Weather

၂၀၂၃မှာ လာနီညာကြောင့် တောင်သူကြီးများ သတိထားရမည့် အချက်ကို ပြောပြလာတဲ့ စုစုစံ.

၂၀၂၃မှာ လာနီညာကြောင့် တောင်သူကြီးတွေသတိထားရမည့် အချက်ကို ပြောပြလာတဲ့ စုစုစံ

လာနီညာသည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ကြားနေဘက်သို့ ဦးတည်သွားမည်ဖြစ်ပါတယ်သြစတျေးသြ

A + အပူပိုင်းဒေသ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း IOD သည် နွေရာသီနှောင်းပိုင်းမြန်မာ့

မိုးဦးရာသီအထိဆက်လက်တည်မြဲနိုင်သဖြင့် ၂၀၂၃ မေလအတွင်း အန်ဒမန်ပင်လယ် ခေါ် ကပ္ပလီပင်လယ်ပြင်ကို

အနောက်တောင်မုတ်သုန်လေ စောစီးစွာဝင်ရောက်လာနိုင်ပါတယ်

တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်းတောင်ပိုင်း ဧရာဝတီတိုင်း

ရခိုင်ပြည်နယ်ဒေသတွေမှာ ၂၀၂၃ မေလနောက်ဆုံးပတ်အတွင်း အနောက်တောင်မုတ်သုန်လေရရှိစေကာ မိုးဦးစောစေနိုင်ပါတယ်

သတိပြုရမည့်အချက်ကတော့ ကောက်ပဲသီးနှံစိုက်ပျိုးထားကြသူများသည်

၂၀၂၃ ဧပြီလနောက်ဆုံးပတ်နဲ့ မေလ ပထမပတ်အတွင်း မုတ်သုန်ကြိုမိုးတွေရွာနိုင်သဖြင့် ဧပြီလမှာ

အပြီးရိတ်သိမ်းအခြောက်လှမ်းကြပြီး ပျက်စီးမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်ထားကြဖို့လိုပါတယ်

အုတ်လုပ်ငန်း ဆားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူတွေလည်း

ဧပြီလမကုန်ခင် တိုးမြှင့်ထုတ်လုပ်ကြပါလို့အကြံပြုလိုက်ပါတယ်နော်

26/12/2022 7:07AM(MMT)

မင်း ဂွတ် သီး Su Su San

zawgyi













26/12/2022 7:07AM(MMT)

မင်း ဂွတ် သီး Su Su San