တရားတော်

နတ် ကိုးကွယ်တဲ့လူ ဆိုတာ….

နတ် ကိုးကွယ်တဲ့လူ ဆိုတာ….နတ်ရဲ့ အစွမ်းတန်ခိုးနဲ့ ဘယ်တော့များ တို့ ချမ်းသာအောင် “မ” လိမ့်မလဲဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ နတ်ကို ကိုးကွယ်တယ်။

မကိုးကွယ်ရင် နတ်က ဒုက္ခပေးမှာလားဆိုတဲ့ ကြောက်ရွံ့တဲ့စိတ်နဲ့ ကိုးကွယ်ကြတယ်။ဒီလို ကြောက်ခြင်း မျှော်ခြင်းဆိုတဲ့ ၂ ခုနဲ့ နတ်ကို ကိုးကွယ်မှုကို ပြုကြတာ။

ဗုဒ္ဓဘာသာဝင်တွေ မြတ်စွာဘုရားကို ကိုးကွယ်တယ် ဆိုတာ အဲဒီလို တန်ခိုးရှင်အနေနဲ့ ကိုးကွယ်တာ မဟုတ်ဘူး။ကြောက်လို့ကိုးကွယ်တာလည်းမဟုတ်ဘူး။မျှော်လင့်ချက်နဲ့ကိုးကွယ်တာလည်း မဟုတ်ဘူး။

အဓိက ကတော့ မြတ်စွာဘုရားရှင်ရဲ့ ဥာဏ်တော် ကြီးကို သဒ်ဓါတရားနဲ့ ခိုင်ခိုင်မာမာ လေးစား ယုံကြည်မှု ရှိတယ်။မြတ်စွာဘုရားရဲ့ဥာဏ်တော်ကြီးကိုယုံကြည်သည့် အလျောက်…

မြတ်စွာဘုရားရဲ့ အဆုံးအမ သြဝါဒ အတိုင်းလိုက်နာကျင့်သုံးခြင်း အားဖြင့်…ဘဝခရီးမှာ ကောင်းကျိုးချမ်းသာတွေ ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဘုရားကို ကိုးကွယ်ဆည်းကပ် ကြခြင်း ဖြစ်တယ် ဆိုတာကို သေသေချာချာ သိရှိထားဖို့ လိုတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသအနော်ဓမ္မဒါနဖြင့်ကုသိုလ်ပြုပါသည်။





