ပရိသတ်ကြီးရေ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျနေရတဲ့ အိမ်ထောင်ရှင်အနုပညာစုံတွဲလေးဆိုရင်လည်းမမှားပါဘူး။
မိသားစုဝင်တွေအပေါ်မှာအမြဲတမ်းအလေးထားတဲ့ ဇဏ်ခီကတော့ ဒီနေ့မှာကျရောက်တဲ့ သားလေးရဲ့ မွေးနေ့အတွက်ကိုလည်း မွေးနေ့ဆုမွန်ကောင်းတွေအခုလိုပဲတောင်းပေးထားခဲ့ပါတယ်။
”Happy 9th Birthday Noah! “ဘဝရဲ့လှည့်ကွက်တွေထဲ တချိန်ချိန်တော့ပေးလျှောက်ရမှာပဲ။ကိုယ်တွေ့မရှိရင်လော ကဓံကို ရင်ဆိုင်နိုင်ဖို့ခက်မယ်။ အမည်းစက်မစွန်းတဲ့လူမရှိဘူးသားရယ် အခြေ အနေတွေဟာပြောင်းလဲနေပေမယ့် ကိုယ် ကျင့်တရားနဲ့ဘာကိုမှမလဲလိုက်ပါနဲ့”
ဂုဏ် ဒြပ် အရာဝတ္တု စည်းစိမ်ဥစ္စာ အာ ဏာအတွက်ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုလဲလိုက်ပြီဆိုရင်မင်းလူဖြစ်ရှူံးပြီသား ရေ “ဆိုပြီးသူရဲ့သီချင်းလေးတစ်ပုဒ်ထဲကစာသားလေးတွေနဲ့အတူသားဖြစ်သူကို ဆုံးမစကားလေးပြောကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း Noah လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။ဇစ်ခီရဲ့ သားဖြစ်သူကို မွေးနေ့ဆုတောင်းပေးထားတဲ့ထဲက သီချင်းလေးကတော့ သူတို့ဇနီးမောင်နှံရဲ့ သွားနှင့်လေပြီးတဲ့ ပထမသားလေး
Tristin Htut Khaung Kyi အတွက်ရေးပေးခဲ့တဲ့ “ရှိနေမယ်” ဆိုတဲ့သီချင်းလေးထဲက တစ်ပိုဒ်ပါတဲ့ CeleGabar ပရိသတ်ကြီးတွေနားဆင်လို့ရအောင် သီချင်းလေးကိုပါ မျှဝေဖော်ပြလိုက်ပါတယ်နော်။
Source – Zenn Kyi
Credit – CeleGabar
Source – Zenn Kyi
Credit – CeleGabar