ရခိုင်ပြည်နယ်မှာပါ
ဂရုစိုက်ကြပါ
Unicode
မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဘူမိနက္ခတ် အဖျက်ထဲရောက်နေပါတယ်
ပြည်တွင်းကူးစက်လူနာတစ်ဦးကနေ ၄ ဦးထိ တိုးသွားပါတယ်
ရခိုင်ပြည်နယ်မှာပါ
ကြောက်စရာ မဟုတ်ပေမယ့်သတိတော့ရှိရပါမယ်
မိုးတွင်းကာလ ရာသီတုတ်ကွေးတွေလည်းဖြစ်နေတဲ့အချိန်ဆိုတော့ ထင်ရောင်ထင်မှားဖြစ်နိုင်ပါတယ်
ကူးစက်မှု ပြန်စဖြစ်တာကလည်းရခိုင်ပြည်နယ်
နိုင်ငံရေး စစ်ရေးတွေမတည်မငြိမ်ဖြစ်နေတာကလည်းရခိုင်ပြည်နယ်
ဒါတွေဟာ ဆက်စပ် စဉ်းစားစရာတွေပါ
ရွေးကောက်ပွဲကလည်း ကျင်းပဖို့၂ လပဲလိုတော့လို့ အမြင်မတူတဲ့ပါတီ တွေ လူပုဂ္ဂိုလ်တွေ ပြည်သူတွေကြားထဲမှာပဲ ပွတ်တိုက်မှု ရှိနေတဲ့ အချိန်ပါ
ဒီလိုချိန်မှာ ကိုဗစ် ကပြန်ခေါင်းထောင်လာနိုင်သလိုခိုးဆိုးလုနှိုက် တွေလည်းပေါများလာနိုင်ပါတယ်
နေ့ခင်းကြောင်တောင် ရိုက်လုတာတို့ဆိုင်ကယ်ခိုးတာတို့ စတဲ့ သတင်းတွေခပ်စိပ်စိပ် ကြားလာရနေပါတယ်
အဲတော့ ဘယ်သွားသွား ဘာလုပ်လုပ်ဘာစားစား သတိရှိကြပါ
သူစိမ်းလူတွေ အပေါ် မယုံမိပါစေနဲ့အနားအကပ်မခံပါနဲ့ဘယ်သွားသွား နှခေါင်းစည်းပြန်တပ်ကြပါ လက်တွေ ပြန်ဆေးကြပါ
လိုအပ်ရင် အစိုးရကLockdown ချတာတွေဆိုင်တွေ ပြန်ပိတ်တာတွေလုပ်လာနိုင်ပါတယ်
အပျော်အပါး ခရီးတွေ ပြန်ရပ်လိုက်ပါ
ဘာမှ မလိုတာတွေဝယ်မစားပါနဲ့မသုံးပါနဲ့ လက်ထဲ ပိုက်ဆံ ကိုင်ထားပါဆန်ဆီဆေးဝါး ကို ပြန်စုဆောင်းထားကြပါ(မှတ်ချက်. ဆီဝယ်စုမယ်ဆိုရင်အညာ ဆုံဆီသာ ဝယ်စုစေချင်ပါတယ်)
နိုင်ငံရေးမှာ မည်သူမှ ထင်မထားနိုင်တဲ့သတင်းတွေ ကြားလာရနိုင်ပါတယ်
မြန်မာနိုင်ငံ ကို လူတယောက်လိုသဘောထားပြီး ဗေဒင်နည်းနဲ့တွက်ကြည့်ရင် ၂၀၂၀ ဟာဘူမိ အဖျက်ထဲကျနေပါတယ်
၂၀၂၁ ကျမှ ဘူမိက လွတ်နိုင်ပါတယ်ခဗျာ
ဂရုစိုက်ကြပါ
Credit to #ချစ်တဲ့kkh(ပုဂံမြေ)