” မြန်မာ့ပထမဦးဆုံး Hollywood ရုပ်ရှင်မင်းသမီး ( သို့) ဝင်းမင်းသန်း ” 🇲🇲🇲🇲
ဒီတစ်ခေါက်မှာတော့ Hollywood ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးရိုက်ကူးခွင့်ရရှိခဲ့တဲ့ မြန်မာ့ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းအကြောင်းကို ဝေမျှပေးသွားမှာပါ..
မူရင်းရေးသားသူ မည်သူမဆိုအား လေးစားစွာဖြင့် Credit ပေးပါတယ်ခမျာ..☺🙏
‘ ဝင်းမင်းသန်း ‘
– ဝင်းမင်းသန်း၏ အမည်အရင်းမှာ ဝင်းဝင်းမြင့်ဖြစ်ပြီး English Name ကတော့ Helga Johnson. .
ဖခင် ဩစတီးလျယူမျိုး နှင့် မိခင် ဗမာလူမျုးတို့မှ မွေးဖွားလာပြီး ဩစတေးလျ – မြန်မာ ကပြား မင်းသမီး ဖြစ်သည့်အလျှောက် ဝင်းမင်းသန်း၏ အလှမှာ ထူးခြားလှ၏ (သူမ ၏ အင်္ဂလိပ်စာ အရေးအပြောစွမ်းရည်မှာ သံသယ ဖြစ်ရာမလိုခဲ့ပေ)
– မွေးဇာတိမှာ ပဲခူးဖြစ်ပြီး ရန်ကုန်တွင်သာ ကြီးပြင်းခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ချိန် ဂျပန်တို့ မြန်မာနိုင်ငံသို့ သိမ်းပိုက်ချိန်တွင် သူမတို့ မိသားစု အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်..
– အသက် ၁၄ နှစ်မတိုင်ခင်ထိ အိန္ဒိယ သီလရှင်လေးများကျောင်းတွင် ပညာသင်ယူခဲ့ကာ ၁၉၅၁ မှာ သူမ ကို London သို့ပို့စေကာ Morie Rambert’s Dance School မှာ အကပညာသင်ကြားစေခဲ့ပြီး ဝါသနာမပါသောကြောင့် တစ်နှစ်အကြာတွင် ကျောင်းမှ နှုတ်ထွက်ခဲ့ပါတယ်..
သူမ၏ ခင်ပွန်းဖြစ်သူမှာ ရဲဘော် သုံးကျိပ်မှ ဗိုလ်စင်္ကြာ (သခင်အောင်သန်း) ဖြစ်ပြီး ဇန်နဝါရီလ ၇ ၁၉၅၄ တွင် လက်ထပ်ခဲ့ကာ အာကာစင်္ကြာ ဟူသော သားတစ်ဦးသာထွန်းကားခဲ့ပါတယ်
– ဝင်းမင်းသန်း Hollywood ရုပ်ရှင်ရိုက်ကူးရန် အကြောင်းဖန်လာသည်မှာ ဆန်းကြယ်လှတယ်လို့ ပြောရမလား
– အမေရိကန် နာမည်ကျော် ဒါရိုက်တာ Robert Parrish ၏ သူငယ်ချင်းဖြစ်သူမှာ ဝင်းမင်းသန်း ဖခင် နှင့်လည်း သူငယ်ချင်းဖြစ်ကာ မြန်မာနိုင်ငံသို့လာရောက်ချိန် သူမ၏ အိမ်သို့ အလည်လာချိန်တွင် ကျက်သရေ ပြည့်ဝလှသော မြန်မာအမျိုးသမီး ဝင်းမင်းသန်း၏ ပုံများကို တွေ့ရှိသွားပြီး ဖခင်ဖြစ်သူထံ ခွင့်တောင်းကာ သူငယ်ချင်းဖြစ်သူ Robert ထံ ချက်ချင်းပို့လိုက်ပါတယ်..
– Robert က ချက်ချင်းပင် သဘောတူကာ ဝင်းမင်းသန်းအား ခေါင်းဆောင်မင်းသမီး နေရာကို လျှောက်လွှာမလို လူတွေ့မလိုပဲ ချက်ချင်းပင် ခန့်အပ်လိုက်ပါတယ်..
Robert က အင်္ဂလိပ် အာရှ စစ်ကားအကြောင်း ရိုက်ကူးရန် အာရှသူ မင်းသမီးများကို လျှောက်လွှာတင် ရွေးချယ်နေချိန်ဖြစ်ပြီး အာရှ နိုင်ငံအသီးသီးမှာ မင်းသမီးပေါင်း ၂၀၀ ခန့် လျှောက်လွှာတင် ရွေးချယ်နေချိန်တွင် ယခုကဲ့သို့ အားလုံးကို ကျော်ဖြတ်ကာ မြန်မာမင်းသမီးဝင်းမင်းသန်းသည် ခေါင်းဆောင်မင်းသမီးနေရာကို ရယူနိုင်ခဲ့ပါတယ်..
– ထိုစာရင်းထဲတွင် ကုန်းဘောင်နောက်ဆုံး ဘုရင့်မင်းဆက် တော်ဝင်မင်းသမီး ရတနာနတ်မယ်လည်း လျှောက်လွှာတင် အရွေးချယ်ခံနေချိန် ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်ရိုက်ကူးရန် ငြင်းဆန်ခဲ့ပါတယ
– ‘ The Purple Plain ( ခရမ်းရောင်လွင်ပြင် ) ‘ Hollywood ဇာတ်ကားကို သီရိလင်္ကာနိုင်ငံ ရွာငယ်လေးတစ်ရွာတွင် ရိုက်ကူးခဲ့ကြကာ
– ရုပ်ရှင်ဇာတ်ကားကို ၁၉၅၄ တွင် Rank Organization Company မှ ဒုတိယ ကမ္ဘာစစ်ကို အခြေခံက အာရှဒေသများကို စစ်မက်ဖြစ်ပွားချိန်ကို ဇာတ်အိမ်တည်ထားခြင်းဖြစ်ကယ ထိုခေတ်က အမေရိကန် ကမ္ဘာကျော် Hollywood သရုပ်ဆောင် တစ်ဦးဖြစ်သည့် မင်းသား Gregory Peck နှင့် တွဲဖက်ရိုက်ကူးရန် စီစဉ်ခဲ့ကြပါတယ်..
– ထိုခေတ်ထိုအခါက Gregory Peck နှင့် ‘ Kiss Scene ‘ ရိုက်ကူးလိုသော မင်းသမီးသည် မင်းသားကို အခကြေးငွေပေးရသည်ဟု ကောလဟာလ ထွက်သည်အထိ နာမည်ကြီးခဲ့ကာ ‘ Kiss Scene ‘ ရိုက်လိုသည့် Gregory Peck ထံ အနမ်းမခံလိုသောကြောင့် ရိုက်ကူးနေချိန်၌ပင် ကြက်သွန်ဖြူ အစိမ်းလိုက်ဝါးစားကာ အနမ်းခန်းကို ရှောင်ရှားခဲ့သည်ဟုလည်း သိရကာ..
– တကယ့် မူရင်းဝတ္ထုမှာတော့ မင်းသမီး၏ Character သည် ‘ Kiss Scenes ‘ များ, အဝတ်အစားမလုံ့တလုံ အခန်းများ အတော်များများပါရှိခဲ့ပြီး ထိုအခန်းများအား ပြန်လည် ပြင်ဆင် ဖြတ်တောက်ပစ်ရကာ ခခယယ ရိုက်ကူးခဲ့ရသောမင်းသမီး လည်းဖြစ်သည်..
– မြန်မာ့အိန္ဒြေ မြန်မာ့ယဉ်ကျေးမှုနှင့် မညီဟုဆိုကာ ခေါင်းမာစွာ အပြတ်ငြင်းဆန်ခဲ့ပြီး နောက်ပိုင်း ထိုဇာတ်ကားကို ကြော်ငြာရန်အတွက် ရေကူးဝတ်စုံနဲ့ ရိုက်ပေးပါဟု ကုမ္ပဏီ ဘက်မှ အင်မတန် တောင်းဆိုသောအခါ အနောက်တိုင်းရေကူး ဝတ်စုံအစား မြန်မာ့ ဓလေ့ ထဘီ ရင်လျှားကာ မြန်မာ့ ဆံထုံး ဖြင့်သာ ရန်ကုန်၌ ရိုက်ကူးပေးခဲ့ပါတယ်..
– ရိုက်ကူးရေး အားလပ်ချိန်တိုင်း မြန်မာနိုင်ငံသို့ ခေတ္တပြန်လာ ရန် အမြဲကြိုးစားလေ့ရှိပြီး Interview တစ်ခု၌ သူမကို ခုလို ရုပ်ရှင်မင်းသမီး ဆက်လုပ်ဖြစ်မလားဟု မေးမြန်းခဲ့ရာ
” ကျမ ရုပ်ရှင်မင်းသမီးဆက်မလုပ်ချင်ပါဘူး အမေရိကန် ရုပ်ရှင်ပညာသည်တို့ရဲ့ ဘဝဟာသဘာဝ တယ်ပြီးတော့မကျလှတဲ့အပြင် ဟန်ဆောင်မှုတွေက များလွန်းလို့ပါပဲ
နောက်ပြီး သူတို့ဟာ ဟောလိဝု က္ကထိယ အသွင်အပြင်ဆိုတဲ့ မက်လုံးပေးမှုတွေကို(Glamour)ရောင်းကုန်အနေမျိုးနဲ့ ဗန်းပြစေချင်လွန်းတော့ ကျမတို့လို မြန်မာ အမျိုးသမီးများနဲ့ နည်းနည်းမှ မကိုက်ပါဘူး” ဟု ဝင်းမင်းသန်းမှ ပြန်လည်ဖြေကြားခဲ့ပါတယ်..
– ‘ The Purple Plain ‘ Hollywood ရုပ်ရှင်ဇာတ်ကားမှာ ၁၉၅၅ British Awards ပေးပွဲမှာ Best British Actor , Best British Film, Best British Screen Play, British Film စသော Nominee ၄ ခုထိ ဝင်ခဲ့သော ဇာတ်ကားကောင်းဖြစ်ပြီး Box Office မှာလည်း လူကြိုက်အင်မတန် များပြားခဲ့ပါသေးတယ်..
– ဝင်းမင်းသန်းမှာ အနုပညာမျိုးရိုးမှ ဆင်းသလာသူမဟုတ်သည့်အပြင် ဝါသနာလည်းမပါကာ ရုပ်ရှင်လည်း တစ်ခါမှ ရိုက်ကူးဖူးသူမဟုတ်ဘဲ ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့်သာ လက်ခံခဲ့ခြင်းဖြစ်သည်,
သို့သော် သူမ၏ အမူအယာ စကားပြော သရုပ်ဆောင်မှုတို့သည် တကယ့် သမ္ဘာရင့် မင်းသမီးကြီး တစ်ဦးနှင့်မခြား အားလုံးကို ပိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် သာမန် ရုပ်ရှင်ချစ်ပရိတ်သတ်တွေသာမက Hollywood ရုပ်ရှင်အသိုင်းအဝိုင်းများထံမှလည ချီးကျူးဂုဏ်ပြုမှုကို တခဲနက်ရရှိခဲ့ကာ..
– ထိုရုပ်ရှင်ကား ရိုက်ကူးမှုပြီးထဲက ရုပ်ရှင်ရိုက်ကူးမှုများ လုံးဝဆက်လက်မလုပ်ဆောင်တော့ပဲ သူ့မိသားစုကို ပဲ အချိန်ပေးခဲ့ပာတယ် စက်တင်ဘာ ၆ ရက် ၁၉၆၉ ဗိုလ်စင်္ကြာ နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့ ပြီးချိန်မှာတော့ သားဖြစ်သူနှင့်အတူ Australia နိုင်ငံသို့ သူမအသက် ၃၁ မှာ အပြီးတိုင်ထွက်ခွာသွားပါတေော့တယ်..
မင်းသမီးကြီးသည် ခုချိန်ထိ သက်ရှိထင်ရှားရှိနေသေးကာ ၂၀၂၃ တွင် သူမ အသက် ၉၀ ပြည့်မည်ဖြစ်ပြီး ယခုအချိန်ထိ သာ့သနာ အရိပ်၌ပင် ဘဝအေးချမ်းစွာ ဖြတ်သန်းလျက်ရှိပါတယ်
အခုလို ကမ္ဘာကျော် Hollywood ရုပ်ရီင်တစ်ကားမှာ ကိုယ်မြန်မာနိုင်ငံက မင်းသမီးတစ်လက် ပါဝင်သရုပ်ဆောင်ခဲ့ရပါလားဆိုတဲ့ အတွေးနဲ့တင် ဂုဏ်ယူရပါသော..🇲🇲🇲🇲
မူရင်းရေးသားသူ မည်သူမဆို အားလေးစားစွာဖြင့်..🙏🙏
Original Photo – Crd with Respect
#paulina
#burmesepageanttrend