သႀကၤန္ပြဲဆိုမယ့္ကိစၥအေပၚ ထူးအယ္လင္း မွ ယခုလိုျပန္လည္တုန္႔ျပန္
မႏၲေလးတိုင္း၊ ရမည္းသင္းၿမိဳ႕နယ္ရွိ ထူးအပန္းေျဖစခန္းတြင္ ဧၿပီလ ၁၁ ရက္ေန႔မွ ၁၇ ရက္ေန႔ထိ ျပဳလုပ္မည့္ သၾကၤန္ပြဲေတာ္ ေဖ်ာ္ေျဖပြဲ ႏွင့္ပတ္သက္ၿပီး ယခုရက္ပိုင္းအတြင္း လူထုအၾကား ေဝဖန္မႈမ်ား ျမင့္တက္လာေသာ္လည္း အဆိုပါပြဲကို ဆက္လက္က်င္းပသြားမည္ဟု ဆိုသည္။
ထိုေဖ်ာ္ေျဖပြဲတြင္ ပါဝင္သည့္ အဆိုေတာ္မ်ား ျဖစ္ၾကေသာ အဆိုေတာ္ ထူးအယ္လင္း၊ သာဒီးလူ၊ ဝန၊ ဝီလွ်ံ၊ D ၿဖိဳး၊ ဆိုေတး၊ ဂ်င္းနီ၊ အစၥဏီ၊ ေနလင္းေက်ာ္၊ ညလင္းထယ္၊ စစ္သူ၊ မိုးထက္ပိုင္၊ သားၿဖိဳးလင္း၊ Chocolate၊ Snow၊ Su၊ ပိုးပိုး၊ Dancer & DJ တို႔ကို လူမႈကြန္ရက္ အသုံးျပဳသူမ်ားႏွင့္ စစ္အာဏာရွင္ ဆန႔္က်င္သည့္ ျပည္သူမ်ားက ယခုကာလတြင္ ေဖ်ာ္ေျဖသည့္အတြက္ ေဝဖန္ေနၾကျခင္းျဖစ္သည္။
ယခုႏွစ္သၾကၤန္ကာလအတြင္း ျပည္သူမ်ားက စစ္ေကာင္စီ ျပဳလုပ္ေနေသာ သၾကၤန္ပြဲေတာ္တြင္ မပါဝင္ၾကရန္ သပိတ္ေမွာက္ ဆန႔္က်င္ျခင္းမ်ား ျပဳလုပ္ေနသလို ယခုႏွစ္ ေတာ္လွန္ရန္ သၾကၤန္တြင္ ပါဝင္ဆင္ႏႊဲရန္လည္း ေတာ္လွန္ေရး အင္အားစုမ်ားက တိုက္တြန္းထားၾကသည္။
ထူးအပန္းေျဖစခန္း၏ ပိုင္ရွင္ျဖစ္သူ ကိုရန္ႏိုင္ဝင္းက “ပြဲရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ က်ေနာ္တို႔ မည္သည့္ ပါတီ၊ ႏိုင္ငံေရးကိစၥနဲ႔မွ ပတ္သက္မႈ မရွိပါဘူး။ ကိုယ့္ရဲ႕ ႏွစ္သစ္ကူး သၾကၤန္လည္း မဆင္ႏႊဲရတဲ့ႏွစ္ေတြ ရွိေတာ့ ဒီရမည္းသင္းဘက္မွာ ဆိုင္အေနနဲ႔လည္း ပ႐ိုမိုးရွင္း လုပ္တဲ့အေနနဲ႔ တႏွစ္ျပည့္ ဆိုင္ဖြင့္ပြဲလုပ္တဲ့ အေနနဲ႔ သၾကၤန္ပြဲေတာ္နဲ႔ တခါတည္း ႀကဳံလို႔ လုပ္လိုက္တာပါ။ အားလုံး ေပ်ာ္႐ႊင္ေစဖို႔အတြက္ပါပဲ” ဟု ဧရာဝတီကို ေျပာသည္။
ယခုႏွစ္ စစ္ေကာင္စီ ဦးေဆာင္ျပဳလုပ္ေနသည့္ သၾကၤန္ကို ျပည္သူလူထုမ်ား ပူးေပါင္းပါဝင္ျခင္း မျပဳၾကရန္၊ သၾကၤန္ကာလ ေကတီဗြီႏွင့္ Private Club (သီးသန္႔ကလပ္) မ်ား၊ လူစည္ကားရာ ေနရာမ်ားသို႔ သြားေရာက္ျခင္း မျပဳၾကရန္ PDFs (ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕မ်ား)က အသိေပး ထုတ္ျပန္ထားသည္။
“ေဝဖန္တဲ့ဘက္ကိုလည္း က်ေနာ္တို႔ အျပစ္မဆိုပါဘူး။ သူတို႔အေနနဲ႔လည္း ေဝဖန္ပိုင္ခြင့္ ရွိတယ္။ က်ေနာ္တို႔ကက်ေတာ့ ရည္႐ြယ္ခ်က္မွာကကို တျခား ပါတီ၊ ႏိုင္ငံေရးအတြက္လည္း မဟုတ္ဘူး။ ဘယ္သူ႔ကိုမွ ႐ြဲ႕တာ အားေပးေထာက္ခံၿပီး လုပ္တာလည္း မဟုတ္ဘူး။ ကိုယ့္အေနနဲ႔ သီးသန႔္ Privacy အေနနဲ႔ သီးသန႔္ သေဘာမ်ိဳး လုပ္တဲ့အတြက္ ဘာမွ အေထြအထူး မရွိပါဘူး။ လုံၿခဳံေရးအတြက္ကေတာ့ အတတ္ႏိုင္ဆုံး အေကာင္းဆုံးျဖစ္ေအာင္ စီစဥ္ ေဆာင္႐ြက္ထားပါတယ္” ဟု ၎ပိုင္ရွင္က ေျပာသည္။
အဆိုပါ သၾကၤန္ပြဲအတြက္ လက္ရွိ သက္ဆိုင္ရာ စစ္ေကာင္စီ လက္ေအာက္ခံ အုပ္ခ်ဳပ္ေရးမႉးမ်ားထံ ပြဲမိန႔္အတြက္ တရားဝင္ စာတင္ထားရသည္ဟု သိရၿပီး ပြဲကို ေဝဖန္မႈမ်ား ရွိေနေသာ္လည္း ဆက္လုပ္သြားမည္ဟု ဆိုသည္။
အဆိုပါ ထူး မဟာသၾကၤန္ပြဲေတာ္ကို သၾကၤန္ကာလအတြင္း ရမည္းသင္းၿမိဳ႕နယ္၊ ထူးအပန္းေျဖစခန္း၌ မနက္ ၈ နာရီမွ ည ၇ နာရီအထိ က်င္းပသြားမည္ျဖစ္ၿပီး၊ ဝင္ေၾကး တဦးလွ်င္ ၇၀၀၀ က်ပ္ႏႈန္းျဖင့္ လူဦးေရ အကန႔္အသတ္ျဖင့္ က်င္းပသြားမည္ဟု ေၾကညာထားသည္။
Video Player
00:00
04:10
source-The Irrawaddy
သင်္ကြန်ပွဲဆိုမယ့်ကိစ္စအပေါ် ထူးအယ်လင်း မှ ယခုလိုပြန်လည်တုန့်ပြန်
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ထူးအပန်းဖြေစခန်းတွင် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ထိ ပြုလုပ်မည့် သင်္ကြန်ပွဲတော် ဖျော်ဖြေပွဲ နှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း လူထုအကြား ဝေဖန်မှုများ မြင့်တက်လာသော်လည်း အဆိုပါပွဲကို ဆက်လက်ကျင်းပသွားမည်ဟု ဆိုသည်။
ထိုဖျော်ဖြေပွဲတွင် ပါဝင်သည့် အဆိုတော်များ ဖြစ်ကြသော အဆိုတော် ထူးအယ်လင်း၊ သာဒီးလူ၊ ဝန၊ ဝီလျှံ၊ D ဖြိုး၊ ဆိုတေး၊ ဂျင်းနီ၊ အစ္စဏီ၊ နေလင်းကျော်၊ ညလင်းထယ်၊ စစ်သူ၊ မိုးထက်ပိုင်၊ သားဖြိုးလင်း၊ Chocolate၊ Snow၊ Su၊ ပိုးပိုး၊ Dancer & DJ တို့ကို လူမှုကွန်ရက် အသုံးပြုသူများနှင့် စစ်အာဏာရှင် ဆန့်ကျင်သည့် ပြည်သူများက ယခုကာလတွင် ဖျော်ဖြေသည့်အတွက် ဝေဖန်နေကြခြင်းဖြစ်သည်။
ယခုနှစ်သင်္ကြန်ကာလအတွင်း ပြည်သူများက စစ်ကောင်စီ ပြုလုပ်နေသော သင်္ကြန်ပွဲတော်တွင် မပါဝင်ကြရန် သပိတ်မှောက် ဆန့်ကျင်ခြင်းများ ပြုလုပ်နေသလို ယခုနှစ် တော်လှန်ရန် သင်္ကြန်တွင် ပါဝင်ဆင်နွှဲရန်လည်း တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားကြသည်။
ထူးအပန်းဖြေစခန်း၏ ပိုင်ရှင်ဖြစ်သူ ကိုရန်နိုင်ဝင်းက “ပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ မည်သည့် ပါတီ၊ နိုင်ငံရေးကိစ္စနဲ့မှ ပတ်သက်မှု မရှိပါဘူး။ ကိုယ့်ရဲ့ နှစ်သစ်ကူး သင်္ကြန်လည်း မဆင်နွှဲရတဲ့နှစ်တွေ ရှိတော့ ဒီရမည်းသင်းဘက်မှာ ဆိုင်အနေနဲ့လည်း ပရိုမိုးရှင်း လုပ်တဲ့အနေနဲ့ တနှစ်ပြည့် ဆိုင်ဖွင့်ပွဲလုပ်တဲ့ အနေနဲ့ သင်္ကြန်ပွဲတော်နဲ့ တခါတည်း ကြုံလို့ လုပ်လိုက်တာပါ။ အားလုံး ပျော်ရွှင်စေဖို့အတွက်ပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ယခုနှစ် စစ်ကောင်စီ ဦးဆောင်ပြုလုပ်နေသည့် သင်္ကြန်ကို ပြည်သူလူထုများ ပူးပေါင်းပါဝင်ခြင်း မပြုကြရန်၊ သင်္ကြန်ကာလ ကေတီဗွီနှင့် Private Club (သီးသန့်ကလပ်) များ၊ လူစည်ကားရာ နေရာများသို့ သွားရောက်ခြင်း မပြုကြရန် PDFs (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ)က အသိပေး ထုတ်ပြန်ထားသည်။
“ဝေဖန်တဲ့ဘက်ကိုလည်း ကျနော်တို့ အပြစ်မဆိုပါဘူး။ သူတို့အနေနဲ့လည်း ဝေဖန်ပိုင်ခွင့် ရှိတယ်။ ကျနော်တို့ကကျတော့ ရည်ရွယ်ချက်မှာကကို တခြား ပါတီ၊ နိုင်ငံရေးအတွက်လည်း မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ရွဲ့တာ အားပေးထောက်ခံပြီး လုပ်တာလည်း မဟုတ်ဘူး။ ကိုယ့်အနေနဲ့ သီးသန့် Privacy အနေနဲ့ သီးသန့် သဘောမျိုး လုပ်တဲ့အတွက် ဘာမှ အထွေအထူး မရှိပါဘူး။ လုံခြုံရေးအတွက်ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စီစဉ် ဆောင်ရွက်ထားပါတယ်” ဟု ၎င်းပိုင်ရှင်က ပြောသည်။
အဆိုပါ သင်္ကြန်ပွဲအတွက် လက်ရှိ သက်ဆိုင်ရာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများထံ ပွဲမိန့်အတွက် တရားဝင် စာတင်ထားရသည်ဟု သိရပြီး ပွဲကို ဝေဖန်မှုများ ရှိနေသော်လည်း ဆက်လုပ်သွားမည်ဟု ဆိုသည်။
အဆိုပါ ထူး မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ကာလအတွင်း ရမည်းသင်းမြို့နယ်၊ ထူးအပန်းဖြေစခန်း၌ မနက် ၈ နာရီမှ ည ၇ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ဝင်ကြေး တဦးလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ အကန့်အသတ်ဖြင့် ကျင်းပသွားမည်ဟု ကြေညာထားသည်။
source-The Irrawaddy



