အာဏာရှင်စနစ်ကျရှုံးရေး နှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စိတ်အားထက်သန်စွာပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မြနှင်းရည်လွင်လည်း ပါဝင်ခဲ့ပါတယ်။
တန်ဖိုးထားရတဲ့ အနုပညာလောကကိုတောင် စွန့်လွတ်ခဲ့ပြီး မှန်ကန်တဲ့လမ်းစဥ်ကို ရဲရဲရင့်ရင့်နဲ့ လျှောက်လှမ်းခဲ့တာကြောင့် ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ မြနှင်းရည်လွင်က လွတ်မြောက်နယ်မြေတစ်နေရာမှာ တော်လှန်ရေးကြီးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေပြီလည်း ဖြစ်ပါတယ်။
ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေတဲ့ မြနှင်းရည်လွင်က အခက်အခဲ၊ ဒုက္ခတွေကို ရင်ဆိုင်နေရပေမယ့်လည်း အားလျော့ခြင်းမရှိဘဲ ရှေ့ဆက်နေတာတော့ လေးစားစရာကောင်းလှပါတယ်။ ယခုမှာလည်း သူမရဲ့ MyStory မှာ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ပေးလာတာ တွေ့ရပါတယ်။
ဒါကတော့ ကြည်လင်အေးမြတဲ့ စမ်းချောင်းထဲမှာ လွတ်လပ်ပေါ့ပါးမှုတွေနဲ့ ရေဆော့ကစားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေငုပ်နေရင်းနဲ့လည်း သူမဟာ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း လက်သုံးချောင်းထောင်ထားတဲ့ ပုံစံလေးကတော့ မြင်ရသူတိုင်း ချစ်အားပိုစေခဲ့ပါတယ်။ ပရိသတ်လည်း မြနှင်းရည်လွင်ရဲ့ MyStory ဗီဒီယိုလေးကို သဘောကျမယ်လို့လည်း ထင်မိပါတယ်။
Videoကြည့်ရန်
unicode