ၾကားသိရသမွ်

ထိုင်းကပရိတ်သတ်တွေကို ထိုင်းဘာသာစကားနဲ့ နှုတ်ဆက်ခွင့်ရခဲ့တဲ့ ပိုင်တံခွန်




ဒီတစ်ခေါက်မှာလည်း နာမည်ကြီး Blogger တစ်ယောက်ဖြစ်တဲ့ It’s Me SF ပေ့ခ်ျက Siri ဟာလည်း ပိုင်တံခွန်နဲ့ စားသောက်ဆိုင် တစ်ခုမှာ ဆုံတွေ့ခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျမှာ မျှဝေလာပါတယ်။




Source: It’s Me SF’s fb


unicode

သူ့ကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ် တစ်ယောက်ရဲ့အကူအညီနဲ့ ထိုင်းကပရိတ်သတ်တွေကို ထိုင်းဘာသာစကားနဲ့ နှုတ်ဆက်ခွင့်ရခဲ့တဲ့ ပိုင်တံခွန်

မတရားထောင်ဒဏ် ချမှတ်ခံထားရတဲ့ ပိုင်တံခွန်ကတော့ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက် လာခြင်းအတွက် သူ့ရဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေက ဝမ်းသာနေကြပြီး အထူးသဖြင့် သူ့ကိုချစ်ကြတဲ့ ပြည်တွင်း ပြည်ပ ပရိသတ်တွေက ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ပိုင်တံခွန်ကိုတွေ့တိုင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြသလို သူတို့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်လေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နာမည်ကြီး Blogger တစ်ယောက်ဖြစ်တဲ့ It’s Me SF ပေ့ချ်က Siri ဟာလည်း ပိုင်တံခွန်နဲ့ စားသောက်ဆိုင် တစ်ခုမှာ ဆုံတွေ့ခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာ မျှဝေလာပါတယ်။

ပိုင်တံခွန်ဟာ Siri ရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့ထိုင်းလူမျိုး ပရိသတ်တွေကို သူတို့ရဲ့ဘာသာစကားနဲ့ နှုတ်ဆက်ခွင့်ရရှိခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားပြီး ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။

ထိုင်းပရိသတ်တွေလည်း ပိုင်တံခွန်ကို ပြန်လည်မြင်တွေ့ရလို့ အလွမ်းတွေပြေသွားကြမယ် ထင်ပါတယ်နော်။

Source: It’s Me SF’s fb

Credit ; Myanmar Celebrities