၁၁၉ ဒေါ်လာ (ကျပ် ၂ သိန်းဝန်းကျင်) တန် အီလက်ထရောနစ် ပစ္စည်းတစ်ခုက ခလုပ်တစ်ချက်နှိပ်ရုံနဲ့ ကြိုက်တဲ့ ကားတွေကို မူရင်းသော့မရှိပါပဲနဲ့ အဝေးထိန်းစနစ် ရီမုတ်နဲ့ ဖွင့်နိုင် ပိတ်နိုင်ကြောင်း ပြသတဲ့ ဗီဒီယိုက WhatsApp ပေါ်မှာ ပျံ့နှံ့နေပါတယ်။ (စိုးရိမ်စရာပဲနော်)
ရုပ်သံအရ LCD display ပါဝင်တဲ့ ဒီပစ္စည်းရဲ့ အပေါ်ဘက်မှာ ခလုတ်လေး ၆ ခုပါရှိပါတယ်။ ဒီခလုပ်လေးတွေကို တစ်ခုခြင်း တစ်ဆင့်ပြီး တစ်ဆင့် နှိပ်ပြီးတဲ့နောက်မှာ အနီးမှာရှိတဲ့ ကားတစ်စီးရဲ့ တံခါးကို သော့ပွင့်အောင် လုပ်နိုင်ခဲ့ပါတယ်၊ တစ်ခါပြန်ပြီး ခြေရာလက်ရာမပျက် သော့ပြန်ပိတ်နိုင်တာကို တွေ့ခဲ့ရပါတယ်။
ဒီပစ္စည်းလေးရဲ့ ရည်ရွယ်ချက်က မတော်တဆ ကားထဲမှာ သော့ကျန်ခဲ့ပြီး Lock ချမိသူတွေအတွက် အဆင်ပြေအောင် တီထွင်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူခိုးတွေလက်ထဲမှာ ဒီပစ္စည်းမျိုးရှိနေခဲ့ရင် အန္တရာယ်ရှိပါတယ်။
ဒါကြောင့်မို့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ၊ မော်တော်ယာဉ်နဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေကို ကားထဲမှာ မထားခဲ့ကြဖို့ သတိရှိစေချင်ပါတယ်။
Credit : popolay
Zawgyi
၁၁၉ ေဒၚလာ (က်ပ္ ၂ သိန္းဝန္းက်င္) တန္ အီလက္ထေရာနစ္ ပစၥည္းတစ္ခုက ခလုပ္တစ္ခ်က္ႏွိပ္႐ုံနဲ႔ ႀကိဳက္တဲ့ ကားေတြကို မူရင္းေသာ့မရွိပါပဲနဲ႔ အေဝးထိန္းစနစ္ ရီမုတ္နဲ႔ ဖြင့္ႏိုင္ ပိတ္ႏိုင္ေၾကာင္း ျပသတဲ့ ဗီဒီယိုက WhatsApp ေပၚမွာ ပ်ံ႕ႏွံ႔ေနပါတယ္။ (စိုးရိမ္စရာပဲေနာ္)
႐ုပ္သံအရ LCD display ပါဝင္တဲ့ ဒီပစၥည္းရဲ႕ အေပၚဘက္မွာ ခလုတ္ေလး ၆ ခုပါရွိပါတယ္။ ဒီခလုပ္ေလးေတြကို တစ္ခုျခင္း တစ္ဆင့္ၿပီး တစ္ဆင့္ ႏွိပ္ၿပီးတဲ့ေနာက္မွာ အနီးမွာရွိတဲ့ ကားတစ္စီးရဲ႕ တံခါးကို ေသာ့ပြင့္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္၊ တစ္ခါျပန္ၿပီး ေျခရာလက္ရာမပ်က္ ေသာ့ျပန္ပိတ္ႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။
ဒီပစၥည္းေလးရဲ႕ ရည္႐ြယ္ခ်က္က မေတာ္တဆ ကားထဲမွာ ေသာ့က်န္ခဲ့ၿပီး Lock ခ်မိသူေတြအတြက္ အဆင္ေျပေအာင္ တီထြင္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူခိုးေတြလက္ထဲမွာ ဒီပစၥည္းမ်ိဳးရွိေနခဲ့ရင္ အႏၲရာယ္ရွိပါတယ္။
ဒါေၾကာင့္မို႔ ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ တန္ဖိုးရွိတဲ့ ပစၥည္းေတြ၊ ေမာ္ေတာ္ယာဥ္နဲ႔ ပက္သက္တဲ့ စာ႐ြက္စာတမ္းေတြကို ကားထဲမွာ မထားခဲ့ၾကဖို႔ သတိရွိေစခ်င္ပါတယ္။
Credit : popolay