မိန်းကလေးတစ်ယောက်အနေနဲ့ သူတစ်ပါးကို မလိမ်ညာဘဲ တကယ်အချစ်စစ်နဲ့ချစ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ကိုယ်ချစ်နေတာကို သည်းသည်းလှုပ်မဖော်ပြသင့်ပါဘူး။ ဒီလိုမဖော်ပြသင့်ရတဲ့ အကြောင်းအရင်း (၅) ချက်ကတော့ ဒီလိုပါ။ လူတိုင်းဒီလိုဖြစ်မယ်ရယ်လို့တော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေအများဆုံး အရာတွေကို ဖော်ပြပေးထားတာပါနော် …. ။
(၁) အနိုင်ယူလာမယ်
ယောကျ်ားတွေဟာ ပင်ကိုဗီဇကိုက အနိုင်ယူချင်စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။ တကယ်လို့ သင်သာ သူ့ကို သည်းသည်းလှုပ်ချစ်ပြလိုက်မယ်၊ ဒါမှမဟုတ် သူ့ကိုသင် အရမ်းချစ်နေတာကို သိသွားမယ်ဆိုရင်တော့ သင့်ကို အနိုင်ယူလာတော့မှာပါ။ ဒါကြောင့်မို့လို့ ယောကျ်ားတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ထုတ်မပြတာ အကောင်းဆုံးပါပဲ. …. ။
(၂) တန်ဖိုးမထားတော့ဘူး
သင့်ချစ်သူကို သူမရှိပဲမနေနိုင်တဲ့ ပုံစံလုံးဝမလုပ်ပြပါနဲ့။ ဒီပုံစံကိုမြင်သွားရင် ဒါမှမဟုတ် သင်ဒီလိုဖြစ်နေတာကို သိသွားရင် သင့်ကို အရင်လို တန်ဖိုးထားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်တဲ့၊ ချစ်သူမရှိလည်း ကိယ့်ဘာသာကို ကောင်းကောင်းနေတတ်တဲ့ သူမျိုးကိုမှ ယောကျ်ားလေးတွေက တန်ဖိုးထားတာပါ။ ဒါကြောင့် သူူ့ကို သည်းသည်းလှုပ်ချစ်မပြသင့်သလို သူ မရှိဘဲမနေနိုင်တဲ့ပုံစံလည်း မဖြစ်စေပါနဲ့ ….. ။
(၃) ဂရုစိုက်တာတွေလျော့လာမယ်
သင့်ချစ်သူကို သင်သည်းသည်းလှုပ်ချစ်ပြပြီး အမြဲတမ်း သူ့ကို တွယ်ကပ်နေမယ်ဆိုရင်တော့ သင့်ကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ သင်ဟာ သူ ဂရုမစိုက်ရင်တောင် သူ့ကိုဂရုစိုက်နေမယ့်သူမျိုးဖြစ်တယ်ဆိုတာ သူသိလိုက်တာနဲ့ သင့်ကို အချိန်တွေပေး၊ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ လိုတာထက်ပိုပြီး အရမ်းဂရုစိုက်မပြတာ အကောင်းဆုံးပါပဲ …. ။
(၄) မချော့တော့ဘူး
သင့်ချစ်သူကို သည်းသည်းလှုပ်ချစ်ပြပြီး စိတ်ကောက်တဲ့ အချိန်တွေမှာလည်း ကြာကြာမချော့လိုက်ရပဲ ချက်ချင်းစိတ်ပြန်ပြေတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ သင့်ချစ်သူက သင့်ကိုသူ မချော့လည်း သင့်ဘာသာသင်စိတ်ပြေတယ် ဆိုတာကို သိသွားရင် သင့်ကို စိတ်ရှည်ရှည်နဲ့ချော့တော့မှာ မဟုတ်သလို သင်ဘယ်လောက်ပဲ စိတ်တို၊ ဒေါသထွက်ထွက် အရေးစိုက်တော့မှာ မဟုတ်ပါဘူးနော် …. ။
(၅) ပင်ပန်းမယ်
သင့်ချစ်သူကို သင် သည်းသည်းလှုပ်ချစ်ပြလိုက်ရင် သူ့ရဲ့ ပြောင်းလဲလာတဲ့ အချိုးတွေကြောင့် လူပင်ပန်းစိတ်ပင်ပန်းရမှာ သင်ပါပဲ။ သင်ချစ်သလောက် သူက ပြန်မချစ်တဲ့အခါ၊ သင်ချစ်ပြသလို သူက ချစ်မပြတဲ့အခါ သင့်ရဲ့ မာနတွေကို ထိခိုက်ရုံသာမက သင်ကိုယ်တိုင်လည်း အမြဲတမ်း စိတ်တိုဒေါသထွက်ပြီး အလိုမကျဖြစ်နေရမှာပါ။ ဒါကြောင့် အစကတည်း သူ့ကို အရမ်းချစ်မပြပဲ ခပ်တင်းတင်းလေးနေတာ အကောင်းဆုံးပါပဲ ….. ။
Em Em(Auntymay)
Unicode
မိန်းကလေးတွေ ကိုယ့်ရည်းစားကိုယ် သည်းနေအောင် မချစ်ပြသင့်တဲ့ အကြောင်းအရင်း (၅)ချက်