ဖိနပ်ချွတ်ပြီး ခြေဗလာနဲ့ ကားမောင်းတတ်တဲ့သူတွေ သိထားသင့်တဲ့အကြောင်း
ကားမောင်းသူတွေဟာ ကားတစ်စီးကို မောင်းတတ်နေရုံနဲ့မပြီးသေးပါဘူး။ ကားမောင်းတဲ့နေရာမှာ အန္တရာယ်ကင်းစွာ မောင်းနှင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။
ဒီတခါမှာတော့ ကားမောင်းတဲ့နေရာမှာ ဖိနပ်ချွတ်ပြီး ခြေဗလာနဲ့ ကားမောင်းသင့်သလား မမောင်းသင့်ဘူးလားဆိုတာကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။
ဖိနပ်မပါဘဲ ခြေဗလာနဲ့ ကားမောင်းတဲ့အခါ

၁။ကုပ်အားကောင်းကောင်းမရပါဘူး
ဖိနပ်တွေရဲ့ဖိနပ်ခုံကကုပ်အားကိုပေးပါတယ်။ သမားရိုးကျဆိုရင်တော့ဒီကုပ်အားကလမ်းလျှောက်တဲ့အခါ ချောမနေအောင်ကာကွယ်ပေးပါတယ်။
ကားမောင်းတဲ့အချိန်မှာဆိုရင်လည်း ခြေဖဝါးတွေက ခြေနင်းတွေပေါ် မြဲမြဲ မြံမြံကုပ်နေနိုင်အောင်ဖိနပ်ခုံကလုပ်ဆောင်ပေးထားပါတယ်။
ခြေဗလာနဲ့ကားမောင်းနေတုံး ခြေဖဝါးကခြေနင်းခုံကနေ လျှောလျှောကျမှာသေချာပြီး အက်စီးဒင့်ဖြစ်နိုင်ခြေများတယ်။
၂။ခြေဖဝါးက စိုပါနေခြင်း
ခြေဗလာနဲ့ဆိုကုပ်အားမကောင်းရတဲ့ကြားထဲ ခြေဖဝါးသို့မဟုတ် ခြေနင်းတွေကရေစိုနေပြီဆိုရင်တော့ သင်ပြဿနာပိုတက်ပါပြီ။ ဖိနပ်လေးစီးထားမှအဲ့ဒီရာဘာအောက်ခံသားတွေကစိုနေတဲ့ခြေနင်းတွေကို မြဲမြဲမြံမြံကုပ်တွယ်ထားနိုင်မှာပါ။ ဒါကြောင့်အပြင်မှာမိုးရွာနေတာပဲဖြစ်ဖြစ်၊သင့်ခြေထောက်တွေရေစို နေတာပဲဖြစ်ဖြစ်ခြေဗလာနဲ့မနေဘဲဖိနပ်လေးစီးထားလိုက်ပါ။
၃။ဖိနပ်က ဒဏ်ရာအနာတရဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။
မလွှဲသာမရှောင်သာဘဲ အက်စီးဒင့်တစ်ခုခုနဲ့ ကြုံလာရတဲ့အခါ ဖိနပ်သာစီးထားရင် ကာကွယ်မှုအလွှာတစ်ခုထပ်တိုးသွားမှာဖြစ်ပြီး ခြေဖဝါးကိုဖန်ကွဲစတို့ တခြားချွန်ထက်တဲ့အရာတွေစိုက်မဝင်သွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

၄။ကြွက်တက်ခြင်း၊ ခြေထောက်ကျဉ်ခြင်း
ခြေဗလာနဲ့ကားမောင်းတဲ့အခါ သင့်ခြေဖဝါးရဲ့ခြေနင်းထားတဲ့ နေရာတွေဆီဖိအားကတိုက်ရိုက် သက်ရောက်မှာပါ။ဖိနပ်ကတော့ဒီခြေနင်းကိုနင်းလိုက်လို့ဖြစ်လာတဲ့ ဖိအားကိုခြေဖဝါးတစ်ခုလုံးဆီ အညီအမျှ ပြန်ဖြန့်ပေးတဲ့အတွက် ဖိအားသက်ရောက်မှုကပြန့်သွားပြီး ဒဏ်ကိုသိပ်မခံစားရတော့ပါဘူး။
ခရီးတိုလေးတွေမောင်းရင်တော့သိပ်မသိသာပေမယ့် ခရီးဝေးတွေသွားရပြီဆိုရင်တော့ ခြေထောက်က ကျဉ်လာတာ၊ကြွက်တက်လာတာတွေဖြစ်လာနိုင်ပါတယ်။
၅။တစ်ခါတလေ အရမ်းနာကျင်ရတယ်
အထူးသဖြင့် မော်ဒယ်နိမ့် ကားဟောင်းသို့မဟုတ် တော်တော်မာတဲ့ခြေနင်းကလပ်ရှိတဲ့ကားကိုမောင်းနေရတယ်ဆိုရင်အဲ့ဒီဟာကြီးကိုခဏခဏမနည်းဖိဖိချနေရတာကတော်တော်နာကျင်စရာကောင်းတဲ့ ကားမောင်းအတွေ့အကြုံတွေကို ပေးစွမ်းပါလိ့မ်မယ်။ ခြေဗလာနဲ့ကားမောင်းမိလို့ဖြစ်လာတဲ့နာကျင်မှုကြီးက ကားမောင်းနေတဲ့တစ်လျှောက်လုံးစိတ်အနှောင့်အယှက်ဖြစ်စေပါလိ့မ်မယ်။
ကားမောင်းနှင်နေသူတိုင်းအတွက် ဖိနပ်မပါပဲ ခြေဗလာနဲ့ ကားမောင်းလို့ သင့် မသင့်ဆိုတာ စဥ်းစားဆုံးဖြတ်နိုင်ဖို့အတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
Facebook Comments Box



