာ္မ်ားမ်ား ရပ္သြားခဲ့သလို အရင္လို ပုံမွန္ မလည္ပတ္ႏိုင္ေတာ့တဲ့ စီးပြားေရးလုပ္ငန္းေတြလည္း အမ်ားအျပား ျဖစ္ေနပါတယ္။
ဒါေၾကာင့္ အလုပ္အကိုင္ရွား ဝင္ေငြ နည္းေနခ်ိန္ ကုန္ေဈးႏႈန္း ျမင့္တက္တဲ့ဒဏ္ကို ေတာ္ေတာ္ေလး ခံေနၾကရတာလို႔ ရန္ကုန္ၿမိဳ႕က ေဒၚသဲသဲကလည္း
“ဝင္ေငြက က်ေတာ့ အရင္ထက္ ထက္ဝက္ေလာက္ ေလ်ာ့က်သြားၿပီးေတာ့ ကုန္က်စရိတ္က အရင္ထက္ သုံးဆေလာက္ကို ကုန္က်တယ္လို႔ ေျပာလို႔ရတယ္၊ ေျပာပါတယ္။
အရင္ တသိန္း ဝင္တယ္ဆိုရင္ အခု ငါးေသာင္းေလာက္ပဲ ဝင္တယ္ကြာ၊ ထြက္ေငြက်ေတာ့ အရင္ ၅ ေသာင္းေလာက္ ထြက္တယ္ဆိုရင္ အခုက တသိန္းခြဲေလာက္ကို ထြက္တယ္လို႔ ေျပာလို႔ရတယ္။
ဘာလို႔လဲဆိုေတာ့ အကုန္လုံးက အစစ အရာရာ အရမ္းေတြ ျမင့္တက္ေနတဲ့အခါက်ေတာ့ က်န္းမာေရး အေျခအေနကလည္း မေကာင္းတဲ့ အခါက်ေတာ့ ေဆးဖိုးဝါးခလည္း ကုန္တယ္ ေဆး ေဈးေတြကလည္း တက္တယ္၊ ဆီေဈး ဆန္ေဈး ဆားေဈး အကုန္တက္တဲ့အခါ က်ေတာ့ အဆင္မေျပၾကဘူးေပါ့။
ေျပာရမယ္ဆိုရင္ ၁၀၀ မွာ ၉၉ ေယာက္က အဆင္မေျပဘူး၊ အဲလိုျဖစ္ေနတယ္ အမတို႔ ၾကားေနရတာေတာ့ အဆင္ေျပတယ္လို႔ ၾကားတာ ၁၀၀ မွာ တေယာက္ မရွိဘူး အခုက။”
ကိုဗစ္ ကူးစက္မႈေတြေၾကာင့္ ျပည္သူေတြ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရသလို တဘက္မွာလည္း စစ္တပ္က အာဏာ သိမ္းလိုက္တာေၾကာင့္ အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။
ႏိုင္ငံတြင္းမွာလည္း ေငြေၾကး လည္ပတ္မႈ နည္းပါးေနသလို ကုန္းေဈးႏႈန္းေတြလည္း ျမင့္တက္လာေနတာ ျဖစ္ပါတယ္။
ခုလို အေျခအေနေတြ ဆိုးလာရင္ ျပည္သူေတြ ငတ္မြတ္တဲ့ အေျခအေနအထိ ျဖစ္လာမွာ စိုးရိမ္တယ္လို႔လည္း သူက ေျပာပါတယ္။
စစ္ေကာင္စီ အေနနဲ႔ ကုန္ေဈးႏႈန္းျပႆနာကို ကိုင္တြယ္ ထိန္းခ်ဳပ္သင့္တယ္လို႔လည္း ေဒၚသဲသဲက ေျပာပါတယ္။
“ဒီကုန္ေဈးႏႈန္းႀကီးကို ထိန္းခ်ဳပ္ေစခ်င္တယ္၊ ဝင္ေငြ မေကာင္းဘဲ ဒီထက္ တက္လာမယ္ဆိုရင္ ဘာျဖစ္ႏိုင္လဲဆိုေတာ့ ငတ္မြတ္ ေခါင္းပါးတဲ့ ျပႆနာ တက္လာမယ္ လုယက္မႈေတြ ဓားျပမႈေတြ အဲလိုမ်ိဳး မလိုလားအပ္တဲ့ ျပႆနာေတြ တက္လာႏိုင္တယ္လို႔ ထင္တယ္။
ျဖစ္သင့္တာက စီးပြားေရး ေကာင္းမြန္လာေအာင္က တျဖည္းျဖည္းလုပ္ယူရမယ့္ အေနအထားဆိုရင္ ဒီကုန္ေဈးႏႈန္း တက္တာကိုေတာ့ ထိန္းခ်ဳပ္လို႔ ရမယ္လို႔ ထင္တာေပါ့ေနာ္၊ အဲလို ထိန္းခ်ဳပ္ႏိုင္ရင္ ေကာင္းမယ္လို႔ေတာ့ ယူဆမိပါတယ္၊”
အေထြေထြ စားကုန္ေတြ ေဈးတက္ေနသလို စက္သုံးဆီ ေဈးေတြလည္း ျမင့္တက္ေနပါတယ္။
စက္သုံးဆီေဈး တက္တာေၾကာင့္ ဝင္ေငြ ထက္ဝက္ေလာက္အထိ ေလ်ာ့က်သြားတယ္လို႔ ရန္ကုန္ၿမိဳ႕က အငွားယာဥ္ေမာင္း တစ္ဦးက ေျပာပါတယ္။
“ကားေမာင္းတာလည္း လူေတြရဲ႕စီးပြားေရး မေကာင္းတဲ့အခါက်ေတာ့ ကုန္ေဈးႏႈန္းေတြ တက္သလိုမ်ိဳးေပါ့ ကိုယ္ေတြ ဒ႐ိုင္ဗာေတြကလည္း သူတို႔လည္း မေပးႏိုင္တဲ့ အခါက်ေတာ့ ၄ ေထာင္တန္ကို ၃ ေထာင္နဲ႔ လိုက္ရတာမ်ိဳး ၂ ေထာင္တန္ကို ၁၅၀၀ နဲ႔ လိုက္ရတာမ်ိဳးေပါ့၊
အရင္တုန္းကဆိုရင္ ကားေမာင္းရင္ ႏွစ္ေသာင္း ႏွစ္ေသာင္းခြဲေလာက္ ရရင္ အခုက တေသာင္း တေသာင္းခြဲေလာက္ပဲ ရေတာ့တယ္၊ ထက္ဝက္ခြဲေလာက္ ကြာဟသြားတာေပါ့ အဲအတြက္ေၾကာင့္ အခက္အခဲေတာ့ မ်ားစြာ ရွိတာေပါ့၊”
စစ္အာဏာ မသိမ္းခင္က ဓာတ္ဆီေဈး ၁ လီတာ က်ပ္ ၉၀၀ ဝန္းက်င္ကေန အခုဆိုရ ၁၈၀၀ က်ပ္ေက်ာ္ေဈး ျဖစ္ေနပါတယ္။ တိုက္ပြဲေတြ ျဖစ္ေနတဲ့ ေနရာ၊ လမ္းပမ္း ဆက္သြယ္ေရး ခက္ခဲတဲ့ ေနရာေတြမွာဆို ေဈးေတြက ပိုေတာင္ ႀကီးေနတာပါ။
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈရဲ႕ဂယက္ေၾကာင့္ ၂၀၂၂ ခုႏွစ္ထဲမွာ လူဦးေရ ထက္ဝက္ေလာက္ ဆင္းရဲမြဲေတမႈနဲ႔ ႀကဳံၾကရလိမ့္မယ္လို႔ ကုလသမဂၢက သတိေပးထားပါတယ္။
𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗