ပြည်သူသန်း၅၀ကျော်အတွက် အောင်ပွဲတွေလာပြီလို့ပည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး သတင်းစကားပါး
ပြည်သူသန်း၅၀ကျော်အတွက် အောင်ပွဲတွေလာပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး သတင်းစကားပါးပြောကြားလိုက်ပါတယ်။
မေလ၂၆ရက်မှာ လူမှုကွန်ရက်ကနေ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကရေးသားပြောကြားခဲ့ပါတယ်။
“ရက်ပိုင်း၊လပိုင်းအတွင်းမှာ အားလုံးအနေအထားတွေပြောင်းပြန်ဖြစ်သွားနိုင်တယ်။အပေါ်ကအောက်၊ အောက်ကအပေါ်၊ဖိသူကခံရသူ၊ခံရသူက ဖိသူ အဲဒီလိုဖြစ်ရင် ကိုယ်ဘယ်နေရာမှာနေပြီး ဘာလုပ်မလဲဆိုတာ ပြင်ဆင်ထားဖို့လိုတယ်။ချိန်းခြောက်တာမဟုတ်ပါဘူး။

ပြည်သူကအဆုံးအဖြတ်ပေးမယ်။အားလုံးပြင်ဆင်ထားကြ၊ပြည်သူ့တော်လှန်ရေး၊ပြည်သူ့အရေးတော်ပုံ အရှိန်အဟုန်နဲ့လာပြီ။အလှည့်ကျ မနွဲ့မစတမ်း။ပည်သူသန်း၅၀ကျော်အတွက် အောင်ပွဲတွေလာပြီ။တိုက်မောင်းသံစောင့်ရင်း ဒါးသွေးကြ”လို့ဆိုပါတယ်။

ဒါ့အပြင် စားစရာနဲ့ဆေးဝါးများလည်း စုထားဖို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စစ်အာဏာရှင် စနစ်ကို ခုခံကာကွယ်တဲ့ ခုခံမှုတွေကို ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ကယားပြည်နယ်စတဲ့နေရာတွေမှာ စတင်နေပြီဖြစ်ပါတယ်။

Myanmar Harp/
———————
ျပည္သူသန္း၅၀ေက်ာ္အတြက္ ေအာင္ပြဲေတြလာၿပီလို့ပည္ေထာင္စုဝန္ႀကီးေဒါက္တာေဇာ္ေဝစိုး သတင္းစကားပါး
ျပည္သူသန္း၅၀ေက်ာ္အတြက္ ေအာင္ပြဲေတြလာၿပီလို့ျပည္ေထာင္စုဝန္ႀကီးေဒါက္တာေဇာ္ေဝစိုး သတင္းစကားပါးေျပာၾကားလိုက္ပါတယ္။
ေမလ၂၆ရက္မွာ လူမွုကြန္ရက္ကေန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာေဇာ္ေဝစိုးကေရးသားေျပာၾကားခဲ့ပါတယ္။

“ရက္ပိုင္း၊လပိုင္းအတြင္းမွာ အားလုံးအေနအထားေတြေျပာင္းျပန္ျဖစ္သြားနိုင္တယ္။အေပၚကေအာက္၊ ေအာက္ကအေပၚ၊ဖိသူကခံရသူ၊ခံရသူက ဖိသူ အဲဒီလိုျဖစ္ရင္ ကိုယ္ဘယ္ေနရာမွာေနၿပီး ဘာလုပ္မလဲဆိုတာ ျပင္ဆင္ထားဖို့လိုတယ္။ခ်ိန္းေျခာက္တာမဟုတ္ပါဘူး။
ျပည္သူကအဆုံးအျဖတ္ေပးမယ္။အားလုံးျပင္ဆင္ထားၾက၊ျပည္သူ႔ေတာ္လွန္ေရး၊ျပည္သူ႔အေရးေတာ္ပုံ အရွိန္အဟုန္နဲ႔လာၿပီ။အလွည့္က် မႏြဲ႕မစတမ္း။ပည္သူသန္း၅၀ေက်ာ္အတြက္ ေအာင္ပြဲေတြလာၿပီ။တိုက္ေမာင္းသံေစာင့္ရင္း ဒါးေသြးၾက”လို့ဆိုပါတယ္။
ဒါ့အျပင္ စားစရာနဲ႔ေဆးဝါးမ်ားလည္း စုထားဖို့ ျပည္ေထာင္စုဝန္ႀကီးကဆိုပါတယ္။
လက္ရွိမွာ စစ္အာဏာရွင္ စနစ္ကို ခုခံကာကြယ္တဲ့ ခုခံမွုေတြကို ခ်င္းျပည္နယ္၊ရွမ္းျပည္နယ္၊ကခ်င္ျပည္နယ္နဲ႔ကယားျပည္နယ္စတဲ့ေနရာေတြမွာ စတင္ေနၿပီျဖစ္ပါတယ္။
Myanmar Harp/



