သင်ရွေးချယ်လိုက်တဲ့ဝတ်စုံကတစ်ဆင့် လူတွေသင့်ကို သဘောကျရတဲ့အကြောင်းရင်းကို ပြောပြမယ်
သင့်ဘက်က လုပ်ယူနေရတာမဟုတ်ဘဲ တဖက်လူက သူ့အလိုလို သင့်ကိုသဘောကျနေရတဲ့ အကြောင်းအရင်းကို သိချင်ပါသလား။ ဒီနေ့မှာတော့ သင့်ကိုလူတွေသဘောကျရတဲ့ အကြောင်းရင်းကို ပြောပြပေးသွားမှာပါ။ ပေးထားတဲ့ပုံလေးထဲက သင်သဘောအကျဆုံး တစ်ပုံကိုရွေးချယ်ပြီး အဖြေကိုလေ့လာကြည့်လိုက်ရအောင်နော်…
နံပါတ် ၁

သင်ကိုယ်တိုင်တောင်မသိတဲ့ သင့်ရဲ့ဆွဲဆောင်မှုကြောင့် လူတွေကသင့်ကို အရူးအမူးဖြစ်နေရတာပါ။ ဒီဆွဲဆောင်မှုကြောင့်ပဲ သင်ဟာ လူတွေကိုတကူးတက ချဉ်းကပ်နေစရာမလိုဘဲ လူတွေကပဲ သင့်ဘေးနား အလိုလိုရောက်လာတာပါ
နံပါတ် ၂

သင်ဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်တာကြောင့် လူတွေကသင့်ကို သဘောကျနေရတာပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို လူပေါင်းစုံနဲ့ လိုက်လျောညီထွေစွာ နေတတ်တာက သင့်ရဲ့ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေတတ်ပါတယ်
နံပါတ် ၃

သင့်ရဲ့ ပြောင်မြောက်တဲ့ဟာသစွမ်းရည်နဲ့ စပ်စုတဲ့အကျင့်လေးကြောင့် လူတွေကသင့်ကို သဘောကျနေရတာပါ။ ဒီစပ်စုတတ်တဲ့အကျင့်လေးကြောင့်ပဲ သင်ဟာ လူတွေနဲ့စကားတွေ ပိုပြောဖြစ်ပြီး ဒီကြားထဲကမှ သင့်ရဲ့ပြောင်မြောက်တဲ့ဟာသတွေကို ထုတ်ပြောတတ်တာကြောင့် လူတွေက သဘောကျနေကြတာပါ
နံပါတ် ၎

သင့်ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့် လူတွေကသင့်ကို သဘောကျနေရတာပါ။ ဘဝမှာ ကိုယ်လိုချင်တာကို အတိအကျသိပြီး အဲဒါကိုရအောင်ယူတတ်ပါတယ်
နံပါတ် ၅

သင့်ရဲ့ထက်မြက်တဲ့ဉာဏ်ရည်၊ ကရုဏာနဲ့ ချစ်တတ်တဲ့စိတ်ကြောင့် လူတွေကသင့်ကို သဘောကျနေရတာပါ။ သင်ဟာ သင့်ဘေးကလူတွေကို အချိန်တိုင်းမတူညီတဲ့ ခံစားချက်အသစ်တွေကို ဖန်တီးပေးတတ်ပါတယ်။ တဖက်လူရဲ့ ပြောစကားတွေကိုလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးတတ်ပြီး ကြင်နာသနားတတ်ပါတယ်
credit to original writter



