ၾကားသိရသမွ်

မနက်ဖြန် ရန်ကုန်မှာ ရေအားလျော့နည်းပြီး ပြတ်တောက်မယ့် မြို့နယ် ၁၇ခုကို ထုတ်ပြန်

မနက်ဖြန် ရေအားလျော့နည်းပြီး ပြတ်တောက်မယ့် မြို့နယ် ၁၇ခုကို ထုတ်ပြန်ဇန်နဝါရီ ၁၈ ရက်နေ့ ရန်ကုန် ၁၇ မြို့နယ်တွင် ၂ ရက်ခန့် ရေအားလျော့နည်းပြတ်တောက်မည်ဖြစ်ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ဖြန်တွင် ရန်ကုန် ၁၇ မြို့နယ်တွင် ၂ ရက်ခန့် ရေအားလျော့နည်းပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ထုတ်ပြန်ချက်အရ ”ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန၊ရေနှင့်သန့်ရှင်းမှုမှ အနောက်ပိုင်းခရိုင်နှင့်မြို့တွင်းမြို့ နယ်များသို့ ရေပေးဝေလျက်ရှိသည့် ကုက္ကိုင်းရေ လှောင်ကန်သို့ရေပြည့်ဝစွာရောက်ရှိနိုင်စေရန် ရေကူးရေတွန်းစက်ရုံဝင်းအတွင်းရှိ ဂျိုးဖြူပိုက်ရေယိုစိမ့်မှုအားပိုက်အသစ်အစားထိုးလဲလှယ်မှုလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက်မွန်းတည့် ၁၂ နာရီမှည ၁၂ နာရီအထိဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းဆောင် ရွက်နေစဉ်ကာလအတွင်းနှင့်ဇန်နဝါရီ ၁၉ ရက်မွန်းတည့် ၁၂ နာရီအထိ မြို့နယ် ၁၇ မြို့ နယ်၌ ရေအားလျော့နည်းပြတ်တောက်မည်ဖြစ်သည်။အဆိုပါမြို့နယ် ၁၇ ခုမှာ ရေကူးရေတွန်းစက်ရုံနှင့်ကုက္ကိုင်းရေလှောင်ကန်တို့မှတဆင့် ရေပေးဝေလျက်ရှိသည့် မြို့နယ်များဖြစ်သည်။

ရေအားလျော့နည်းပြတ်တောက်မည့်မြို့နယ်တွေကတော့ တောင်ဥက္ကလာပ၊ရန်ကင်း၊ မရမ်းကုန်း၊ဗဟန်း၊ ကမာရွတ်၊စမ်းချောင်း၊ အလုံ၊ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံ၊ လသာ၊ လမ်းမတော်၊ ပန်းပဲတန်း၊ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်‌တောင်မြို့နယ်များတွင်၂ ရက်ခန့်ကြာ ရေအားလျော့နည်းပြတ်တောက်မည်ဟုရန်ကုန်မြို့တော်စည်ပင်ကကြေညာထားပါတယ်။

ရေအားလျော့နည်းပြတ်တောက်မှုများဖြစ်ပေါ်နိုင်သဖြင့် ရေကြိုတင်စုဆောင်းထားကြရန် ရန်ကုန်မြို့တော်စည်ပင်က အသိပေးကြေညာထားပါတယ်

Credit

Zawgyi

မနက်္ဖန် ရေအားလေ်ာ့နည်းပြီး ္ပတ်တောက္မယ့် မြို့နယ် ၁၇ခုကို ထုတ်္ပန္ဇန္နဝါရီ ၁၈ ရက်နေ့ ရန္ကုန် ၁၇ မြို့နယ္တြင် ၂ ရက္ခန့် ရေအားလေ်ာ့နည်း္ပတ်တောက္မည်္ဖစ္ဇန္နဝါရီ ၁၈ ရက်နေ့ မနက်္ဖ်န္တင် ရန္ကုန် ၁၇ မြို့နယ္တြင် ၂ ရက္ခန့် ရေအားလေ်ာ့နည်း္ပတ်တောက္မယ္လို့ ရန္ကုန်မြို့တ္စောည္ပင္ထုတ်္ပန္ခ္က်အရ သိရြိရပါတယ်။

ထုတ်္ပန္ခ္က်အရ ”ရန္ကုန်မြို့တ္စောည္ပင်၊အင္ဂ်င္နီယာဌာန၊ရေန်င့်သန့်ရင်းမှုမြ အေနာက္ပိုင်းခရိုင်န်င့်မြို့တြင်းမြို့ နယ္မ်ားသို့ ေရေပးဝေလ်ြက်ရိသည့် ကုက္ကိုင်းရေ လြောင္ကန်သို့ရ္ပေည့်ဝ္စာရောြက်ရိနိုင်စေရန် ရေကူးရေတြန်းစက်ရုံဝင်းအတြင်းရြိ ဂိုး္ဖူပိုက်ရေယိုစိမ့်မှုအားပိုက်အသစ်အစားထိုးလဲလြယ္မှုလုပ်ငန်းဆော်င်ရြက်သားမည်္ဖစ်သည်။

ဇန္နဝါရီ ၁၈ ရက္မြန်းတည့် ၁၂ နာရ္မီည ၁၂ နာရီအထိဆော်င်ရြက်သားမည်္ဖစ်၍ လုပ်ငန်းဆောင် ်ရက်နေစဉ္ကာလအတြင်းန်င့်ဇန္နဝါရီ ၁၉ ရက္မြန်းတည့် ၁၂ နာရီအထိ မြို့နယ် ၁၇ မြို့ နယ်၌ ရေအားလေ်ာ့နည်း္ပတ်တောက္မည်္ဖစ်သည်။

အဆိုပါမြို့နယ် ၁၇ ခု္မာ ရေကူးရေတြန်းစက်ရုံန်င့်ကုက္ကိုင်းေရေလြာင္ကန္တို့္မတဆင့် ေရေပးဝေလ်ြက်ရိသည့် မြို့နယ္မ်ား္ဖစ်သည်။

ရေအားလေ်ာ့နည်း္ပတ်တောက္မည့်မြို့နယ်ေြတေကတာ့ တောင်ဥက္ကလာပ၊ရန္ကင်း၊ မရမ်းကုန်း၊ဗဟန်း၊ ကမာ်ရတ်၊စမ်းခေ်ာင်း၊ အလုံ၊ကြည့်္မင္တိုင်၊ တာေ္မ၊ မဂင်္လာတောင်ညွှန့်၊ ဒဂုံ၊ လသာ၊ လမ်းမေတာ်၊ ပန်းပဲတန်း၊ကေ်ာက္တံတား၊ ဗိုလ္တေထာင်န်င့် ပု္ဇန်‌တောင်မြို့နယ္မ်ားတြင်၂ ရက္ခန့်ကြာ ရေအားလေ်ာ့နည်း္ပတ်တောက္မည်ဟုရန္ကုန်မြို့တ္စောည္ပင္ကေကြညာထားပါတယ်။

ရေအားလေ်ာ့နည်း္ပတ်တောက္မှုမ်ား္ဖစ်ပေါ်နိုင်သ္ဖင့် ရေကြိုတင္စုဆောင်းထားကြရန် ရန္ကုန်မြို့တ္စောည္ပင္က အသိပေးကြေညာထားပါတယ်

Credit