ဒုက္ခမများစေချင်ဘူးဆိုရင် အားလုံးအပေါ်မှာ ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ
တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွေပွားနေမယ်ဆိုရင်
ကိုယ့်သံယောဇဉ်ကြောင့် ကိုယ်ဒုက္ခရောက်ရမှာဖြစ်သလို
သူ့သံယောဇဉ်ကြောင့် သူဒုက္ခရောက်ရပါလိမ့်မယ်..
ကိုယ့်ကြောင့် သူ့ကိုမဆင်းရဲစေချင်ဘူးဆိုရင်
ကိုယ့်အပေါ်မှာရှိနေတဲ့ သူ့ရဲ့သံယော ဇဉ်တွေကို
ကြီးထွားသွားအောင် မလုပ်ပါနဲ့..

သူ့ကြောင့် ကိုယ်မဆင်းရဲချင်ဘူးဆိုရင်လည်း
သူ့အပေါ်မှာရှိနေတဲ့ ကိုယ့်ရဲ့သံယော ဇဉ်တွေကို လျှော့ချပစ်ပါ
ဘယ်သူ့အပေါ်မှာထားတဲ့ ဘယ်သူ့ရဲ့သံယောဇဉ် ပဲဖြစ်ဖြစ်
ဒုက္ခကိုဖြစ်စေမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး.. စ
ားသောက်ထားတဲ့ အစားအစာတွေဟာမုချ
ကျင်ကြီးကျင်ငယ်ကိုဖြစ်စေသလိုပဲထားမိတဲ့
သံယော ဇဉ်တွေဟာသေချာပေါက် ဆင်းရဲကိုဖြစ်စေလိမ့်မယ်..
သံယောဇဉ်များခြင်းဟာ ဒုက္ခများခြင်းပဲဖြစ်ပါတယ်
ဒုက္ခ မများချင်ဘူးဆိုရင်ကိုယ်ကလည်း
ဘယ်သူ့ကိုမှ မငြိနဲ့..ကိုယ့်ကိုလည်း ဘယ်သူကမှ မငြိစေနဲ့..
တစ်ယောက်ကိုတစ်ယောက် ငြိမိလို့ကတော့
ချည်ဝင်အူပေါက်လို ရှင်းမရအောင် ရှုပ်သွားလိမ့်မယ်..

ဒါကြောင့် ဒုက္ခမများစေချင်ဘူးဆိုရင် အားလုံးအပေါ်မှာ
ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ.. “တစ်ကယ်တော့ အသက်ရှူနေသမျှ
လောကဓံတွေဖြစ်နေတာပဲ”ကဲ့ရဲ့ခံရ တဲ့အခါ
စိတ်မကောင်းသိပ်မဖြစ်သင့်ဘူး..
သူတို့စိတ်ထဲ မကောင်းဘူးလို့ထင်လို့ဖြစ်မှာပေါ့..
ထင်စရာအကြောင်းလည်း ရှိလို့နေမှာပေါ့..
ကိုယ်လည်း သူများကို ထင်သလိုပဲပေါ့..
စကားဆိုတာသူတို့စိတ်ထဲမှာရှိတာကို ဖွင့်ဟပြလိုက်တာ..
ချီးမွမ်းတယ်ဆိုတာ မင်းကိုကောင်းတယ်
ထင်ကြောင်းကဲ့ရဲ့တယ်ဆိုတာ မကောင်းဘူးထင်ကြောင်းပြ လိုက်တာ..
အဲဒီစကားတွေကတစ်ဆင့်ကိုယ့်ကိုမုန်းတယ်
မကောင်းထင် တယ်ဆိုတာကို ခံစားရတယ်
အဲဒီအခါ စိတ်ထဲတော်တော်ခံစားရလိမ့်မယ်
သူများအထင်ကြီးကို ကိုယ်ကခံစားတာနော်
သေသေချာချာစဉ်းစားကြည့်
သူများက ကိုယ့်ကိုချစ်တယ်လို့ ထင်ရင်တော့
တော်တော်ဝမ်းသာတယ် ပျော်တယ်
သူ့စိတ်ထဲဖြစ်တဲ့အထင်ကို ဘယ့်နှယ် ကြောင့်ကိုယ်က
ဒီမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေရသလဲ
စဉ်းစားကြည့်ရင် တော်တော်လည်း စိတ်ဝင်စားစရာကောင်းတယ်
ဒီလောကဓံတွေကို လူမိုက်တွေရဲ့ တုံ့ပြန်ပုံကဒီလိုပါ
ဒါတွေဟာမမြဲ ဆင်းရဲ အနှစ်မရှိဘူးဆိုတာကို မသိဘူး
ဒီတော့ ကောင်းတယ်လို့ထင်ရင်ဝမ်းသာယစ်မူး စွဲလန်းတယ်

မကောင်းဘူးလို့ထင်ရင် ဝမ်းနည်းကြေကွဲပြီး မလိုချင်ဘူး
တစ် ကယ်တော့ စွဲလမ်းတယ်ဆိုတာဟာနောင်တစ်ချိန်မှာ
အကြီးအကျယ်ပူရာပူကြောင်း ကို ကြိုလုပ်နေတာ
ကိုယ့်ကိုကိုယ်ဆင်းရဲအောင် ဘွတ်ကင်ကြိုလုပ်ထားသလိုပဲ
ပညာရှိတွေကတော့ ဒါတွေဟာ မမြဲဆင်းရဲ အစိုးမရဘူးဆိုတာသိတယ်
အကြောင်းကြောင့်ဖြစ်တဲ့ အ ကျိုးတွေပဲအချိန်တန်ရင် ပြီးသွားမှာပဲဆိုတာကို သိတယ်..
တစ်ကယ်တော့အသက်ရှူနေသမျှ
လောကဓံတွေဖြစ်နေတာပါပဲ
Credit



