မင်္ဂလာဆောင်နေရင်း မပေါင်းချင်လို့ဆိုကာ ထွက်ပြေးသွားခဲ့ပြီးမှ ၂၂နှစ်ကြာသောအခါတွင် ပြန်ရောက်လာခဲ့ပြီး အမျိုးသား၏ ပိုင်ဆိုင်မှုတစ်ဝက်ကို လာတောင်းသည့် အမျိုးသမီး
ငွေကြေးဆိုသောအရာဟာ လောကတွင်အမြဲလိုအပ်သောအရာတစ်ခုဖြစ်ပြီး ဘဝအတွက် အရေးပါသော အရာတစ်ခုလည်းဖြစ်ပါတယ်။Truong Cao Hongဆိုသည့်အမျိုးသားဟာ တရုတ်နိုင်ငံ Sichuanပြည်နယ် Mianyangမြို့မှ Huang Lihuaဆိုသည့် ကောင်မလေးကို ၁၉၉၀ခုနှစ်တွင် လက်ထပ်ယူခဲ့တာဖြစ်ပါတယ်။

မင်္ဂလာပွဲကျင်းပနေသည့်အချိန်မှ မပေါင်းသင်းနိုင်လို့ဟုဆိုကာ အမျိုးသမီးဟာ ထွက်ပြေးသွားခဲ့တော့တာဖြစ်ပါတယ်။ထို့နောက်အဆက်အသွယ်လုံးဝမရတော့ဘဲ နှစ်ပေါင်း၂၂နှစ်ကြာသောအခါတွင်မှ ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ပြန်ပေါ်လာရခြင်းကလည်း အမျိုးသမီး၏ အရင်ကလက်ထပ်ဖူးခဲ့သော အမျိုးသား၏ ပိုင်ဆိုင်မှုတစ်ဝက်ကို လိုချင်သောကြောင့် လာတောင်းခြင်းဖြစ်ပါတယ်။ထို့ကြောင့် သူတို့နှစ်ဦးဟာ တရားရုံတွင်ဖြေရှင်းနေရပါတယ်။

credit


credit



