ျမန္မာ့ႏွစ္သစ္ကူး မဟာသၾကၤန္႐ုံးပိတ္ရက္မတိုင္ခင္ စက္႐ုံ၊ အလုပ္႐ုံေတြမွာ ဝန္ထမ္းေတြ စုေပါင္းၿပီး သၾကၤန္ပြဲက်င္းပေနတဲ့ ဗီဒီယိုဖိုင္ေတြ ပ်ံ႕ႏွံ႔လာ
ျမန္မာ့ႏွစ္သစ္ကူး မဟာသၾကၤန္႐ုံးပိတ္ရက္မတိုင္ခင္ စက္႐ုံေတြနဲ႔ အလုပ္႐ုံေတြမွာ ဝန္ထမ္းေတြ စုေပါင္းၿပီး
သၾကၤန္ပြဲက်င္းပေနတဲ့ ဗီဒီယိုဖိုင္ေတြ လူမႈကြန္ရက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔လာပါတယ္။သၾကၤန္မတိုင္မီ ေနာက္ဆုံ

း႐ုံးတက္ရက္ျဖစ္တဲ့ ဒီေန႔ ဧၿပီ ၈ ရက္ေန႔မွာ စက္႐ုံေတြနဲ႔ အလုပ္႐ုံေတြမွာ ဝန္ထမ္းေတြဟာ သၾကၤန္ပြဲေတာ္ကို
ေပ်ာ္ေပ်ာ္႐ြင္႐ႊင္က်င္းပေနၾကတာျဖစ္ၿပီး အဲ့ဒီဗီဒီယိုဖိုင္ေတြဟာ ပ်ံ႕ႏွံ႔လာတာျဖစ္ပါတယ္။အဲ့ဒီဗီဒီဖိုင္ေတြနဲ႔
ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာမွာ လူထုရဲ႕ ေဝဖန္မႈေတြလည္း ျမင့္တက္ေနတာျဖစ္ပါတယ္။ႏိုင္ငံေတာ္စီမံ
အုပ္ခ်ဳပ္ေရးေကာင္စီ-SAC က ကိုဗစ္-19 ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ၂ ႏွစ္ရပ္နားခဲ့ရတဲ့
ျမန္မာ႐ိုးရာသၾကၤန္ပြဲေတာ္ ဒီႏွစ္မွာမွ စည္းကားသိုက္ၿမိဳက္ေအာင္ က်င္းပဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။
Unicode
မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် စက်ရုံ၊ အလုပ်ရုံတွေမှာ ဝန်ထမ်းတွေ စုပေါင်းပြီး သင်္ကြန်ပွဲကျင်းပနေတဲ့ ဗီဒီယိုဖိုင်တွေ ပျံ့နှံ့လာ
မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် စက်ရုံတွေနဲ့ အလုပ်ရုံတွေမှာ ဝန်ထမ်းတွေ စုပေါင်းပြီး
သင်္ကြန်ပွဲကျင်းပနေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။သင်္ကြန်မတိုင်မီ နောက်ဆုံ
းရုံးတက်ရက်ဖြစ်တဲ့ ဒီနေ့ ဧပြီ ၈ ရက်နေ့မှာ စက်ရုံတွေနဲ့ အလုပ်ရုံတွေမှာ ဝန်ထမ်းတွေဟာ သင်္ကြန်ပွဲတော်ကို
ပျော်ပျော်ရွင်ရွှင်ကျင်းပနေကြတာဖြစ်ပြီး အဲ့ဒီဗီဒီယိုဖိုင်တွေဟာ ပျံ့နှံ့လာတာဖြစ်ပါတယ်။အဲ့ဒီဗီဒီဖိုင်တွေနဲ့
ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ လူထုရဲ့ ဝေဖန်မှုတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီ-SAC က ကိုဗစ်-19 ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ၂ နှစ်ရပ်နားခဲ့ရတဲ့
မြန်မာရိုးရာသင်္ကြန်ပွဲတော် ဒီနှစ်မှာမှ စည်းကားသိုက်မြိုက်အောင် ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Video Player



