Unicode
မြန်မာနိုင်ငံရဲ့ပရိသတ်တွေက MRTV-4 ကစီစဥ်ရိုက်ကူး ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေကို အရမ်းကိုကြိုက်နှစ်သက်ကြတာကြောင့် အမြဲတမ်းလိုလို စောင့်ကြည့်အားပေးကြပါတယ်နော်။
နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ဂျီဟောသူ ဇာတ်လမ်းတွဲမှာ ဈူးဈူးဈာန် ကိုမမခင် ဆိုတဲ့ဇာတ်ကောင်ပုံစံနဲ့မြင်တွေ့ခဲ့ကြရပြီး ပရိသတ်လက်ခံအားပေးမှု့ကို တစ်ခဲနက်ရရှိခဲ့ပါတယ်။
ဒါအပြင် ဈူးဈူးဈာန် ဟာ MRTV-4 ကထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတိုင်းမှာ ပါဝင်သရုပ်ဆောင်ပြီး ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျကျသရုပ်ဆောင်နိုင်သူလေးလဲဖြစ်ပါတယ်။
သူမဟာ Channel 7 ရုပ်သံလိုင်းမှာပြသခဲ့တဲ့ အချစ်ရဲ့ အထူးတာဝန် ထိုင်းရုပ်သံ ဇာတ်လမ်းတွဲမှာ မြန်မာနောက်ခံ စကားပြောအနေနဲ့ သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ဈူးဈူးဈာန် ရဲ့မိခင်ကြီးဟာ ကွယ်လွန်သွားခဲ့ပြီလို့ စိတ်မကောင်းစွာ သိရပါတယ်။
ဆေးရုံမှာ သတိမေ့မြောနေတာ ကိုးရက်ကျော်ကြာပြီးနောက် သူမရဲ့မိခင်ဖြစ်သူဟာ ပြင်ဦးလွင်မြို့ မွာရွိတဲ့ အောင်သစ္စာဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းလောက်က သူမအမေဆေးရုံတတ်နေရတဲ့အကြောင်းကို လူမှု့ကွန်ယက်မှာ ကိုယ့်မေမေကို ဆေးရုံကုတင်ပေါ်မှာ အဲ့လျိုပုံစံနဲ့မွငျရလိမျ့မယျလို့ အိမ်မက်တောင်မမက်ဖူးခဲ့ဘူး ..ဆေးရုံမှာသတိမေ့နေခဲ့တာ 9ရက်မြောက်အခက်ခဲမှန်သမျှ အစစအရာရာအောင်မြင်ဖြတ်ကျော်နိုင်ပါစေမေမေ လို့ သူမမိခင်အတွက် စိတ်ပူနေတဲ့စာသားတွေရေးသားခဲ့ပါသေးတယ်။
ဒီကနေ့မှာတော့ သူမမိခင်ကြီးဟာကွယ်လွန်သွားခဲ့တာကြောင့် အနုပညာမောင်နှမတွေဟာ အရမ်းကိုစိတ်မကောင်းဖြစ်ပြီး ဈူးဈူးဈာန် ကိုအားပေးစကားတွေကို ပြောဆိုနေကြတာကိုလဲ တွေ့ရပါတယ်။
Credit
Zawgyi
Credit