ေက်းရြာတခုမွာ ညီျဖစ္သူမွ လူတစ္စုျဖင့္ စကားမ်ားၾကရင္း အကိုျဖစ္သူမွဝင္ရွင္းရာ… See more
ျပည္ခရိုင္၊ ေပါက္ေခါင္းၿမိဳ့နယ္မွာ ၄ေလာင္းၿပိဳင္ လူသတ္မွု မေန႔ဇြန္လ ၄ရက္ေန႔ညပိုင္းကျဖစ္ပြားခဲ့တယ္လို့ ကူညီကယ္ဆယ္ေရးလုပ္ခဲ့တဲ့ ေပါက္ေခါင္းၿမိဳ့နာေရးကူညီမွုအသင္းဆီက သိရပါတယ္။
ေသဆုံးသူေတြဟာ ေညာင္ကုန္းရြာေဒသခံေတြျဖစ္ၿပီး ဖဲဝိုင္းမွာ စကားမ်ားရန္ျဖစ္ၿပီးေနာက္ ေနအိမ္မွာ ဓားနဲ႔ခုတ္ၿပီးအသတ္ခံရတာျဖစ္ေၾကာင္းနဲ႔ ေသဆုံးသူ၄ ဦးမွာ လည္ပင္းဓားခုတ္ဒဏ္ရာေတြ ေသဆုံးသြားတာျဖစ္တယ္လို့သိရပါတယ္။

” မေန႔ကည ၁၀ နာရီေလာက္ကျဖစ္တာ၊ သူတို့ေျပာပုံအရဆိုရင္ ဖဲဝိုင္းမွာစကားမ်ားတာလို့ ေျပာတယ္။စကားမ်ားၿပီးေတာ့ တရားခံရဲ့ညီကို သားအဖ၂ေယာက္ထဲက သားကေန သတ္လိုက္တယ္၊အဲ့ဒီမွာ အကိုျဖစ္သူက သူ႔ညီေသလို့ဆိုၿပီး
အဲ့ဒီသားအဖႏွစ္ေယာက္ကို ထပ္ၿပီးလာခုတ္တယ္ေသသြားတယ္၊ခုတ္ၿပီးေတာ့ ေနာက္ထပ္က်န္တဲ့ဦးေလးကိုပါ ရြာျပင္ထိ လိုက္ခုတ္ေတာ့ ေသသြားတယ္၊ေသတာက သားအဖႏွစ္ေယာက္နဲ႔ဦးေလး၊ တရားခံ ညီေရာဆို၄ေယာက္ေပါ့။
“လို့ ေပါက္ေခါင္းနာကူအသင္းအဖြဲ႕ဝင္တဦးကေျပာပါတယ္။လက္ရွိမွာ တရားခံကို ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္းနဲ႔ ဖမ္းဆီးရမိေရးကို ေပါက္ေခါင္းရဲစခန္းက လုပ္ေဆာင္ေနတယ္လို့ သိရပါတယ္။
အသတ္ခံရသူေတြထဲက သားျဖစ္သူ၊အေဖနဲ႔ဦးေလးဆိုသူကိုေတာ့ ေပါက္ေခါင္းျပည္သူ႔ေဆး႐ုံမွာ ရင္ခြဲစစ္ေဆးၿပီး ဒီေန႔ေန႔လယ္မွာပဲ မီးသၿဂႋဳဟ္လိုက္ၿပီျဖစ္တယ္လို့သိရပါတယ္။တရားခံရဲ့ညီျဖစ္သူကိုေတာ့ ေညာင္ကုန္းရြာကိုျပန္လည္သယ္ေဆာင္သြားတယ္လို့ သိရပါတယ္။
“အသက္ေတြက ႀကီးတဲ့သူမ်ားတယ္၊သားဆိုတာေတာင္၄၅ ေလာက္ေတာ့ရွိမယ္၊ ဒဏ္ရာကေတာ့ ဓားနဲ႔ဆိုေတာ့ လည္ပင္းေတြျပတ္တာရွိမယ္ ရိုက္ထားတာေတြရွိမယ္၊အဓိကေသတာေတာ့ ဓားနဲ႔ခုတ္လို့ လည္ပင္းျပတြၿပီးေသတာပဲ။ “လို့ ေပါက္ေခါင္းနာ/ကူအသင္းအဖြဲ႕ဝင္တဦးကေျပာပါတယ္။
ျပည္ခရိုင္၊ ေပါက္ေခါင္းၿမိဳ့မွာ လူသတ္မွုေတြျဖစ္ေပၚတာရွိေပမယ့္ အခုလို ၄ေလာင္းၿပိဳင္လူသတ္မွုျဖစ္စဥ္က မရွိသေလာက္အေျခအေနမ်ိဳးျဖစ္တယ္လို့ ေဒသခံေတြက မွတ္ခ်က္ျပဳပါတယ္။

ကျေးရွာတခုမှာ ညီဖြစ်သူမှ လူတစ်စုဖြင့် စကားများကြရင်း အကိုဖြစ်သူမှဝင်ရှင်းရာ… See more
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ၄လောင်းပြိုင် လူသတ်မှု မနေ့ဇွန်လ ၄ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပေါက်ခေါင်းမြို့နာရေးကူညီမှုအသင်းဆီက သိရပါတယ်။
သေဆုံးသူတွေဟာ ညောင်ကုန်းရွာဒေသခံတွေဖြစ်ပြီး ဖဲဝိုင်းမှာ စကားများရန်ဖြစ်ပြီးနောက် နေအိမ်မှာ ဓားနဲ့ခုတ်ပြီးအသတ်ခံရတာဖြစ်ကြောင်းနဲ့ သေဆုံးသူ၄ ဦးမှာ လည်ပင်းဓားခုတ်ဒဏ်ရာတွေ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
” မနေ့ကည ၁၀ နာရီလောက်ကဖြစ်တာ၊ သူတို့ပြောပုံအရဆိုရင် ဖဲဝိုင်းမှာစကားများတာလို့ ပြောတယ်။စကားများပြီးတော့ တရားခံရဲ့ညီကို သားအဖ၂ယောက်ထဲက သားကနေ သတ်လိုက်တယ်၊အဲ့ဒီမှာ အကိုဖြစ်သူက သူ့ညီသေလို့ဆိုပြီး
အဲ့ဒီသားအဖနှစ်ယောက်ကို ထပ်ပြီးလာခုတ်တယ်သေသွားတယ်၊ခုတ်ပြီးတော့ နောက်ထပ်ကျန်တဲ့ဦးလေးကိုပါ ရွာပြင်ထိ လိုက်ခုတ်တော့ သေသွားတယ်၊သေတာက သားအဖနှစ်ယောက်နဲ့ဦးလေး၊ တရားခံ ညီရောဆို၄ယောက်ပေါ့။
“လို့ ပေါက်ခေါင်းနာကူအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။လက်ရှိမှာ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ ဖမ်းဆီးရမိရေးကို ပေါက်ခေါင်းရဲစခန်းက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အသတ်ခံရသူတွေထဲက သားဖြစ်သူ၊အဖေနဲ့ဦးလေးဆိုသူကိုတော့ ပေါက်ခေါင်းပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး ဒီနေ့နေ့လယ်မှာပဲ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။တရားခံရဲ့ညီဖြစ်သူကိုတော့ ညောင်ကုန်းရွာကိုပြန်လည်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
“အသက်တွေက ကြီးတဲ့သူများတယ်၊သားဆိုတာတောင်၄၅ လောက်တော့ရှိမယ်၊ ဒဏ်ရာကတော့ ဓားနဲ့ဆိုတော့ လည်ပင်းတွေပြတ်တာရှိမယ် ရိုက်ထားတာတွေရှိမယ်၊အဓိကသေတာတော့ ဓားနဲ့ခုတ်လို့ လည်ပင်းပြတွပြီးသေတာပဲ။ “လို့ ပေါက်ခေါင်းနာ/ကူအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့မှာ လူသတ်မှုတွေဖြစ်ပေါ်တာရှိပေမယ့် အခုလို ၄လောင်းပြိုင်လူသတ်မှုဖြစ်စဉ်က မရှိသလောက်အခြေအနေမျိုးဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။



