ေဒၚေအာင္ဆန္းစုၾကည္၏ ေမြ႕ေန႔ အႀကိဳပြဲ က်င္းပမည္
နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ အသက္ ၇၆ ႏွစ္ ျပည့္ေမြးေန႔ အထိမ္းအမွတ္ ေမြးေန႔အႀကိဳပြဲကို ဇြန္လ ၁၆ ရက္ေန႔မွာ အြန္လိုင္းကေန က်င္းပဖို႔ ေနာ္ေဝနိုင္ငံ Froland ၿမိဳ႕ရွိ Aung San Suu Kyi Park Committee က စီစဥ္ေနပါတယ္။

ျမန္မာျပည္ ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္ဒီမိုကေရစီနိုင္ငံ တည္ေဆာက္ေရးနဲ႔ ေႏြဦးေတာ္လွန္ေရးအေရးေတာ္ပုံကို ပိုမိုအာ႐ုံစိုက္လာေစဖို႔နဲ႔ ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္နဲ႔တကြအားလုံး အျမန္ဆုံး လြတ္ေျမာက္ေရးအတြက္ တကမၻာလုံးက စာနာေထာက္ထားမႈနဲ႔ အေလးအနက္ ေတာင္းဆိုၾကဖို႔ရွိတယ္လို႔ ေနာ္ေဝနိုင္ငံမွာ သီတင္းသုံးေနတဲ့ ဆရာေတာ္ အရွင္ထာဝရက မိန႔္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ အႀကိဳျပဳလုပ္မယ့္ပြဲကို NUG နိုင္ငံေတာ္ဒုသမၼတက သဝဏ္လႊာေပးပို႔သြားမွာျဖစ္ၿပီး ေနာ္ေဝနိုင္ငံ ဝန္ႀကီးခ်ဳပ္ေဟာင္းလည္း တက္ေရာက္ဖို႔ ရွိေနပါတယ္။

ဒေါ်အောင်ဆန်းစုကြည်၏ မွေ့နေ့ အကြိုပွဲ ကျင်းပမည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် မွေးနေ့အကြိုပွဲကို ဇွန်လ ၁၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပဖို့ နော်ဝေနိုင်ငံ Froland မြို့ရှိ Aung San Suu Kyi Park Committee က စီစဉ်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနဲ့ နွေဦးတော်လှန်ရေးအရေးတော်ပုံကို ပိုမိုအာရုံစိုက်လာစေဖို့နဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် တကမ္ဘာလုံးက စာနာထောက်ထားမှုနဲ့ အလေးအနက် တောင်းဆိုကြဖို့ရှိတယ်လို့ နော်ဝေနိုင်ငံမှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ထာဝရက မိန့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုပြုလုပ်မယ့်ပွဲကို NUG နိုင်ငံတော်ဒုသမ္မတက သဝဏ်လွှာပေးပို့သွားမှာဖြစ်ပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းလည်း တက်ရောက်ဖို့ ရှိနေပါတယ်။



