အလွပေရးရာ

အချိန်တိုတွင်း သင့်ကိုပိုလှသွားစေမယ့် အချက် (၄) ချက်..

အချိန်တိုတွင်း သင့်ကိုပိုလှသွားစေမယ့် အချက် (၄) ချက်..

လူတစ်ကိုယ်လုံး နွမ်းလျပြီးကြည့်မကောင်းတော့ဘူး။ မိတ်ကပ်လိမ်းဖို့လည်း အချိန်မရဘူးဆိုရင် ဒါတွေလုပ်ကြည့်ပါ။Gym သွားပြီး အားကစား လုပ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် လှလှပပ ပြင်ဆင်ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များတဲ့လူလား။ တစ်နေကုန်တစ်နေခမ်း လျှောက်သွားနေရလို့ လူက သပ်ရပ်ကျော့ရှင်းမှုမရှိဘဲ အလှတွေ လျော့ကျနေပြီလား။ တစ်နေကုန် အလုပ်များပြီး ညနေဘက်မှာ ချိန်းထားတာရှိလို့မှ ကိုယ်က မလှမပ ဖြစ်နေပြီဆိုရင် ဒီ အချက် တွေကို မှတ်ထားလိုက်ပါ

၁။ ညစ်ပတ်နေတာတွေရှင်း ( ၂မိနစ်)

လက်သန့်ဆေး နဲ့ လက်ကို သန့်ရှင်း အောင်လုပ်လိုက်ပြီး လက်သန့်ဆေး မခြောက်ခင် ခန္ဓာကိုယ်ကို လိုက်သုတ်လိုက်ပါ။ ရေချိုးသလို ဖြစ်သွားတာပေါ့။ လက်သန့်ဆေး ရည် ကို တစ်ရှုးအစိုမှာတင်ပြီး လိုက်သုတ်ရင်လည်း ရပါတယ်။ ရေပြန်မဆေးရတော့ အချိန်ကုန်သက်သာတယ်လေ။ ချိုင်းကြားတွေကို ဦးစားပေးသန့်ရှင်းနော်။

၂။ ရေမြှုပ်လေး (စက္ကန့် ၂၀ )

မိတ်ကပ်လိမ်းတဲ့ ရေမြှုပ် (blender/ sponge) လေးနဲ့ နဖူး၊ နှာခေါင်း၊ မေးရိုးနှစ်ဖက် (T-Zone) နေရာတွေကို လိုက်တို့ပေးပါ။ ပေါင်ဒါကို ထပ်လိမ်းလိုက်ရင် မျက်နှာက ထူပြစ်သွားပြီး ရုပ်ဆိုးသွားမယ်နော်။ အဲ့လိုမလုပ်နဲ့။

၃။ အစိုဓာတ်ဖြည့်ခရင်မ် ( ၁၅ စက္ကန့်)

ချွေးထွက်/နေထိထားတဲ့ အသားအရေ က စိုပြေမှုလည်း မရှိဘူးလေ။ စောနတုန်းက လက်သန့် ဆေးရည် နဲ့ သုတ်ထားလိုက်တော့ အနံ့တွေက ပျောက်သွားပြီ။ ဒါပေမဲ့ စိုပြေမှု လိုအပ်နေတုန်းပဲ။ မွှေးရနံ့ပါတဲ့ body lotion လေးကို ခန္ဓာကိုယ်မှာ လိမ်းလိုက်ပါ။ ဒါမှမဟုတ်လည်း ရိုးရိုး body lotion ကိုပဲ ရေမွှေးလေးနဲ့စပ်ပြီး လိမ်းပေးလိုက်ရင် ရပါတယ်။

၄။ နှုတ်ခမ်းနီ ( ၅ စက္ကန့်)

အရာအားလုံးကို ပြောင်းလဲသွားစေမှာ နှုတ်ခမ်းနီ ပါ။ နှုတ်ခမ်းနီ ကို အရောင်နှစ်မျိုးလောက်တော့ ဆောင်ထားသင့်ပါတယ်။ အသားရောင်နဲ့ အနီဘက်သမ်းတဲ့အရောင်ပေါ့။ အသားရောင် က နေ့ဘက်တွေအတွက်၊ အနီဘက်သမ်းတဲ့ အရောင်တွေက ညဘက်တွေမှာ ဆိုးဖို့ပါ။ မိတ်ကပ် မလိမ်းပေမဲ့ နှုတ်ခမ်းနီ ကြောင့် လူက ပိုမိုလင်းလက်တောက်ပသွားရတယ်လေ။

Credit : Duwun

အခ်ိန္တိုတြင္း သင့္ကိုပိုလွသြားေစမယ့္ အခ်က္ (၄) ခ်က္..

လူတစ္ကိုယ္လုံး ႏြမ္းလ်ၿပီးၾကည့္မေကာင္းေတာ့ဘူး။ မိတ္ကပ္လိမ္းဖို႔လည္း အခ်ိန္မရဘူးဆိုရင္ ဒါေတြလုပ္ၾကည့္ပါ။Gym သြားၿပီး အားကစား လုပ္ဖို႔ ၊ ကိုယ့္ကိုယ္ကိုယ္ လွလွပပ ျပင္ဆင္ဖို႔ အခ်ိန္မေပးႏိုင္ေလာက္ေအာင္ အလုပ္မ်ားတဲ့လူလား။ တစ္ေနကုန္တစ္ေနခမ္း ေလွ်ာက္သြားေနရလို႔ လူက သပ္ရပ္ေက်ာ့ရွင္းမႈမရွိဘဲ အလွေတြ ေလ်ာ့က်ေနၿပီလား။ တစ္ေနကုန္ အလုပ္မ်ားၿပီး ညေနဘက္မွာ ခ်ိန္းထားတာရွိလို႔မွ ကိုယ္က မလွမပ ျဖစ္ေနၿပီဆိုရင္ ဒီ အခ်က္ ေတြကို မွတ္ထားလိုက္ပါ

၁။ ညစ္ပတ္ေနတာေတြရွင္း ( ၂မိနစ္)

လက္သန႔္ေဆး နဲ႔ လက္ကို သန႔္ရွင္း ေအာင္လုပ္လိုက္ၿပီး လက္သန႔္ေဆး မေျခာက္ခင္ ခႏၶာကိုယ္ကို လိုက္သုတ္လိုက္ပါ။ ေရခ်ိဳးသလို ျဖစ္သြားတာေပါ့။ လက္သန႔္ေဆး ရည္ ကို တစ္ရႈးအစိုမွာတင္ၿပီး လိုက္သုတ္ရင္လည္း ရပါတယ္။ ေရျပန္မေဆးရေတာ့ အခ်ိန္ကုန္သက္သာတယ္ေလ။ ခ်ိဳင္းၾကားေတြကို ဦးစားေပးသန႔္ရွင္းေနာ္။

၂။ ေရျမႇဳပ္ေလး (စကၠန႔္ ၂၀ )

မိတ္ကပ္လိမ္းတဲ့ ေရျမႇဳပ္ (blender/ sponge) ေလးနဲ႔ နဖူး၊ ႏွာေခါင္း၊ ေမး႐ိုးႏွစ္ဖက္ (T-Zone) ေနရာေတြကို လိုက္တို႔ေပးပါ။ ေပါင္ဒါကို ထပ္လိမ္းလိုက္ရင္ မ်က္ႏွာက ထူျပစ္သြားၿပီး ႐ုပ္ဆိုးသြားမယ္ေနာ္။ အဲ့လိုမလုပ္နဲ႔။

၃။ အစိုဓာတ္ျဖည့္ခရင္မ္ ( ၁၅ စကၠန႔္)

ေခြၽးထြက္/ေနထိထားတဲ့ အသားအေရ က စိုေျပမႈလည္း မရွိဘူးေလ။ ေစာနတုန္းက လက္သန႔္ ေဆးရည္ နဲ႔ သုတ္ထားလိုက္ေတာ့ အနံ႔ေတြက ေပ်ာက္သြားၿပီ။ ဒါေပမဲ့ စိုေျပမႈ လိုအပ္ေနတုန္းပဲ။ ေမႊးရနံ႔ပါတဲ့ body lotion ေလးကို ခႏၶာကိုယ္မွာ လိမ္းလိုက္ပါ။ ဒါမွမဟုတ္လည္း ႐ိုး႐ိုး body lotion ကိုပဲ ေရေမႊးေလးနဲ႔စပ္ၿပီး လိမ္းေပးလိုက္ရင္ ရပါတယ္။

၄။ ႏႈတ္ခမ္းနီ ( ၅ စကၠန႔္)

အရာအားလုံးကို ေျပာင္းလဲသြားေစမွာ ႏႈတ္ခမ္းနီ ပါ။ ႏႈတ္ခမ္းနီ ကို အေရာင္ႏွစ္မ်ိဳးေလာက္ေတာ့ ေဆာင္ထားသင့္ပါတယ္။ အသားေရာင္နဲ႔ အနီဘက္သမ္းတဲ့အေရာင္ေပါ့။ အသားေရာင္ က ေန႔ဘက္ေတြအတြက္၊ အနီဘက္သမ္းတဲ့ အေရာင္ေတြက ညဘက္ေတြမွာ ဆိုးဖို႔ပါ။ မိတ္ကပ္ မလိမ္းေပမဲ့ ႏႈတ္ခမ္းနီ ေၾကာင့္ လူက ပိုမိုလင္းလက္ေတာက္ပသြားရတယ္ေလ။

Credit : Duwun