အေရျပားဆရာဝန္ေတြအႀကံေပးထားတဲ့ ပ်ိဳေမတို႔အတြက္ အသားအေရထိန္းသိမ္းနည္း လွ်ိဳ႕ဝွက္ခ်က္ (၆)ခ်က္
အႀကံေပးထားတဲ့ အသားအေရ ထိန္းသိမ္းနည္း လွ်ိဳ႕ဝွက္ခ်က္ေလးေတြျဖစ္လို႔ ကြက္တိ ပဲေနာ္။ ဒီနည္းလမ္းေလးေတြ အတိုင္း လိုက္နာေပးျခင္းျဖင့္ က်န္းမာၿပီး လွပတဲ့အသားအေရေလးကို ရရွိမွာျဖစ္ ပါတယ္ ။
(၁) ေကာင္းမြန္စြာေဆးေၾကာပါ
မ်က္ႏွာသစ္ တဲ့အခါ ျပင္းထန္တဲ့ ဓာတုပစၥည္ းပါတဲ့ မ်က္ႏွာသစ္ဆပ္ျပာေတြကို မသုံးပါနဲ႔ ။ အသားအေရကို အတြင္းပိုင္းအထိ အစိုဓာတ္ျဖည့္ေပး ႏိုင္တဲ့ မ်က္ႏွာသစ္ေဆးမ်ိဳးကို အသုံးျပဳေပးပါ ။
(၂) Sunscreen မ်ားမ်ားလိမ္းပါ
Sunscreen လိမ္းတဲ့အခါ နည္းနည္းေလးပဲ မလိမ္းပါနဲ႔။ ထူထူနဲ႔ မ်ားမ်ားေလး လိမ္းေပး လိုက္ပါ။ ဒါမွအသားအေရ ရဲ႕ အတြင္းပိုင္း ၂လႊာေလာက္ အထိစိမ့္ ဝင္ၿပီး ေနေရာင္ျခည္ဒဏ္ကို ပိုကာ ကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္ ။
(၃) ဗူးအေသးေ႐ြးဝယ္ပါ
အလွကုန္ေတြ၊ Skincare ေတြဝယ္တဲ့အခါ ဗူးႀကီးထက္ ဗူးေသးေတြကို ဝယ္ပါ။ အေၾကာင္းကေတာ့ ဝယ္တဲ့အခ်ိန္ၾကာလာတာနဲ႔အမွ် အာနိသင္ေတြက တျဖည္းျဖည္းနည္းသြားတာေၾကာင့္ပါ။
(၄) ေဇာက္ထိုးေနပါ
ဦးေခါင္းကို မၾကာမၾကာေအာက္စိုက္ၿပီး မိနစ္အနည္းငယ္ေန လိုက္ပါ။ ဒီနည္းလမ္းဟာ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး အသားအေရကို စိုျပည္ဝင္းလက္ေနေစပါတယ္။ ေယာဂသင္တန္းေတြ ကိုလည္း အခ်ိန္ေပးၿပီးတက္ႏိုင္ရင္ အရမ္းေကာင္ းပါတယ္။
(၅) မွန္ကန္တဲ့ အိပ္ရာခင္းေတြကိုအသုံးျပဳပါ
အိပ္ေနစဥ္မွာလည္း အေရးေၾကာင္းေတြျဖစ္ႏိုင္ ပါတယ္။ သင္အသုံးျပဳေနတဲ့ ေခါင္းအုံးစြပ္က သင့္ရဲ႕ မ်က္ႏွာအသားအေရကို ပ်က္စီးေစႏိုင္ ပါတယ္။ ဖဲသားေခါင္းအုံးစြပ္က အေကာင္းဆုံးျဖ စ္ပါတယ္ ။
(၆) အုန္းရည္ေသာက္ပါ
အုန္းရည္ဟာ အသားအေရအတြက္ ဘယ္ေလာက္အစြမ္းထက္တယ္ဆိုတာ အေရျပားဆရာဝန္တိုင္း သိၾကပါတယ္။ အုန္းရည္ကို ေန႔စဥ္ ပုံမွန္ ေသာက္သုံးေပးျခင္းျဖင့္ သင့္အသားအေရဟာ တစ္ပတ္အတြင္း ၾကည္လင္ဝင္းပသြားတာကို ေတြ႕ျမင္ရမွာပါ။ မ်က္ႏွာေပါင္းတင္ရာမွာလည္း အသုံးျပဳႏိုင္ၿပီး ဘယ္လိုအသားအေရမ်ိဳးနဲ႔မဆို တည့္ပါတယ္။
Credit
Unicode
အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ ပျိုမေတို့အတွက် အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက်
အကြံပေးထားတဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးတွေဖြစ်လို့ ကွက်တိ ပဲနော်။ ဒီနည်းလမ်းလေးတွေ အတိုင်း လိုက်နာပေးခြင်းဖြင့် ကျန်းမာပြီး လှပတဲ့အသားအရေလေးကို ရရှိမှာဖြစ် ပါတယ် ။
(၁) ကောင်းမွန်စွာဆေးကြောပါ
မျက်နှာသစ် တဲ့အခါ ပြင်းထန်တဲ့ ဓာတုပစ္စည် းပါတဲ့ မျက်နှာသစ်ဆပ်ပြာတွေကို မသုံးပါနဲ့ ။ အသားအရေကို အတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေး နိုင်တဲ့ မျက်နှာသစ်ဆေးမျိုးကို အသုံးပြုပေးပါ ။
(၂) Sunscreen များများလိမ်းပါ
Sunscreen လိမ်းတဲ့အခါ နည်းနည်းလေးပဲ မလိမ်းပါနဲ့။ ထူထူနဲ့ များများလေး လိမ်းပေး လိုက်ပါ။ ဒါမှအသားအရေ ရဲ့ အတွင်းပိုင်း ၂လွှာလောက် အထိစိမ့် ဝင်ပြီး နေရောင်ခြည်ဒဏ်ကို ပိုကာ ကွယ်ပေးနိုင်မှာ ဖြစ်ပါတယ် ။
(၃) ဗူးအသေးရွေးဝယ်ပါ
အလှကုန်တွေ၊ Skincare တွေဝယ်တဲ့အခါ ဗူးကြီးထက် ဗူးသေးတွေကို ဝယ်ပါ။ အကြောင်းကတော့ ဝယ်တဲ့အချိန်ကြာလာတာနဲ့အမျှ အာနိသင်တွေက တဖြည်းဖြည်းနည်းသွားတာကြောင့်ပါ။
(၄) ဇောက်ထိုးနေပါ
ဦးခေါင်းကို မကြာမကြာအောက်စိုက်ပြီး မိနစ်အနည်းငယ်နေ လိုက်ပါ။ ဒီနည်းလမ်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကို စိုပြည်ဝင်းလက်နေစေပါတယ်။ ယောဂသင်တန်းတွေ ကိုလည်း အချိန်ပေးပြီးတက်နိုင်ရင် အရမ်းကောင် းပါတယ်။
(၅) မှန်ကန်တဲ့ အိပ်ရာခင်းတွေကိုအသုံးပြုပါ
အိပ်နေစဉ်မှာလည်း အရေးကြောင်းတွေဖြစ်နိုင် ပါတယ်။ သင်အသုံးပြုနေတဲ့ ခေါင်းအုံးစွပ်က သင့်ရဲ့ မျက်နှာအသားအရေကို ပျက်စီးစေနိုင် ပါတယ်။ ဖဲသားခေါင်းအုံးစွပ်က အကောင်းဆုံးဖြ စ်ပါတယ် ။
(၆) အုန်းရည်သောက်ပါ
အုန်းရည်ဟာ အသားအရေအတွက် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ အရေပြားဆရာဝန်တိုင်း သိကြပါတယ်။ အုန်းရည်ကို နေ့စဉ် ပုံမှန် သောက်သုံးပေးခြင်းဖြင့် သင့်အသားအရေဟာ တစ်ပတ်အတွင်း ကြည်လင်ဝင်းပသွားတာကို တွေ့မြင်ရမှာပါ။ မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုနိုင်ပြီး ဘယ်လိုအသားအရေမျိုးနဲ့မဆို တည့်ပါတယ်။
Credit



