Unicode
“စီးပွားရေးကံကောင်းပြီး ချမ်းသာချင်လို့ အဆာင်လက်ဖွဲ့ ၁၀၀ ကျော်ကို ဘတ်(၁၀)သန်းဖိုး အကုန်ခံဝယ်ပြီး ဝတ်ထားသူတစ်ဦးရဲ့ အဖြစ်”
ကမ္ဘာပေါ်ရှိလူသားတိုင်းသည် လုပ်ငန်းများအဆင်ပြေနေသည့်အချိန်တွင် မည်သို့သော ပြောစကားများကို ယုံကြည်နေလိမ့်မည်မဟုတ်ပေ။စီးပွားရေးမကောင်းဘဲ အဆင်မပြေမှုများစွာ ရှိလာချိန်တွင် အဆောင်လက်ဖွဲ့နှင့် ယတျာများသည် အားကိုးချင်စရာတစ်ခုဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်နှင့် ရင်ဘတ်တွင် ထူးဆန်းသောအရာတွေရှိနေတာကို လူတိုင်းသတိထားမိပေလိမ့်မည်။ထို့ကြောင့် အမျိုးသား၏အကြောင်းကို မေးမြန်ကြည့်ရာ၌ ကံကောင်းစေရန် အဆောင်လက်ဖွဲ့ပေါင်းများစွာကို လည်ပင်းမှာဆွဲထားခဲ့ပါတယ်။
ကံကောင်းစေရန်အတွက်ဆိုလျှင် မည်မျှပင်ဈေးကြီးသော လက်ဖွဲ့ဖြစ်စေပါစေအရဝယ်ယူခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်အမျိုးသားဟာ အဆောင်လက်ဖွဲ့ပေါင်း တစ်ရာကျော်အတွက် ထိုင်းဘတ်ငွေဆယ်သန်းလောက်အထိကို အသုံးပြုထားသူဟုသိရပါတယ်။
အဲလို အဆောင်လက်ဖွဲ့တွေ ဘတ် 10 သန်းဖိုးလောက်ဝယ်ဝတ်ထားပေမယ့် အဲဒီအမျိုးသားဟာ ခုထိ မချမ်းသာသေးပါဘူး. . .သူဝယ်ခဲ့တဲ့ အဆောင်လက်ဖွဲ့ တစ်ခုချင်းစီရဲ့ တန်ဖိုးငွေတွေကို မသုံးဘဲ စုထားခဲ့ရင်တောင် သူဟာ ခုဆို သန်းကြွယ်သူဌေးတော့ ဖြစ်နေလောက်ပါပြီ ။
ခုတော့ သုံးစားမရတဲ့ အဆောင်တွေ လည်ပင်းကျိုးမတတ်ဝတ်ပြီး ဘဝကတော့ ဒုံရင်းဒုံရင်းပါပဲ
Crd
Zawgyi
Crd