Zawgyi
MMA ပြိုင်ပွဲတွေဆိုတာ ပွဲကြည့်ပရိသတ်တွေစိတ်ဝင်စားမှုအပေါ် မူတည်ပြီး ပွဲဖန်တီးကြတာဖြစ်ပြီး ယှဉ်ပြိုင်ထိုးသတ်သည့် ဖိုက်တာတွေဟာ စွမ်းဆောင်ရည်ကောင်းတွေကို ပရိသတ်တွေအကြိုက် လုပ်ဆောင်ရတာ ဖြစ်ပါသည်။
‘One championship’ ပြိုင်ပွဲဟာ မိနစ်ပိုင်းအတွင်း ထိုးသတ်ရတာဖြစ်ပြီး အဲ့မိနစ်အပိုင်းအခြားမှာ အချိန်ဆွဲမှုတွေ မရှိအောင် အဝါကဒ်၊ အနီကဒ် စသည့် စည်းမျဉ်းတွေကိုထည့်သွင်းထားတာ ဖြစ်ပါသည်။
သို့သော် ကမ္ဘာကျော်ပြိုင်ပွဲကြီးဖြစ်သည့် ‘UFC’ လို ပြိုင်ပွဲတွေမှာ အသုံးပြုသည့် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ Bonus ဆုတွေကို ပေးအပ်ချီးမြှင့်သည့် စည်းမျဉ်းကို တရားဝင် ပြဌာန်းထားခြင်း မရှိသေးပါဘူး။

2019 ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ‘One Century’ ပြိုင်ပွဲကြီးမှာ အောင်လအန်ဆန်းဟာ ဟဲဗီးလ်ဝိတ်ချန်ပီယံ ဘရန်ဒါဗီရာကို အလဲထိုးပြနိုင်သည့်အတွက်ကြောင့် Bonus $ 50,000 ချီးမြှင့်ခဲ့တယ် ဟု One Championship ရဲ့ CEO ‘ CHATRI’ ကိုယ်တိုင် တရားဝင်ကြေငြာ သည့်တိုင်အောင် ‘One championship’ မှာ အဆိုပါစနစ်ကို အမြဲတမ်း ကျင့်သုံးခြင်း မရှိသေးပါဘူး။
UFC မှာဆိုရင် ပြိုင်ပွဲတစ်ပွဲ ကျင်းပပြုလုပ်ပြီဆိုတာ နဲ့ စွမ်းဆောင်ရည်ပိုင်းကောင်းတဲ့ ဖိုက်တာတွေကို ချီးမြှင့်သည့် ‘Performance of the night’ ၊ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေနိုင်သည့် ပွဲစဉ်တွေမှာဆိုရင် ‘ Fight of the night’ ဆု စသည့် ဆုတွေကို အသီးသီး ချီးမြှင့်လေ့ ရှိပါသည်။ ဒါဟာ ဖိုက်တာတွေဆီကနေ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ဖော်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး တက်သစ်စဖိုက်တာတွေအတွက် ထိုးကြေးထက် ပိုမိုများပြားတဲ့ Bonus ပမာဏလဲ ဖြစ်ပြီး တစ်ချို့ဖိုက်တာတွေ မက်မက်မောမော တောင်းတနေသည့် ဆုလဲဖြစ်ပါသည်။
2022 ခုနှစ်မှာ ‘One Championship’ ဟာလည်း အဆိုပါစနစ်ကို စတင်ကျင့်သုံးတော့မည်ဟု CEO ‘Chatri’ က တရားဝင်ကြေငြာခဲ့ပါသည်။ UFC ပြိုင်ပွဲတွေမှာ ချီးမြှင့်သည့် ပမာဏ အတိုင်း ‘One championship’ မှာလည်း $50,000 ချီးမြှင့်မည် ဖြစ်ပါသည်။
ဥက္ကဌ ဖြစ်သူ ‘Chatri’ က အဆိုပါ Bonus ဆုကို 1 ခုမှ အများဆုံး 5 ခုအထိ ချီးမြှင့်မည်ဟုလည်း ထုတ်ပြန် ကြေငြာခဲ့ပါသည်။ ဒီလို ပေါ်လစီမျိုး ပြဌာန်းလိုက်သည့်အပေါ် မြန်မာပရိသတ်တွေ အချစ်တော် အောင်လအန်ဆန်းဟာ ထိပ်ဆုံးကနေ လက်ခုပ်တီး ကြိုဆိုမှာ သေချာပါတယ်။

အောင်လဟာ ‘One championship’ နှင့် လက်တွဲခဲ့သည့် သက်တမ်းတစ်လျှောက် ပြိုင်ပွဲစီစဉ်သူတွေဘက်က ကမ်းလှမ်းမှုတွေ ရှိလာတိုင်း တစ်ကြိမ်တစ်ခါမှ ငြင်းပယ်ခဲ့ခြင်း မရှိခဲ့ဘူးဟု အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အနိုင်အရှုံးရလဒ်ထက် ပရိသတ်တွေကိုသာ ဖျော်ဖြေမှု ပေးနိုင်အောင် ကြိုးစားနေကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ဖူးပါသည်။
ယခုလို ‘ One championship’ ကထုတ်ပြန်လိုက်သည့် bonus ဆုတွေဟာ ဖိုက်တာတွေအကြိုက် ဖြစ်ပြီး ကျွန်တော်တို့ မြန်မာကိုယ်စားပြု အောင်လအန်ဆန်း အနေဖြင့် အဆိုပါ Bonus ဆုတွေကို ရရှိအောင် ကြိုးစားရမည် ဖြစ်ပါသည်။
အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ မဂ်လာရှိသော နေ့ရက်လေး ဖြစ်ပါစေ။
Unicode