လြတ္ေျမာက္မည္ကို ေၾကာက္သူမ်ား…
ျပင္သစ္ေတာ္လွန္ေရးျဖစ္ပြားစဥ္ကာလကျဖစ္သည္…။ ျပင္သစ္ႏိုင္ငံ၏ နာမည္ေက်ာ္ ရဲတိုက္ႀကီးျဖစ္ေသာ ဘက္စ္တီးအက်ဥ္းေထာင္ႀကီးထဲတြင္ တစ္သက္ တစ္ကြၽန္းဒဏ္ ခ်မွတ္ျခင္းခံထားရသူ အက်ဥ္းသားေပါင္းမ်ားစြာ ရွိေနသည္။
ထိုေထာင္ကလည္း နာမည္ေက်ာ္ သည္မွာ ေထာင္ထဲဝင္သြားၿပီးလွ်င္ အသက္ရွင္လ်က္ ျပန္ထြက္ရသူမရွိ၊ အေလာင္းသာ ျပန္ထုတ္ရေသာဟူ၏။
ေထာင္ထဲတြင္ ေရာက္ေနေသာ အက်ဥ္းသားမ်ားမွာ သံတိုင္ေတြၾကားထဲတြင္ ေနရ႐ုံမွ်မက လက္ထိပ္မ်ား၊ သံေျခခ်င္းမ်ားႏွင့္ပါ ခတ္ထားျခင္းခံရသည္။ အက်ဥ္းသားမ်ားကို သံေျခခ်င္းႏွင့္ လက္ထိပ္ခတ္လိုက္ၿပီးလွ်င္ ေသာ့ေတြကို ေထာင္ထဲရွိ ေရတြင္းထဲကို လႊင့္ပစ္လိုက္ၾကသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ျပန္လႊတ္မည္ မဟုတ္ဆိုသည့္သေဘာတရားကို ထင္ရွားေစခ်င္ေသာေၾကာင့္ျဖစ္သည္။ အက်ဥ္းသားတစ္ေယာက္သည္ အက်ဥ္းခန္းတစ္ခုထဲ ေလွာင္ပိတ္ထားျခင္း ခံလိုက္ရသည္ႏွင့္ ထိုသံတံခါးကိုလည္း ျပန္ဖြင့္ေပးရ႐ိုးထုံးစံမရွိေပ။
ဘက္စ္တီးအက်ဥ္းေထာင္ႀကီးထဲတြင္ ထိုစဥ္က အက်ဥ္းစံေထာင္သား ၅၀၀၀ ေက်ာ္ရွိသည္။ သူတို႔သည္ ေထာင္ႀကီးထဲရွိ အေမွာင္ခန္းထဲတြင္ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ၾကရသည္။
ေတာ္လွန္ေရးႀကီး ျဖစ္ပြား ခ်ိန္တြင္ ေတာ္လွန္ေရးသမားေတြက ဘက္စ္တီးေထာင္ႀကီးကို စီးနင္းၿပီး အက်ဥ္းသားမ်ား အားလုံးကို လႊတ္ေပးရန္ ဆုံးျဖတ္လိုက္ၾကသည္။
အက်ဥ္းသားမ်ားထဲတြင္ ႏွစ္ေပါင္း ၆၀ ေက်ာ္ အေမွာင္ခန္းေလးထဲတြင္ ေနၾကရ သူေတြ ရွိသလို၊ ေသမိန႔္ႏွင့္ ေသဒဏ္ကို ေစာင့္ေနသူေပါင္းမ်ားစြာလည္း ရွိၾကသည္။
ေတာ္လွန္ေရးသမားေတြက အက်ဥ္းေထာင္ႀကီးကို စီးနင္းၿပီးေနာက္ တံခါးေတြကို ႐ိုက္ခ်ိဳး ဖ်က္ဆီးပစ္ ၾကသည္။ အက်ဥ္းသားေတြ၏ ေျခခ်င္းႏွင့္ လက္ထိပ္ေတြကို ႐ိုက္ဖ်က္ေပးၾကသည္။
“ခင္ဗ်ားတို႔ လြတ္လပ္ၿပီ … ထြက္ၾကေတာ့ … သြားၾကေတာ့” ဟု လိုက္ေအာ္ၾကသည္။
ႏွစ္ေပါင္း ၆၀ ေက်ာ္ အက်ဥ္းခန္းအေမွာင္ထဲတြင္ ေနခဲ့ရသူတစ္ဦးက တံခါးအျပင္ကို ထြက္လာၿပီး ေနေရာင္ကို မဝံ့မရဲေမာ့ၾကည့္သည္။
သူက အလင္းေရာင္ကို ေၾကာက္သျဖင့္ အေမွာင္ခန္းထဲကို ျပန္ဝင္သြားသည္။ သူ႔အသက္က ၈၀ ခန႔္ရွိေနၿပီျဖစ္သည္။ အသက္ ၂၀ အ႐ြယ္ေလာက္ကတည္းက ဤေထာင္ႀကီး အတြင္းကို ေရာက္ေနခဲ့သူလည္း ျဖစ္သည္။
“အဘိုး … သြားေတာ့ေလ … လြတ္လပ္ၿပီဗ် … သြားခ်င္ရာသြားေတာ့” ဟု ေတာ္လွန္ေရးသမား တစ္ေယာက္က ေျပာလိုက္သည္။ သူ႔လက္ထိပ္ႏွင့္ သံေျခခ်င္းတို႔ကိုလည္း ႐ိုက္ျဖဳတ္ေပးလိုက္သည္။ သို႔ေသာ္ အဘိုးအိုက ဘယ္လိုေခၚထုတ္ထုတ္၊ အက်ဥ္းခန္းထဲက မထြက္ေပ။
ဤေနရာတြင္ ျပႆနာတစ္ခုေပၚလာသည္
အက်ဥ္းသားအမ်ားစုသည္ သူတို႔ကို လႊတ္ေပး လိုက္ေသာ္လည္း အက်ဥ္းေထာင္အျပင္ကို ထြက္ရန္ ျငင္းဆန္ေနၾကျခင္းျဖစ္သည္။
“ငါတို႔ကို ဘယ္သူက ေပါင္မုန႔္ေပးမွာလဲ”“အျပင္မွာ ရွာစားလို႔ရတယ္ေလ” “ငါတို႔က ဒီမွာ ရွာစားစရာမွ မလိုတာ … အခ်ိန္တန္ စားဖို႔ေရာက္လာတာပဲ”
“ဒါေပမဲ့ ဒါက ေထာင္ေလဗ်ာ … ခင္ဗ်ားတို႔ကို မတရားခ်ဳပ္ေႏွာင္ထားတာေလ … ခုေတာ့ လြတ္လပ္ၿပီ” “ဘာျဖစ္ျဖစ္ … အျပင္မွာ ငါတို႔ ဇနီး … သားသမီးေတြလည္း ရွိခ်င္မွ ရွိေတာ့မွာ။ ဘယ္သြားလို႔ ဘယ္လာရမွန္းလည္း မသိေတာ့ဘူး။ ငါတို႔ကို ဘယ္သူက အလုပ္ေပးမွာလဲ။
ငါတို႔မွာ လုပ္ႏိုင္တဲ့ စြမ္းအင္ ေတြလည္း မရွိေတာ့ဘူး။ ဒီမွာပဲေန … ဒီမွာပဲေသပါရေစ။ အျပင္မွာ ငါတို႔အတြက္ အိပ္စရာ … ေနစရာ … စားစရာ မရွိဘူး”
ႏွစ္ေပါင္း ၆၀ ေက်ာ္ ေထာင္ထဲေရာက္ေနသူ အမ်ားစုမွာ ထိုအတိုင္းေတာင္းဆိုၿပီး ေပကပ္ကာ ေထာင္ထဲတြင္ ေနၾကသည္။ ေတာ္လွန္ေရးသမားေတြကလည္း ေထာင္ထဲရွိသူေတြအားလုံးကို ေမာင္းထုတ္လိုက္ ၾကသည္။
သို႔ေသာ္ ထိုညတြင္ ေမာင္းထုတ္လိုက္ေသာ အက်ဥ္းသားအိုႀကီးေတြက ဘက္စ္တီးလ္ေထာင္ႀကီးေရွ႕ကို ျပန္ေရာက္လာကာ “ငါတို႔ကို အစာေပးပါ” ဟု ေအာ္ဟစ္ေတာင္းဆိုၾကသည္။
အခ်ိဳ႕ေတာင္းဆိုမႈက ပိုၿပီး ထူးဆန္းသည္ “ငါတို႔ လက္ထိပ္ေတြ ျပန္ခတ္ေပး” “ငါတို႔ေျခခ်င္းေတြ ျပန္ခတ္ေပး”ေတာ္လွန္ေရးသမားေတြက ထူးဆန္းေသာေတာင္းဆိုမႈအတြက္ ထိတ္လန႔္ကုန္ၾကသည္။
“အစာေတာင္းတာကေတာ့ ထားပါ … ခင္ဗ်ားတို႔က ဘာျဖစ္လို႔ လက္ထိပ္ေတြ … ေျခခ်င္းေတြ ျပန္ေတာင္းၾကရတာလဲ”
“ငါတို႔ ႏွစ္ေပါင္း ၆၀ ေက်ာ္ေလာက္ အဲဒီ လက္ထိပ္ေတြ … ေျခခ်င္းေတြနဲ႔ အသားက်ေနၿပီ … အဲဒါေတြ လက္မွာ ေျခမွာ မရွိရင္ မေနတတ္ေတာ့ဘူး … အိပ္လို႔လည္း ေပ်ာ္မွာမဟုတ္ဘူး။
ၿပီးေတာ့ အျပင္ ေလာကႀကီးက လင္းလြန္းတယ္။ ငါတို႔နဲ႔ အသားမက်ဘူး … အေမွာင္ခန္းေလးေတြထဲမွာပဲ ေနပါရေစ”
ႏွစ္ေပါင္းမ်ားစြာ အေမွာင္ထဲေရာက္ေနသူတို႔၏ အေတြးအေခၚကား ထူးဆန္းလွသည္။ ကြၽန္ဘဝတြင္ အေႏွာင္အဖြဲ႕ႏွင့္ အေမွာင္ထဲတြင္ အသားက်ေနသူတို႔မွာ အလင္းကိုေၾကာက္သည္။ အခ်ဳပ္အေႏွာင္က လြတ္ထြက္သြားမည္ကို ေၾကာက္ၾကသည္။
အဘယ္ေၾကာင့္နည္း
ေထာင္လိုလိုေနရာေတြက ေလာကတြင္ အမ်ားႀကီးရွိေနသည္။ အသိဉာဏ္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ထိုအေမွာင္တိုက္ထဲေရာက္သြားလွ်င္ အေမွာင္ႏွင့္ အသားက်သြားသည္။
ထိုအေမွာင္ႏွင့္ သူတို႔ လက္ေတြ၊ ေျခေတြမွာ ခ်ည္ေႏွာင္ထားသည့္ သံႀကိဳးေတြက သူတို႔ကို ဘယ္ေတာ့မွ မလြတ္ေျမာက္ႏိုင္ေတာ့ ဆိုသည့္ အသိအျပင္၊ ေသာ့ေတြကို လႊင့္ပစ္ျပလိုက္ေသာေၾကာင့္လည္း လမ္းဆုံးၿပီဟု သူတို႔ဘဝေတြကို အဆုံးစြန္အထိ ေတြးထားၿပီး ျဖစ္ေနသည္။
ေထာင္ထဲတြင္ ဆင္းရဲဒုကၡေတြႏွင့္ ေနရေသာ္လည္း အသက္ရွင္ရန္အတြက္ ေပးေကြၽးထားသည့္ မဝေရစာေလးကိုပင္ သူ႔တို႔အတြက္ ဘဝႀကီးတစ္ခုလို႔ထင္ေနၾကသည္။
ထို႔ျပင္ ထို႔သို႔ မဝေရစာ ေပးေကြၽး ထားသူမ်ားကိုပင္ ေက်းဇူးေတာ္အရွင္သခင္မ်ားျဖစ္ေစရန္ စနစ္ကပုံစံသြင္းထားေပးလိုက္သည္။
လူ႔အသိကို ပုံစံ႐ိုက္သြင္းျခင္း ခံလိုက္ရလွ်င္ မည္သည့္လြတ္ေျမာက္မႈမ်ိဳးကိုမဆို ေတာင့္တေတာ့မည္ မဟုတ္ေပ။ မေသ႐ုံ ေပးေကြၽးထားသည္ကိုပင္ ေက်းဇူးရွင္ဟု
အထင္ခံရေစရန္ ခ်ဳပ္ထား၊ တုတ္ထားျခင္း ခံရသူေတြမွာ မည္မွ်ပင္လႊတ္ေပးသည္ျဖစ္ေစ လႊတ္ေပးသူကို ေက်းဇူးတင္မည္မဟုတ္သည့္အျပင္ ရန္ျပဳျခင္း ကိုပင္ ခံရဖြယ္ရွိသည္။
Ref: Fear to Freedom#Credit: တင္ၫြန႔္#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
လွတ်မြောက်မည်ကို ကြောက်သူများ…
ပြင်သစ်တော်လှန်ရေးဖြစ်ပွားစဉ်ကာလကဖြစ်သည်…။ ပြင်သစ်နိုင်ငံ၏ နာမည်ကျော် ရဲတိုက်ကြီးဖြစ်သော ဘက်စ်တီးအကျဉ်းထောင်ကြီးထဲတွင် တစ်သက် တစ်ကျွန်းဒဏ် ချမှတ်ခြင်းခံထားရသူ အကျဉ်းသားပေါင်းများစွာ ရှိနေသည်။
ထိုထောင်ကလည်း နာမည်ကျော် သည်မှာ ထောင်ထဲဝင်သွားပြီးလျှင် အသက်ရှင်လျက် ပြန်ထွက်ရသူမရှိ၊ အလောင်းသာ ပြန်ထုတ်ရသောဟူ၏။
ထောင်ထဲတွင် ရောက်နေသော အကျဉ်းသားများမှာ သံတိုင်တွေကြားထဲတွင် နေရရုံမျှမက လက်ထိပ်များ၊ သံခြေချင်းများနှင့်ပါ ခတ်ထားခြင်းခံရသည်။ အကျဉ်းသားများကို သံခြေချင်းနှင့် လက်ထိပ်ခတ်လိုက်ပြီးလျှင် သော့တွေကို ထောင်ထဲရှိ ရေတွင်းထဲကို လွှင့်ပစ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ပြန်လွှတ်မည် မဟုတ်ဆိုသည့်သဘောတရားကို ထင်ရှားစေချင်သောကြောင့်ဖြစ်သည်။ အကျဉ်းသားတစ်ယောက်သည် အကျဉ်းခန်းတစ်ခုထဲ လှောင်ပိတ်ထားခြင်း ခံလိုက်ရသည်နှင့် ထိုသံတံခါးကိုလည်း ပြန်ဖွင့်ပေးရရိုးထုံးစံမရှိပေ။
ဘက်စ်တီးအကျဉ်းထောင်ကြီးထဲတွင် ထိုစဉ်က အကျဉ်းစံထောင်သား ၅၀၀၀ ကျော်ရှိသည်။ သူတို့သည် ထောင်ကြီးထဲရှိ အမှောင်ခန်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရသည်။
တော်လှန်ရေးကြီး ဖြစ်ပွား ချိန်တွင် တော်လှန်ရေးသမားတွေက ဘက်စ်တီးထောင်ကြီးကို စီးနင်းပြီး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
အကျဉ်းသားများထဲတွင် နှစ်ပေါင်း ၆၀ ကျော် အမှောင်ခန်းလေးထဲတွင် နေကြရ သူတွေ ရှိသလို၊ သေမိန့်နှင့် သေဒဏ်ကို စောင့်နေသူပေါင်းများစွာလည်း ရှိကြသည်။
တော်လှန်ရေးသမားတွေက အကျဉ်းထောင်ကြီးကို စီးနင်းပြီးနောက် တံခါးတွေကို ရိုက်ချိုး ဖျက်ဆီးပစ် ကြသည်။ အကျဉ်းသားတွေ၏ ခြေချင်းနှင့် လက်ထိပ်တွေကို ရိုက်ဖျက်ပေးကြသည်။
“ခင်ဗျားတို့ လွတ်လပ်ပြီ … ထွက်ကြတော့ … သွားကြတော့” ဟု လိုက်အော်ကြသည်။
နှစ်ပေါင်း ၆၀ ကျော် အကျဉ်းခန်းအမှောင်ထဲတွင် နေခဲ့ရသူတစ်ဦးက တံခါးအပြင်ကို ထွက်လာပြီး နေရောင်ကို မဝံ့မရဲမော့ကြည့်သည်။
သူက အလင်းရောင်ကို ကြောက်သဖြင့် အမှောင်ခန်းထဲကို ပြန်ဝင်သွားသည်။ သူ့အသက်က ၈၀ ခန့်ရှိနေပြီဖြစ်သည်။ အသက် ၂၀ အရွယ်လောက်ကတည်းက ဤထောင်ကြီး အတွင်းကို ရောက်နေခဲ့သူလည်း ဖြစ်သည်။
“အဘိုး … သွားတော့လေ … လွတ်လပ်ပြီဗျ … သွားချင်ရာသွားတော့” ဟု တော်လှန်ရေးသမား တစ်ယောက်က ပြောလိုက်သည်။ သူ့လက်ထိပ်နှင့် သံခြေချင်းတို့ကိုလည်း ရိုက်ဖြုတ်ပေးလိုက်သည်။ သို့သော် အဘိုးအိုက ဘယ်လိုခေါ်ထုတ်ထုတ်၊ အကျဉ်းခန်းထဲက မထွက်ပေ။
ဤနေရာတွင် ပြဿနာတစ်ခုပေါ်လာသည်
အကျဉ်းသားအများစုသည် သူတို့ကို လွှတ်ပေး လိုက်သော်လည်း အကျဉ်းထောင်အပြင်ကို ထွက်ရန် ငြင်းဆန်နေကြခြင်းဖြစ်သည်။
“ငါတို့ကို ဘယ်သူက ပေါင်မုန့်ပေးမှာလဲ”“အပြင်မှာ ရှာစားလို့ရတယ်လေ” “ငါတို့က ဒီမှာ ရှာစားစရာမှ မလိုတာ … အချိန်တန် စားဖို့ရောက်လာတာပဲ”
“ဒါပေမဲ့ ဒါက ထောင်လေဗျာ … ခင်ဗျားတို့ကို မတရားချုပ်နှောင်ထားတာလေ … ခုတော့ လွတ်လပ်ပြီ” “ဘာဖြစ်ဖြစ် … အပြင်မှာ ငါတို့ ဇနီး … သားသမီးတွေလည်း ရှိချင်မှ ရှိတော့မှာ။ ဘယ်သွားလို့ ဘယ်လာရမှန်းလည်း မသိတော့ဘူး။ ငါတို့ကို ဘယ်သူက အလုပ်ပေးမှာလဲ။
ငါတို့မှာ လုပ်နိုင်တဲ့ စွမ်းအင် တွေလည်း မရှိတော့ဘူး။ ဒီမှာပဲနေ … ဒီမှာပဲသေပါရစေ။ အပြင်မှာ ငါတို့အတွက် အိပ်စရာ … နေစရာ … စားစရာ မရှိဘူး”
နှစ်ပေါင်း ၆၀ ကျော် ထောင်ထဲရောက်နေသူ အများစုမှာ ထိုအတိုင်းတောင်းဆိုပြီး ပေကပ်ကာ ထောင်ထဲတွင် နေကြသည်။ တော်လှန်ရေးသမားတွေကလည်း ထောင်ထဲရှိသူတွေအားလုံးကို မောင်းထုတ်လိုက် ကြသည်။
သို့သော် ထိုညတွင် မောင်းထုတ်လိုက်သော အကျဉ်းသားအိုကြီးတွေက ဘက်စ်တီးလ်ထောင်ကြီးရှေ့ကို ပြန်ရောက်လာကာ “ငါတို့ကို အစာပေးပါ” ဟု အော်ဟစ်တောင်းဆိုကြသည်။
အချို့တောင်းဆိုမှုက ပိုပြီး ထူးဆန်းသည် “ငါတို့ လက်ထိပ်တွေ ပြန်ခတ်ပေး” “ငါတို့ခြေချင်းတွေ ပြန်ခတ်ပေး”တော်လှန်ရေးသမားတွေက ထူးဆန်းသောတောင်းဆိုမှုအတွက် ထိတ်လန့်ကုန်ကြသည်။
“အစာတောင်းတာကတော့ ထားပါ … ခင်ဗျားတို့က ဘာဖြစ်လို့ လက်ထိပ်တွေ … ခြေချင်းတွေ ပြန်တောင်းကြရတာလဲ”
“ငါတို့ နှစ်ပေါင်း ၆၀ ကျော်လောက် အဲဒီ လက်ထိပ်တွေ … ခြေချင်းတွေနဲ့ အသားကျနေပြီ … အဲဒါတွေ လက်မှာ ခြေမှာ မရှိရင် မနေတတ်တော့ဘူး … အိပ်လို့လည်း ပျော်မှာမဟုတ်ဘူး။
ပြီးတော့ အပြင် လောကကြီးက လင်းလွန်းတယ်။ ငါတို့နဲ့ အသားမကျဘူး … အမှောင်ခန်းလေးတွေထဲမှာပဲ နေပါရစေ”
နှစ်ပေါင်းများစွာ အမှောင်ထဲရောက်နေသူတို့၏ အတွေးအခေါ်ကား ထူးဆန်းလှသည်။ ကျွန်ဘဝတွင် အနှောင်အဖွဲ့နှင့် အမှောင်ထဲတွင် အသားကျနေသူတို့မှာ အလင်းကိုကြောက်သည်။ အချုပ်အနှောင်က လွတ်ထွက်သွားမည်ကို ကြောက်ကြသည်။
အဘယ်ကြောင့်နည်း
ထောင်လိုလိုနေရာတွေက လောကတွင် အများကြီးရှိနေသည်။ အသိဉာဏ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအမှောင်တိုက်ထဲရောက်သွားလျှင် အမှောင်နှင့် အသားကျသွားသည်။
ထိုအမှောင်နှင့် သူတို့ လက်တွေ၊ ခြေတွေမှာ ချည်နှောင်ထားသည့် သံကြိုးတွေက သူတို့ကို ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ ဆိုသည့် အသိအပြင်၊ သော့တွေကို လွှင့်ပစ်ပြလိုက်သောကြောင့်လည်း လမ်းဆုံးပြီဟု သူတို့ဘဝတွေကို အဆုံးစွန်အထိ တွေးထားပြီး ဖြစ်နေသည်။
ထောင်ထဲတွင် ဆင်းရဲဒုက္ခတွေနှင့် နေရသော်လည်း အသက်ရှင်ရန်အတွက် ပေးကျွေးထားသည့် မဝရေစာလေးကိုပင် သူ့တို့အတွက် ဘဝကြီးတစ်ခုလို့ထင်နေကြသည်။
ထို့ပြင် ထို့သို့ မဝရေစာ ပေးကျွေး ထားသူများကိုပင် ကျေးဇူးတော်အရှင်သခင်များဖြစ်စေရန် စနစ်ကပုံစံသွင်းထားပေးလိုက်သည်။
လူ့အသိကို ပုံစံရိုက်သွင်းခြင်း ခံလိုက်ရလျှင် မည်သည့်လွတ်မြောက်မှုမျိုးကိုမဆို တောင့်တတော့မည် မဟုတ်ပေ။ မသေရုံ ပေးကျွေးထားသည်ကိုပင် ကျေးဇူးရှင်ဟု
အထင်ခံရစေရန် ချုပ်ထား၊ တုတ်ထားခြင်း ခံရသူတွေမှာ မည်မျှပင်လွှတ်ပေးသည်ဖြစ်စေ လွှတ်ပေးသူကို ကျေးဇူးတင်မည်မဟုတ်သည့်အပြင် ရန်ပြုခြင်း ကိုပင် ခံရဖွယ်ရှိသည်။
Ref: Fear to Freedom#Credit: တင်ညွန့်#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။



