ယနေ့ည မန္တလေးအိုးဘိုထောင်အတွင်း ဆန္ဒပြမှုဖြစ်ပွားနေ
မန္တလေး အိုးဘိုထောင်အတွင်းမှာ ဩဂုတ် ၈ရက်၊ည ၉နာရီကျော်လောက်ကနေစပြီး
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အသံတွေ ကြားနေရတယ်လို့ ထောင်အနီးမှာနေထိုင်တဲ့သူ တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောပါတယ်။
“ကိုးနာရီလောက်ကတည်းက ဆူသံတွေ ဟိန်းလာတာပဲ။အဲဒီလိုအသံကြားပြီး မကြာဘူး
သေနတ်သံတွေကြားရတယ်။ဘယ်လိုတွေဖြစ်နေတယ်ဆိုတာတော့ မသိဘူး။”လို့ ထောင်အနီးမှာ နေထိုင်သူကပြောပါတယ်။
ထောင်ပတ်ဝန်ကျင်မှာတော့ အာဏာသိမ်း လက်နက်ကိုင် အဖွဲ့ကနေရာယူထားပြီး
အိုးဘိုရပ်ကွက် ၇၆လမ်း၊ရထားသံလမ်းကူးကိုပိတ်ထားတယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ထောင်ဝန်ထမ်းတွေရဲ့ ဖုန်းအားလုံးကို
အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က သိမ်းထားတယ်လို့သိရပါတယ်။
Source : Mizzima
Zawgyi
ယေန႔ည မႏၲေလးအိုးဘိုေထာင္အတြင္း ဆႏၵျပမႈျဖစ္ပြားေန
မႏၲေလး အိုးဘိုေထာင္အတြင္းမွာ ဩဂုတ္ ၈ရက္၊ည ၉နာရီေက်ာ္ေလာက္ကေနစၿပီး
စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပေနတဲ့ အသံေတြ ၾကားေနရတယ္လို႔ ေထာင္အနီးမွာေနထိုင္တဲ့သူ တစ္ဦးက မဇၩိမကို အတည္ျပဳေျပာပါတယ္။
“ကိုးနာရီေလာက္ကတည္းက ဆူသံေတြ ဟိန္းလာတာပဲ။အဲဒီလိုအသံၾကားၿပီး မၾကာဘူး
ေသနတ္သံေတြၾကားရတယ္။ဘယ္လိုေတြျဖစ္ေနတယ္ဆိုတာေတာ့ မသိဘူး။”လို႔ ေထာင္အနီးမွာ ေနထိုင္သူကေျပာပါတယ္။
ေထာင္ပတ္ဝန္က်င္မွာေတာ့ အာဏာသိမ္း လက္နက္ကိုင္ အဖြဲ႕ကေနရာယူထားၿပီး
အိုးဘိုရပ္ကြက္ ၇၆လမ္း၊ရထားသံလမ္းကူးကိုပိတ္ထားတယ္လို႔လည္းသိရပါတယ္။
လက္ရွိမွာ ေထာင္ဝန္ထမ္းေတြရဲ႕ ဖုန္းအားလုံးကို
အာဏာသိမ္း လက္နက္ကိုင္အဖြဲ႕က သိမ္းထားတယ္လို႔သိရပါတယ္။
Source : Mizzima



