တစ်နိုင်ငံလုံးက ပရိသတ်တွေရော အနုပညာရှင်အချင်းချင်းကရော လေးစားနှစ်သက်ရတဲ့ အဆိုတော် ရေမွန်ကတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့တာ (၈) လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားပေမယ့် သူ့ရဲ့နာမည်နဲ့ သူဖန်တီးခဲ့တဲ့သီချင်းတွေကတော့ ဆက်လက်ရှင်သန်နေဆဲပဲဖြစ်ပါတယ်။
ရေမွန်ရဲ့ အချစ်ဆုံးသူငယ်ချင်းထဲကတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာလည်း ရေမွန်အသက်ရှင်စဉ်ကတည်းက ဝယ်ယူခဲ့တဲ့ သီချင်းနှစ်ပုဒ်ကို ရေမွန်ကွယ်လွန်ပြီးချိန်မှ ပြန်လည်သီဆိုသွားမယ့်အချိန်ကို အခုလိုပဲ ပြောလာပါတယ်။
“ပိုပိုး နဲ့ တီတီသင်ဇာ…💜 သမီးသင်ဇာက တပည့်ဟောင်းပါ။ သူသရုပ်ဆောင်ဖြစ်ကာစ (2006/7)လောက်ကတစ်ခါ (2014)လောက်ကတစ်ခါ အိမ်မှာသွားသင်ပေးဖူးပါတယ်။ သင်တန်းတက်လိုက်၊ရိုက်ကူးရေးတွေ ဝင်လာလို့ ထိုးရပ်သွားလိုက်နဲ့ပေါ့ 😄 (2014) သွားသင်တော့ တွတ်ပီသီချင်းလေးနှစ်ပုဒ်ဆိုဖို့ဝယ်ဖြစ်ခဲ့တယ်။
သူ့အလုပ်တွေဝင်လာတော့ထုံးစံအတိုင်း ရပ်သွားပြန်ရော..ဝယ်ထားတဲ့သီချင်း(8)နှစ်သက်တမ်း (တွတ်ပီဆုံးပြီးတော့မှ )တွတ်ပီရှိစဉ်က မဆိုမသွင်းဖြစ်လိုက်တာ နောင်တတွေရ ယူကြုံးမရဖြစ်ပြီး အမှတ်တယပြန်ဆိုချင်လို့ ဆက်သွယ်လာတယ်။
သတ်မှတ်သက်တမ်းအတော်ကြာသွားလို့ သီချင်းနှစ်ပုဒ်ဖိုးထပ်မံပေး၊Vocal Guide Fees အပြင် သူငယ်ချင်းတွတ်ပီအတွက် အလှူငွေပါ ထည့်ပေးခဲ့တဲ့ သမီး သင်ဇာကို ကျေးဇူးများစွာတင်ပါတယ်”“တွတ်ပီဆန္ဒလေးပြည့်သွားအောင် များများလှူပေးလို့ရပြီ..😊
(သင်ဇာနဲ့တွတ်ပီကလဲ ပြောမနာဆိုမနာ အတော်ခင်ခဲ့တဲ့ဘော်ဒါတွေဘဲ) သင်တန်းသွားပေးတိုင်းအစားအသောက်၊အသီးအနှံ၊အအေးအစုံအလင်ချကြွေး Lunch ပါအတင်းပြင်ဆင်ပေးတဲ့ ဟိုးအရင်ကလိုဘဲ အမြဲနွေးထွေးခဲ့တဲ့ သင်ဇာ့မေမေကိုလဲ ကျေးဇူးပါ။
မိသားစုအားလုံး ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ကြပါစေ 🌹ဘေးကင်းကြပါစေ..🥰 (မရောက်တာ ကြာတော့မမှတ်မိဘဲ မျက်စိလည်နေမှာစိုးလို့ လူကြီး လူကောင်း Body guard ပိုပိုးကို ခေါ်သွားလိုက်လို့ ပါလာတာ 😄 )”ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ အချစ်ဆုံးသူငယ်ချင်း ရေမွန်ရေးထားတဲ့ သီချင်းကို သီဆိုဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော် သီဆိုမယ့် သီချင်းလေး ထွက်ရှိခဲ့ရင် အားပေးကြပါဦးနော်။