ကရင္နီျပည္နယ္တြင္ CDM ေက်ာင္းဆရာ ရဲေဘာ္ေဇာ္လင္းထြန္းႏွင့္ သူနာျပဳ ဒုတိယႏွစ္ေက်ာင္းသူ ရဲေဘာ္ အဲလစၥဘက္တို႔ က်ဆုံး
ရန္ကုန္၊ မတ္ ၁၀
ကရင္နီျပည္နယ္တြင္ CDM ေက်ာင္းဆရာ ရဲေဘာ္ေဇာ္လင္းထြန္းႏွင့္ သူနာျပဳ ဒုတိယႏွစ္ေက်ာင္းသူ ရဲေဘာ္ အဲလစၥဘက္တို႔ အၾကမ္းဖက္စစ္တပ္၏ ပစ္ခတ္မႈမ်ားေၾကာင့္ မတ္လ ၉ ရက္ေန႔တြင္ က်ဆုံးသြားေၾကာင္း သိရွိရသည္။
ကရင္နီျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေသးေလးဆူ တိုက္ပြဲ ၌ Karenni Generation Z တပ္ဖြဲ႕မွ CDM ေက်ာင္းဆရာ ရဲေဘာ္ ေဇာ္လင္းထြန္း က်ဆုံးခဲ့ရေၾကာင္း ၊ စစ္ေကာင္စီဘက္မွ စႏိုက္ပါေၾကာင့္ ထိမွန္၍ က်ဆုံးခဲ့ရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
အသက္ (၂၄)ႏွစ္အ႐ြယ္ က်ဆုံး ရဲေဘာ္ေဇာ္လင္းထြန္းမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းမဖက္ ၿငိမ္းခ်မ္းစြာ ျပည္သူ႔အာဏာဖီဆန္ေရးလႈပ္ရွားမႈ – CDM တြင္ ပါဝင္ခဲ့ၿပီး Karenni Generation Z (KGZ) တပ္ဖြဲ႕ဝင္တြင္ စစ္ေၾကာင္းမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။
အလားတူ မတ္လ ၉ နံနက္ ၂ ခန္႔ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ေဆာင္ဒူလာေက်း႐ြာသို႔ စစ္တပ္က ေလေၾကာင္းျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ Free Burma Rangers (ကရင္နီ) တပ္ဖြဲ႕ဝင္ ရဲေဘာ္ အဲလစၥဘက္ က်ဆုံးေၾကာင္း၊ ရဲေဘာ္အဲလစၥဘက္သည္ ပဲခူးသားဖြားသင္တန္းေက်ာင္းမွ ဒုတိယႏွစ္သင္တန္းသူျဖစ္ေၾကာင္း သိရွိရသည္။
ကရင်နီပြည်နယ်တွင် CDM ကျောင်းဆရာ ရဲဘော်ဇော်လင်းထွန်းနှင့် သူနာပြု ဒုတိယနှစ်ကျောင်းသူ ရဲဘော် အဲလစ္စဘက်တို့ ကျဆုံး
ရန်ကုန်၊ မတ် ၁၀
ကရင်နီပြည်နယ်တွင် CDM ကျောင်းဆရာ ရဲဘော်ဇော်လင်းထွန်းနှင့် သူနာပြု ဒုတိယနှစ်ကျောင်းသူ ရဲဘော် အဲလစ္စဘက်တို့ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုများကြောင့် မတ်လ ၉ ရက်နေ့တွင် ကျဆုံးသွားကြောင်း သိရှိရသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးလေးဆူ တိုက်ပွဲ ၌ Karenni Generation Z တပ်ဖွဲ့မှ CDM ကျောင်းဆရာ ရဲဘော် ဇော်လင်းထွန်း ကျဆုံးခဲ့ရကြောင်း ၊ စစ်ကောင်စီဘက်မှ စနိုက်ပါကြောင့် ထိမှန်၍ ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
အသက် (၂၄)နှစ်အရွယ် ကျဆုံး ရဲဘော်ဇော်လင်းထွန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင် ပါဝင်ခဲ့ပြီး Karenni Generation Z (KGZ) တပ်ဖွဲ့ဝင်တွင် စစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အလားတူ မတ်လ ၉ နံနက် ၂ ခန့် ဒီးမော့ဆိုမြို့နယ်၊ဆောင်ဒူလာကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် Free Burma Rangers (ကရင်နီ) တပ်ဖွဲ့ဝင် ရဲဘော် အဲလစ္စဘက် ကျဆုံးကြောင်း၊ ရဲဘော်အဲလစ္စဘက်သည် ပဲခူးသားဖွားသင်တန်းကျောင်းမှ ဒုတိယနှစ်သင်တန်းသူဖြစ်ကြောင်း သိရှိရသည်။