အသက် ၅၂ နှစ်အရွယ် Ferdinand Gomez အမည်ရှိအမျိုးသားတစ်ဦးဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုစုစောင့်ရှောက်သူပြည်ပအလုပ်သမား
အဖြစ်အလုပ်လုပ်တဲ့အပြင် အခြားအလုပ်တစ်ခုပါလုပ်ကိုင်ရင်း ဖိလစ်ပိုင်နိုင်ငံ Davao ပြည်နယ် Tagum မြို့ရှိ အသက် ၂၆ နှစ်အရွယ် Innah Esmero အမည်ရှိ
ချစ်သူကောင်မလေးအား ငွေကြေးထောက်ပံ့ပေးနေခဲ့ပါတယ်။ အလုပ်နှစ်ခုလုပ်ကိုင်ရင်း တစ်ရက်လျှင် ၃ နာရီမှ ၄ နာရီခန့်သာအနားယူခဲ့ရပေမဲ့ ကံမကောင်းစွာနဲ့
Ferdinand ဟာ ချစ်သူ Innah နှင့် အသက်ငယ်တဲ့ကောင်လေးတစ်ဦးတို့ရဲ့လိမ်လည်ခြင်းကိုခံခဲ့ရပါတယ်။ ဒါ့ကြောင့် Ferdinand ဟာ ဒူဘိုင်းရှိ Kris Chua အမည်
ရှိဝမ်းကွဲညီ ၊ အမေဖြစ်သူတို့နဲ့အတူ Innah အကြောင်းချပြဖို့ Raffy Tulfo အမည်ရှိအစီအစဉ်တင်ဆက်သူရဲ့ TV show သို့ပါဝင်ခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် မေလ(သို့)ဇွန်လမှာ သူဟာ Innah နှင့် Facebook မှာတွေ့ဆုံခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်စကားပြောခဲ့ကြပြီးနောက်စုံတွဲဖြစ်လာခဲ့ပါတယ်။ ထို့ပြင်
Innah က သူ့ဆီကပိုက်ဆံတောင်းတဲ့အခါ Ferdinand က ဘာမှမမေးမြန်းဘဲသူမအားထောက်ပံ့ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ချစ်သူသက်တမ်းလအနည်းငယ်မှာတော့ ချစ်စိတ်ကျွမ်းသွားခဲ့တဲ့ Ferdinand ဟာ Innah နှင့်လက်ထပ်ဖို့သေချာစေခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ သူမရဲ့ကိုယ်ပိုင်
လိုအပ်ချက်များအတွက်နှင့် သူမသားရဲ့အသုံးစရိတ်များအတွက်ကိုပါထောက်ပံ့ပေးခဲ့တဲ့အပြင် ၎င်းတို့ရဲ့အနာဂတ်အိမ်ကိုဆောက်လုပ်နိုင်ရန်အလုပ်ကြိုးစားလုပ်ခဲ့ပါ
တယ်။

Ferdinand ဟာ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ၎င်းတို့နှစ်ဦးလက်ထပ်ဖို့စီစဉ်ထားခဲ့ပြီး သူဟာ Innah ကိုအခြားတစ်ယောက်နှင့်တွဲမြင်တိုင်း စိတ်
ကထိကအောက်ဖြစ်ခဲ့ရပေမဲ့ ၎င်းတို့ရဲ့ဆက်ဆံရေးကိုဆက်လက်ထောက်ခံခဲ့ပါတယ်။

Ferdinand ဟာ သူမရဲ့မိသားစုဝင်တွေအတွက် ဖိနပ်အပါအ၀င် တန်ဖိုးကြီးပစ္စည်းများကိုပါဝယ်ပေးခဲ့သလို စုစုပေါင်း ဒေါ်လာ ၃၂၀၀၀ ကို Innah အားငွေသားဖြင့်ပို့
ပေးခဲ့ပေမဲ့ သူမဝယ်ထားတဲ့ ဒေါ်လာ ၁၂၀၀ တန်စေ့စပ်လက်စွပ်ကိုသာမြင်တွေ့ခဲ့ရပါတယ်။

သို့ပေမဲ့ ၎င်းတို့ရဲ့မင်္ဂလာဆောင်ရက်နီးလာတာနဲ့အမျှ Innah က သူ့ရဲ့အမြဲမနာလိုမှုကြောင့် ၎င်းတို့ရှေ့ဆက်ရန်မဖြစ်တော့ကြောင်းရုတ်တရက်ပြောလာခဲ့ပြီး သူမနှင့်
သူမမိသားစုအားလုံးက Ferdinand အား အဆက်အသွယ်ဖြတ်ခဲ့ကြပါတယ်။

နောက်ပိုင်း Ferdinand ဟာ သားဖြစ်သူရဲ့ Facebook acc နှင့်သုံးနေခဲ့တဲ့ Innah မှာ အခြားယောက်ျားတစ်ယောက်နှင့် နောက်ကွယ်မှာ အမှန်တကယ်ဆက်ဆံရေးရှိ
နေခဲ့တာကိုတွေ့ရှိခဲ့ရပါတော့တယ်။ Ferdinand ဟာ သူနှင့် Innah တို့ရဲ့ဆက်ဆံရေးကြောင့် သားသမီးများက ယခင်ကတည်းကပင် သူ့နှင့်အဆက်အသွယ်မလုပ်
သလို စကားလည်းမပြောခဲ့ကြပါဘူး။
ထို့ပြင် Ferdinand ဟာ ပြည်ပ၌အလုပ်လုပ်နေတုန်း ဖိလစ်ပိုင်မှတိုက်ခန်းတစ်ခန်းဝယ်ယူကာ Innah နှင့်သူမသားတို့အား သူပြန်မယ့်အချိန်ကိုစောင့်ရင်း ၎င်း
တိုက်ခန်းမှာနေထိုင်စေခဲ့ကြောင်း ဝမ်းကွဲညီ Kris ကပြောပြခဲ့ပါသေးတယ်။
JRose (KB Chimmy One)
Reference : rachfeed



