ဆိုင္ကယ္ျဖင့္ ၂၃၆ ကီလိုမီတာေဝးတဲ့ခရီးကိုႏွင္ကာ Game ထဲမွာေတြ႕ခဲ့တဲ့မိန္းကေလးကိုေတြ႕ဖို႔သြားခဲ့ေပမဲ့ အျငင္းခံလိုက္ရတာေၾကာင့္ ဝမ္းနည္းစြာငိုေႂကြးခဲ့ရတဲ့ အမ်ိဳးသား
ၿပီးခဲ့တဲ့ ရက္က အင္ဒိုနီးရွားႏိုင္ငံ West Sumatraျပည္နယ္ Kota Padang Panjang ၿမိဳ႕ရွိဆိုင္တစ္ဆိုင္ရဲ႕ေရွ႕မွာ
ငိုေႂကြးေနခဲ့တဲ့အမ်ိဳးသားတစ္ဦးရဲ႕ဗီဒီယိုဟာ လူမႈကြန္ရက္တြင္ ျပန႔္ႏွံ႔သြားခဲ့ပါတယ္။အဆိုပါအမ်ိဳးသားက သူငယ္
ခ်င္းျဖစ္သူ fakta.indo ဆိုတဲ့ Instagram acc က တင္ထားတဲ့ဗီဒီယိုမွာ သူငိုရတဲ့အေၾကာင္းရင္းက သူေမွ်ာ္လင့္
ထားတဲ့သူခ်စ္တဲ့ေကာင္မေလးဆီကေန အျငင္းခံလိုက္ရျခင္းျဖစ္ေၾကာင္း ငိုရင္း ေျပာျပေနခဲ့ပါတယ္။သူဟာ
Mobile Legends game ရဲ႕ကစားပြဲတစ္ခုမွာ ကစားေနရင္း အဆိုပါမိန္းကေလးႏွင့္ေတြ႕ဆုံခဲ့ရၿပီးေနာက္
အင္ဒိုနီးရွားလူငယ္ႏွစ္ဦးၾကားခ်စ္ျခင္းေမတၱာမ်ား ျဖစ္ေပၚသြားခဲ့ပုံရပါတယ္။သို႔ေပမဲ့ အဆိုပါအမ်ိဳးသားဟာ
ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ Pekanbaru ၿမိဳ႕မွ Padang Panjang ၿမိဳ႕သို႔ ၂၃၆ ကီလိုမီတာရွည္လ်ားတဲ့ခရီးကိုႏွင္ကာ
သူ႔ရဲ႕ ideal ခ်စ္သူမိန္းကေလးႏွင့္ေတြ႕ဆုံဖို႔ သြားခဲ့ေပမဲ့ အဆိုပါမိန္းကေလးထံမွျငင္းပယ္ခံလိုက္ရၿပီးေနာက္
သူ႔ရဲ႕ခ်စ္ျခင္းေမတၱာဟာ ေၾကကြဲျခင္းျဖင့္ အဆုံးသတ္သြားခဲ့ရပါတယ္။အဆိုပါအမ်ိဳးသားရဲ႕စိတ္ဒဏ္ရာအခက္အခဲ
ဟာ လူမ်ားစြာရဲ႕အာ႐ုံစိုက္မႈကို ရရွိခဲ့ရပါတယ္။သူငယ္ခ်င္းျဖစ္သူက သူ႔အား “ သူက မင္းကို လူဆိုးလို႔ေခၚခဲ့တာ
လား ၊ မင္းရဲ႕အခ်စ္ေတြကိုလည္း ျငင္းပယ္ခဲ့တာလား ” ဟုေမးတဲ့အခါ အဆိုပါအမ်ိဳးသားက သူ႔ေခါင္းကိုညိတ္ရင္း
“ ဟုတ္တယ္” လို႔ေျဖကာ ဆက္ငိုေနခဲ့ပါတယ္။ထို႔ေနာက္ မ်ားစြာေသာ Instagram အသုံးျပဳသူမ်ားက ၎ဗီဒီယို
ရဲ႕ေအာက္မွာ ယေန႔ေခတ္အခ်စ္အေပၚ ၎တို႔ရဲ႕ထင္ျမင္ခ်က္မ်ားျဖင့္ တုံ႔ျပန္ကာ “ အခ်စ္က ႀကိဳတင္ေငြျဖည့္ကဒ္
လိုဘဲ ” ၊ “ အခ်စ္ဆိုတာက အသားအေရာင္ေပၚလည္း မူတည္တယ္” ၊”မင္းသူနဲ႔မေတြ႕ခင္ေလးမွာ ဘာလို႔ video
call ကိုအရင္မေခၚၾကည့္တာလဲ” ဟု ထိုကဲ့သို႔ မွတ္ခ်က္မ်ားစြာကိုေပးခဲ့ၾကပါတယ္။၎ဗီဒီယိုဟာ ေတာမီးကဲ့သို႔
လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့တာေၾကာင့္ ယခုအခ်ိန္အထိ မွတ္ခ်က္ေပါင္း ၂,၆၄၃ ေက်ာ္ႏွင့္ ၾကည့္ရႈသူေပါင္း ၂၀၀,၀၀၀
ေက်ာ္အထိ ရွိေနခဲ့ပါတယ္။
Unciode
ဆိုင်ကယ်ဖြင့် ၂၃၆ ကီလိုမီတာဝေးတဲ့ခရီးကိုနှင်ကာ Game ထဲမှာတွေ့ခဲ့တဲ့မိန်းကလေးကိုတွေ့ဖို့သွားခဲ့ပေမဲ့ အငြင်းခံလိုက်ရတာကြောင့် ဝမ်းနည်းစွာငိုကြွေးခဲ့ရတဲ့ အမျိုးသား
ပြီးခဲ့တဲ့ ရက်က အင်ဒိုနီးရှားနိုင်ငံ West Sumatraပြည်နယ် Kota Padang Panjang မြို့ရှိဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာ
ငိုကြွေးနေခဲ့တဲ့အမျိုးသားတစ်ဦးရဲ့ဗီဒီယိုဟာ လူမှုကွန်ရက်တွင် ပြန့်နှံ့သွားခဲ့ပါတယ်။အဆိုပါအမျိုးသားက သူငယ်
ချင်းဖြစ်သူ fakta.indo ဆိုတဲ့ Instagram acc က တင်ထားတဲ့ဗီဒီယိုမှာ သူငိုရတဲ့အကြောင်းရင်းက သူမျှော်လင့်
ထားတဲ့သူချစ်တဲ့ကောင်မလေးဆီကနေ အငြင်းခံလိုက်ရခြင်းဖြစ်ကြောင်း ငိုရင်း ပြောပြနေခဲ့ပါတယ်။သူဟာ
Mobile Legends game ရဲ့ကစားပွဲတစ်ခုမှာ ကစားနေရင်း အဆိုပါမိန်းကလေးနှင့်တွေ့ဆုံခဲ့ရပြီးနောက်
အင်ဒိုနီးရှားလူငယ်နှစ်ဦးကြားချစ်ခြင်းမေတ္တာများ ဖြစ်ပေါ်သွားခဲ့ပုံရပါတယ်။သို့ပေမဲ့ အဆိုပါအမျိုးသားဟာ
မော်တော်ဆိုင်ကယ်ဖြင့် Pekanbaru မြို့မှ Padang Panjang မြို့သို့ ၂၃၆ ကီလိုမီတာရှည်လျားတဲ့ခရီးကိုနှင်ကာ
သူ့ရဲ့ ideal ချစ်သူမိန်းကလေးနှင့်တွေ့ဆုံဖို့ သွားခဲ့ပေမဲ့ အဆိုပါမိန်းကလေးထံမှငြင်းပယ်ခံလိုက်ရပြီးနောက်
သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ ကြေကွဲခြင်းဖြင့် အဆုံးသတ်သွားခဲ့ရပါတယ်။အဆိုပါအမျိုးသားရဲ့စိတ်ဒဏ်ရာအခက်အခဲ
ဟာ လူများစွာရဲ့အာရုံစိုက်မှုကို ရရှိခဲ့ရပါတယ်။သူငယ်ချင်းဖြစ်သူက သူ့အား “ သူက မင်းကို လူဆိုးလို့ခေါ်ခဲ့တာ
လား ၊ မင်းရဲ့အချစ်တွေကိုလည်း ငြင်းပယ်ခဲ့တာလား ” ဟုမေးတဲ့အခါ အဆိုပါအမျိုးသားက သူ့ခေါင်းကိုညိတ်ရင်း
“ ဟုတ်တယ်” လို့ဖြေကာ ဆက်ငိုနေခဲ့ပါတယ်။ထို့နောက် များစွာသော Instagram အသုံးပြုသူများက ၎င်းဗီဒီယို
ရဲ့အောက်မှာ ယနေ့ခေတ်အချစ်အပေါ် ၎င်းတို့ရဲ့ထင်မြင်ချက်များဖြင့် တုံ့ပြန်ကာ “ အချစ်က ကြိုတင်ငွေဖြည့်ကဒ်
လိုဘဲ ” ၊ “ အချစ်ဆိုတာက အသားအရောင်ပေါ်လည်း မူတည်တယ်” ၊”မင်းသူနဲ့မတွေ့ခင်လေးမှာ ဘာလို့ video
call ကိုအရင်မခေါ်ကြည့်တာလဲ” ဟု ထိုကဲ့သို့ မှတ်ချက်များစွာကိုပေးခဲ့ကြပါတယ်။၎င်းဗီဒီယိုဟာ တောမီးကဲ့သို့
လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တာကြောင့် ယခုအချိန်အထိ မှတ်ချက်ပေါင်း ၂,၆၄၃ ကျော်နှင့် ကြည့်ရှုသူပေါင်း ၂၀၀,၀၀၀
ကျော်အထိ ရှိနေခဲ့ပါတယ်။
credit



