ညီမလေး ညီမလေး ”
“ရှင် အစ်ကို ပဲပြုတ် ယူမှာလား”
“ဟုတ်တယ် ညီမလေးကလေ ခေါ်တာ မကြား ဘာလုပ်နေတာလဲ.”
“တောင်းပန်ပါတယ် အစ်ကို ညီမလေး စာဖတ်နေလို့ပါ”
“စာဖတ်တာ အိမ်မှာဖတ်လေ ဘာလို့ဈေးရောင်းရင်း စာဖတ်နေလဲ ”
“ဟုတ် အကို ဒီနေ့ အမေ နေမကောင်းလို့ပါ ညီမထွက်ရောင်းကူတာ””ဈေးမရောင်းရင် စားစရာမရှိဘူးလေ အစ်ကိုရယ် ”
“ဪ ဒါဆို အိမ်ရောက်မှဖတ်ပေါ့””အိမ်မှာက မီးမရှိဘူး အစ်ကိုရယ်”
“ဒါဆိုဈေးမရောင်းရင် ဘယ်မှာဖတ်လဲ”
“ဖယောင်းတိုင်နဲ့လေ ဒီညတော့ ဖယောင်းတိုင်ဖိုးသက်သာတာပေါ့ အစ်ကိုရယ်”
“အေးပါ ဒါနဲ့ ပဲပြုတ်တစ်ဗူးဘယ်လောက်လဲ ညီမလေး”
“တစ်ဗူး ၅၀၀ပါ အကို””ဈေးကြီးတာ ၃ ဗူး ၁၀၀၀ ထားလိုက်””မလုပ်ပါနဲ့ အကိုရယ် တစ်ပြည် ရောင်းကုန်မှ ၁၅၀၀မြတ်တာ”
“အေးပါ ဒါဆို ၁၀၀၀ ဖိုး အပိုထည့်ပေးနော်”
“စိတ်ချပါ အကို”„ဒါနဲ့ညီမလေး ပညာတတ်ရင် ဘာလုပ်မလဲ”
“ညီမလေး ပညာတတ်ရင် ပထမတော့ လွတ်တော်ကိုယ်စားလှယ်ရအောင် လုပ်မယ်”
“ဟား…ချမ်းသာ ချင်လို့လား လှောင်တာမဟုတ်ဘူးနော်အစ်ကို သဘောကျလို့”
“မဟုတ်ပါဘူး အကိုရယ် ညီမလေးတို့လိုဆင်းရဲပြည်သူတိုင်း မီးလင်းရအောင် လုပ်မယ်”
“ဟုတ်ပါပြီညီမလေး ခု ဘာစာဖတ်နေ”
“စာစီစာကုန်း လေ့လာနေတာ””ခေါင်းစဉ်ကရော””အသိစိတ်နဲ့သနားစိတ်..””ရေးနည်းမသိဘူးဖြစ်နေတာ”
“ဘာလို့လဲ ”
“လူတွေက ဆင်းရဲတဲ့လူတွေကိုသနားစိတ်မရှိကြဘူး နှိမ်ကြတယ် ပံ့ပိုးချင်စိတ် မရှိကြဘူး”
“ဟာ..📱ဖုန်းက အရေးထဲ ခဏနော်””ဟလို သူငယ်ချင်း ဘာလဲ “”ဆိုင်ထိုင်ရအောင်ဟုတ်လား””အေးပါ ငါကျွေးမယ် အသန့်မှာထိုင်ရအောင် အိုကေ ဒါဘဲ”
“ညီမလေး အပိုထည့်ပြီးပြီလား””ထည့်ပြီးပြီ ဒါနဲ့အကို အရက်မသောက်နဲ့နော်”
“ဘာလို့လဲညီမလေး””ငွေအပိုကုန်တယ်လေ””ညီမရယ် ငွေက ရှာရင်ရတယ်”
” ဟုတ်ကဲ့ အကိုအကိုတို့ တစ်ညဘယ်လောက်ကုန်လဲ”
“တစ်ည တစ်သိန်းလောက်ပေါ့ဘာလို့မေးတာလဲ ညီမလေး..”
“ဘာမှမဟုတ်ပါဘူး “”ညီမသာ တစ်သိန်းရှိရင် အဲလိုအကုန်မခံဘူးညီမတို့သူငယ်ချင်းတွေကို ဖယောင်းတိုင် လှူမယ်”
“ဪ ညီမလေးရယ် “”ဪ..အကို ၃ ဗူး ထည့်ပြီးပြီနော် လက်ဆောင်တစ်ဗူး ထည့်ပေးလိုက်တယ်”
“ဟုတ်.ကျေးဇူးပါ ညီမလေး”
“ရပါတယ် အကိုရယ် “အစ်ကိုလို ချမ်းသာသူတွေနဲ့စကားပြောရတာ ကံကောင်းတယ်”
“ညီမကို အချိန်ပေး စကားပြောပေးတာကျေးဇူးတင်ပါတယ်”
“တစ်ချိန်ကျ ညီမလည်း အစ်ကိုလို ပြည့်စုံရင် မရှိဆင်းရဲသားတွေကိုအချိန်များများပေးမယ်”
“ညီမလည်းပြန်တော့မယ် ချမ်းလာပြီ အမေ့အတွက် ဆေးလည်း ဝယ်ရဦးမယ်”
“ဆိုင်ပိတ်ရင် မလွယ်ဘူး အစ်ကိုရ””ဒာတွေ မကုန်သေးဘူးလေ”
“ဘယ်လောက်ဖိုးရောင်းရပြီလဲ ညီမလေး” “၁၂၀၀၀ပါအကို”
“အမြတ်ရော” “အမြတ်က ဒီည ၂၀၀၀ပေါ့””အကိုသွားတော့လေ သူငယ်ချင်းတွေ စောင့်နေမယ်”
“ညီမအိမ်က ဝေးလား “”မဝေးဘူး ၁ နာရီ လမ်းလျှောက်ရင်ရောက်ပီ”
“ဖုန်းက လာပြန်ပြီ”” ဟလို..ငါမလာတော့ဘူး “”အရေးကြီးလူနဲ့တွေ့နေလို့ ဆော်ရီးပါကွာ”
“ဟာ…အကို လိမ်တတ်တယ်နော် “”မလိမ္ဘူး ညီမ “”အကိုဘဝအတွက် ညီမက အသိတရားသင်ပေးသူမို့ပါ”
“အကို KTVတို့အရက်ဆိုင်🍻တို့မှာ ငွေဖြုန်းနေချိန် ညီမတို့လို နိုင်ငံအတွက် ရတနာလေးဖြစ်မည့် လူတွေ သနားစရာဖြစ်နေတာ မသိဘူး မလေ့လာမိဘူး”
“အကြင်နာတရားမေ့နေကြတာ”” ခု အစ်ကို အသိတရား ရလာပြီ ဒီည အကိုသုံးမဲ့ငွေ ၁သိန်းနဲ့💸 အမေအတွက်ဆေးတွေ အစ်ကို အစုံဝယ်ပေးမယ် လာ ကားပေါ်တက် “🚘
“ကျေးဇူးတင်ပါတယ် ..အကို””အစ်ကိုလို လူငယ်တိုင်းသိတတ်ရင်ကလေးငယ်တွေ👨🦳 လမ်းမှာအကြာကြီး သနားစရာဈေးရောင်းနေရမယ် မထင်ဘူးနော်”
“အားလုံးအသိတရားရှိကြပါစေ”#creditNyein(မောင့်မူပိုင်ရှင်)Photo.credit