ၾကားသိရသမွ်

ကြားရသူတိုင်း မျက်ရည်ကျစေတဲ့ ချစ်သုဝေ ရွတ်ဆိုခဲ့တဲ့ ကဗျာလေး

ကြားရသူတိုင်း မျက်ရည်ကျစေတဲ့ ချစ်သုဝေ ရွတ်ဆိုခဲ့တဲ့ ကဗျာလေး

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါ ရှိပါသည် …

ချစ်သုဝေ ကတော့ ငယ်ငယ်လေး ကတည်းက အဆိုတော်လုပ်ရင်း မြန်မာဇာတ်လမ်း တွေမှာလည်း ကျရာ နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့

အားပေးမှုကို ခံခဲ့ရသူလေးဖြစ်ပါတယ်။ ချစ်သုဝေကတော့ ဆရာဝန်တစ်ယောက် ဖြစ်ပေမဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ရင်း အဆိုတော် လင်းလင်းနဲ့ အိမ်ထောင် ကျပြီးလို့

ခေတ်ခေတ်နဲ့သစ်သစ် လို့ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သာယာပျော်ရွင်တဲ့ မိသားစုဘဝလေးမှာ ကိုယ်ပိုင်စီးပွားရေးအပြင်

ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ခွဲစိပ်ဖို့လိုအပ်တဲ့ကလေးတွေကိုလည်း ကုသိုလ်ယူရင်း ရောဂါကုသပေးနေတာဖြစ်ပါတယ်။ချစ်သုဝေ ဟာ လက်ရှိမှာ

ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံ ထားရတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ သူမရဲ့ လုံခြုံရေးကြောင့် အွန်လိုင်းအသုံးပြုခြင်းမရှိဘဲ

လူမှုကွန်ယက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်က ပြည်သူ့အစိုးရ ဖြစ်တဲ့ကျန်းမာရေး၀န်ကြီးဌာနက ပြုလုပ်မည့်

ရန်ပုံငွေ ဖျော်ဖြေပွဲမှာ ဆိုရင် အနုပညာရှင် ညီအစ်ကို မောင်နှမတွေ များစွာပါဝင်မှာ ဖြစ်ပါတယ်နော်။

အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင်ချစ်သုဝေ ကလဲကျန်းမာရေး၀န်ကြီးဌာနက ပြုလုပ်မည့် ရန်ပုံငွေဖျော်ဖြေပွဲမှာ တစ်တောင့်တစ်နေရာကနေပါဝင်ထားပါတယ်နော်။

ဒီနေ့လေးမှာတော့ ချစ်သုဝေ ရွတ်ဆိုထားတဲ့ ကဗျာလေးကြောင့်ကြည့်မိသူတိုင်းက မျက်ရည်ဝဲရတာဖြစ်ပါတယ်နော် …

ဒါ့ကြောင့်မကြည့်ရသေးတဲ့ ပရိသတ်ကြီးလည်းး ချစ်သုဝေရဲ့ကဗျာလေးကို နားထောင်ပြီး အားပေးကြပါအုံးနော် …

ရုပ်သံဖိုင် ကြည့်ရန်…

Source – Chit Thu Wai

Credit