ၾကားသိရသမွ်

ဂျပန်တရားရေးဝန်ကြီးကတော့ ရွှေမြန်မာတို့အတွက် ဝမ်းသာစရာသတင်းကောင်းပါးလိုက်ပါပြီ…

ဂျပန်တရားရေးဝန်ကြီးမှ မြန်မာတွေ ဂျပန်ကိုဆန္ဒရှိရင်လာနိုင်ကြောင်း အလုပ်လုပ်ခွင့်ပါပေးမှာဖြစ်ကြောင်းပြောဆို

ဂျပန်က မြန်မာတွေရဲ့ ဒုတိယအိမ်ဖြစ်လာမှာလား ?

အုံကြွမူတွေ ဖြစ်ပေါ်နေတဲ့ မြန်မာမှာ အရပ်သားပြည်သူတွေထိခိုက်သေဆုံးမူတွေဖြစ်ပေါ်နေတဲ့အတွက် ဂျပန်တရားရေးဝန်ကြီးဌာနကနေ မြန်မာလူမျိုးတွေကို ဂျပန်မှာနေထိုင်ဖို့ အထူးအစီအစဉ်အနေနဲ့ခွင့်ပြုပေးဖို့ အတည်ပြုလိုက်တယ်လို့ သိရှိရပါတယ်..

တရားရေးဝန်ကြီး Kamikawa က သတင်းစာရှင်းလင်းပွဲမှာ – မြန်မာတွေ ဆန္ဒရှိပါက ဂျပန်မှာလာနေထိုင်ဖို့နဲ့ အလုပ်လုပ်ကိုင်ခွင့်တို့ကို အထူးအစီအစဉ်အနေနဲ့ [အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်(မြန်မာလူမျိုးများအတွက်) ] ကို ၂၈ရက်နေ့ကနေ စပြီး ခွင့်ပြုပြီလို့ ထုတ်ပြန်လိုက်ပါတယ်..

ဒုက္ခသည်အဖြစ်လျှောက်ထားလာမယ်ဆိုရင်တော့ ချက်ချင်းစစ်ဆေးပေးမယ်ဟုကြေညာပြီး ဒုက္ခသည်အဖြစ်အတည်မပြုပေးနိုင်ရင်တောင် ဂျပန်မှာနေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်..

နေထိုင်ခွင့်ကျပြီးသားသူတွေက သတ်မှတ်ကာလကုန်ဆုံးသွားချိန်မှာလည်း တစ်နှစ်ထပ်တိုး အလုပ်လုပ်ကိုင်ခွင့်ရရှိသွားမှာဖြစ်ပြီး မြန်မာမှာ အခြေအနေပြန်ကောင်းလာရင်တော့ ပြောင်းလဲသွားမှာဖြစ်ပါတယ်..

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်သူပြည်သားတွေကို ဖိနှိပ်မူတွေ ကြောင့် အသက်ဆုံးရူံးရမူတွေ ကြီးစွာဖြစ်ပွားနေပါတယ်

source-ANN မှ ဘာသာပြန်တင်ဆက်သည်.