ၾကားသိရသမွ်

သတို့သမီးပေါင်ပေါ်တင်ပြီး အတိတ်ကချစ်ကြောင်းတွေကို ရှိုက်ကြီးတငင်နဲ့ပြောဆိုတဲ့ ရည်းစားဟောင်းကို သည်းမခံနိုင်လို့ ‌ကန်ချလိုက်တဲ့ သတို့သား

မကြာသေးမီက ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံရှိ မင်္ဂလာပွဲတစ်ခုမှာ တုန်လှုပ်ချောက်ချားစရာ ပရမ်းပတာ ဖြစ်သွားခဲ့ပါတယ် ။ အခမ်းအနားကျင်းပနေစဉ်မှာ သတို့သမီးရဲ့ရည်းစားဟောင်းက မင်္ဂလာဆောင်သို့ ရုတ်တရက်ရောက်ရှိလာပြီး သတို့သမီးရဲ့ခြေထောက်များကို ပွေ့ဖက်ကာ သတို့သမီးပေါင်ပေါ်မှာ ခါးခါးသီးသီး ငိုကြွေးပြီး အတိတ်က ချစ်ခြင်းမေတ္တာကို ရှိုက်ကြီးတငင် ပြောဆိုခဲ့ပါတယ် ။ သတို့သားက ဖြစ်ပျက်သွားတဲ့ စူးစူးရှရှ မြင်ကွင်းကို မသည်းခံနိုင်ဘဲ သတို့သမီးရဲ့ရည်းစားဟောင်းကို ခြေနဲ့ကန်ချလိုက်ပါတယ် ။

သတို့သားက “သူတို့နှစ်ယောက်လုံးက အနားမှာ ဘယ်သူမှမရှိသလို ပြုမူကြတော့ ပိုကြည့်လေ ဒေါသထွက်လေလေဘဲ။ သူမရဲ့ရည်းစားဟောင်းကို မြေပြင်ပေါ် ကန်ချမိတဲ့အထိ သည်းမခံနိုင်တော့ဘူး။” လို့ ဆိုပါတယ် ။ လူငယ်ကို ဇောက်ထိုးကန်ထုတ်ပြီးနောက် ဒေါသအလွန်ထွက်ကာ သတို့သားနဲ့ စကားများရန်ဖြစ်ခဲ့ပေမဲ့ ဘယ်သူကမှ မတားခဲ့ပါဘူး ။ ဒီဇာတ်လမ်းကို တရုတ်အင်တာနက်သုံးစွဲသူတွေက ဝေဖန်ခဲ့ကြပြီး “အနာဂတ်ခင်ပွန်းကို ဒီလိုမရိုသေတဲ့အမျိုးသမီးနဲ့ လက်ထပ်ဖို့ မင်းဘယ်လိုသတ္တိရှိလဲ ။ ငါသာဆိုရင် တစ်သက်လုံး တစ်ကိုယ်တည်းနေမှာ ဒီလိုမိန်းကလေးမျိုးကို မလိုချင်ဘူး။” ဆိုပြီး မှတ်ချက်ပေးကြပါတယ် ။

JRose (KB Chimmy One)

Reference : khaosod

Zawgyi

မၾကာေသးမီက ၿပီးခဲ့တဲ့ သီတင္းပတ္က တ႐ုတ္ႏိုင္ငံရွိ မဂၤလာပြဲတစ္ခုမွာ တုန္လႈပ္ေခ်ာက္ခ်ားစရာ ပရမ္းပတာ ျဖစ္သြားခဲ့ပါတယ္ ။ အခမ္းအနားက်င္းပေနစဥ္မွာ သတို႔သမီးရဲ႕ရည္းစားေဟာင္းက မဂၤလာေဆာင္သို႔ ႐ုတ္တရက္ေရာက္ရွိလာၿပီး သတို႔သမီးရဲ႕ေျခေထာက္မ်ားကို ေပြ႕ဖက္ကာ သတို႔သမီးေပါင္ေပၚမွာ ခါးခါးသီးသီး ငိုေႂကြးၿပီး အတိတ္က ခ်စ္ျခင္းေမတၱာကို ရႈိက္ႀကီးတငင္ ေျပာဆိုခဲ့ပါတယ္ ။ သတို႔သားက ျဖစ္ပ်က္သြားတဲ့ စူးစူးရွရွ ျမင္ကြင္းကို မသည္းခံႏိုင္ဘဲ သတို႔သမီးရဲ႕ရည္းစားေဟာင္းကို ေျခနဲ႔ကန္ခ်လိုက္ပါတယ္ ။

သတို႔သားက “သူတို႔ႏွစ္ေယာက္လုံးက အနားမွာ ဘယ္သူမွမရွိသလို ျပဳမူၾကေတာ့ ပိုၾကည့္ေလ ေဒါသထြက္ေလေလဘဲ။ သူမရဲ႕ရည္းစားေဟာင္းကို ေျမျပင္ေပၚ ကန္ခ်မိတဲ့အထိ သည္းမခံႏိုင္ေတာ့ဘူး။” လို႔ ဆိုပါတယ္ ။ လူငယ္ကို ေဇာက္ထိုးကန္ထုတ္ၿပီးေနာက္ ေဒါသအလြန္ထြက္ကာ သတို႔သားနဲ႔ စကားမ်ားရန္ျဖစ္ခဲ့ေပမဲ့ ဘယ္သူကမွ မတားခဲ့ပါဘူး ။ ဒီဇာတ္လမ္းကို တ႐ုတ္အင္တာနက္သုံးစြဲသူေတြက ေဝဖန္ခဲ့ၾကၿပီး “အနာဂတ္ခင္ပြန္းကို ဒီလိုမ႐ိုေသတဲ့အမ်ိဳးသမီးနဲ႔ လက္ထပ္ဖို႔ မင္းဘယ္လိုသတၱိရွိလဲ ။ ငါသာဆိုရင္ တစ္သက္လုံး တစ္ကိုယ္တည္းေနမွာ ဒီလိုမိန္းကေလးမ်ိဳးကို မလိုခ်င္ဘူး။” ဆိုၿပီး မွတ္ခ်က္ေပးၾကပါတယ္ ။

JRose (KB Chimmy One)