သီချင်းဆိုခြင်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး နည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ လူငယ်လေး နှစ်ယောက်ကတော့ သူတို့ သီချင်းဆိုသံက တခြားသူတွေ အတွက် အနှောင့်အယှက် ဖြစ်သွားလို့ အရိုက်ခံခဲ့ ရပါတယ်။
ဒီအဖြစ်အပျက်က တရုတ်နိုင်ငံ Heilongjiang မြို့က ကာရာအိုကေခန်း တစ်ခုမှာ ဖြစ်ခဲ့တာပါ။ သူငယ်ချင်း နှစ်ယောက်က ကာရာအိုကေခန်းထဲမှာ သီချင်းဆိုနေတုန်း သူတို့ထဲက တစ်ယောက်က ကာရာအိုကေစက်ကြီးကို အသံအကျယ်ကြီး ဖွင့်ပြီး သီချင်းဆို ပါတယ်။
အဲဒီအချိန်မှာ သူစိမ်းတစ်ယောက်က အခန်းထဲ ဝင်လာပြီး သီချင်းဆိုသံကို နားမခံနိုင်ကြောင်း ရန်စသလို အမူအရာနဲ့ လုပ်ပြပါတယ်။ ကိုယ်ထိလက်ရောက် ပြုမူတာတော့ မရှိလိုက်ပါဘူး။ လူစိမ်း အမျိုးသားက ကာရာအိုကေခန်း ထဲကနေ ပြန်ထွက်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ စိန်ခေါ်ခံလိုက်ရသလို ဖြစ်သွားတာကြောင့် လူစိမ်းရဲ့နောက်ကို လိုက်သွားပါတယ်။
အပြင်ရောက်တော့ လူငါးယောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ရန်ဖြစ်ကြပြီး သူတို့နှစ်ယောက်ကို လူငါးယောက်က ဝိုင်းရိုက်လိုက်ကြ ပါတယ်။ လူငါးယောက်က နှစ်မိနစ်လောက်ကြာ ပြီးတော့ ပြန်သွားကြ ပါတယ်။ အဲဒီနောက် ရဲကို အကြောင်းကြားပြီး ရဲက သံသယရှိတဲ့ လူတွေကို ဖမ်းထားလိုက် ပါတယ်။
သူတို့နှစ်ယောက် လိုက်မလာဘူး ဆိုရင် ကိုယ့်လမ်းကိုယ် ဆက်သွားမှာဖြစ်ကြောင်း၊ သူတို့နှစ်ယောက် လိုက်လာလို့ ဒီလို ရန်ဖြစ်သွားရတာ ဖြစ်ကြောင်း ငါးယောက်အဖွဲ့ထဲက တစ်ယောက်က ပြောပါတယ်။ ဒဏ်ရာကတော့ ကြီးကြီးမားမား မရလိုက်ပါဘူး။ ရဲတွေက သံသယရှိသူတွေကို စစ်ဆေးနေပါတယ် ။
Zombie (Lovemedia)
Ref – worldofbuzz