တခါက လူတယောက်ဟာ သူ့ရဲ့ လယ်ယာမြေမှာ ရေလိုအပ်နေလို့ ရေတွင်းတတွင်း တူးပါတယ် ။ အတောင် (၂၀) လောက်ထိ ရောက်တော့ လူလည်း တော်တော်ကို မောပန်းနေ ပါပီ ။ ဒါပေမယ့် ရေတွင်းက ရေထွက်မယ့် အရိပ်အယောင်တောင် မတွေ့ရသေးပါဘူး ။ ဒီလိုနဲ့ အမောဖြေနေတုန်းမှာ လူတယောက် ရောက်လာပြီး ပြောပါတယ် ။
” ခင်ဗျား ကလည်းဗျာ ၊ ဒီလိုနေရာမှာ ရေတွင်းတူးလို့ ဘယ်ကရေကို တွေ့ရမှာလဲ ။ လာလာ.. ကျနော် ပြောတဲ့နေရာမှာသာ တူးလိုက်၊ အတောင် (၂၀) ပြည့်လို့ ရေမတွေ့ရင် ကျူပ်ကို ကြိုက်သလိုသာပြော ” ဆိုပြီး နေရာသစ် တခုကို လိုက်ပြပါတယ် ။
ရေတွင်း တူးနေတဲ့ သူလည်း အဲဒီလူ ပြတဲ့နေရာမှာ ဆက်ပြီး တူးကြည့်ပါတယ် ။ အတောင် ၂၀ ကျော် လို့ ၂၅ ထိ ရောက်တောင် ရေက မတွေ့ပါဘူး ။ ဒါကြောင့်သူ မောကလည်း မော ၊ စိတ်ကလည်း တော်တော်ကို ပျက်နေပါတော့တယ် ။ အဲဒီအချိန်မှာ နောက်ထပ် ဆရာတယောက် ရောက်လာပြန် ပါတယ် ။ သူကလည်း ဒီလို ပြောတယ် ။
” ဟာ.. ဒီလူတွေ ရေကြောအကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပီးပြောနေကြတယ် ။ ဒုက္ခပါဘဲ ၊ လာလာ.. ကျနော့် နောက် လိုက်ခဲ့၊ ကျနော် ပြတဲ့နေရာမှာသာ တူးလိုက် ၊ အတောင် (၂၀) နဲ့ အစိတ် ကြားလောက်မှာ ရေတွေ့ကို တွေ့ရမယ် ” ဆိုပြီး နေရာသစ် တစ်ခုကို လိုက်ပြ ပြန်ပါတယ် ။
အဲဒါနဲ့ သူလည်း ” အင်း ဒီလူ ပြောတာတော့ ဟုတ်ဟန် တူတယ်။ နေရာသစ်ကို တူးမှ ” ဆိုပြီး နေရာသစ်မှာ နောက်ထပ် ရေတွင်း တတွင်း တူးပြန်ပါတယ် ။
သူပြောတဲ့ နေရာ တူးလိုက်တာ အတောင် အစိတ်ကျော်ပြီး (၃၀) နား ကပ်လာတာတောင် ရေရဲ့ အရိပ်အငွေ့တောင် မမြင်ရပါဘူး။ လူလည်း ဖတ်ဖတ်မောနေပါပြီ။ ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစားတယ် ။
” အင်း.. ငါပထမဆုံး တူးခဲ့တာ အတောင် (၂၀) ၊ ဒုတိယတွင်းမှာ အတောင် အစိတ် ၊ တတိယတွင်းမှာ အတောင် (၃၀) နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင် (၇၀) တောင် ကျော်နေပါကောလား ”
” ငါ့တွင်းကိုသာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် (၆၀) ကျော်အောင် တူးရတဲ့ ရေတွင်းဆိုတာ ခပ်ရှားရှားရယ် ။ သူများစကား နားယောင်ပြီး ဟိုတွင်းတူး ၊ ဒီတွင်းတူးနဲ့ မောတာသာ အဖတ်တင်တယ် ၊ ငါ့တွင်းဘဲ ငါဆက်တူးတော့မယ် ” ဆိုပြီး သူ ပထမဆုံး တူးခဲ့တဲ့ တွင်းဆီ ပြန်သွားပြီး တစိုက်မတ်မတ်နဲ့ တူးလိုက်တာ အတောင် (၄၀) ကျော်လောက်မှာ ရေတွင်းက အောင်သွားပြီး ရေကျောကို တွေ့ရှိသွား ပါတော့တယ် ။
ကျနော်တို့ရဲ့ ဘဝမှာလည်း အဲ့ဒီလိုဘဲ ။ အစကတော့ အားကြိုးမာန်တက်နဲ့ စခဲ့ကြပေမယ့် တဝက်တပျက် ရောက်ခါမှ အကြောင်း အမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ဘ၀ ရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များပြားခဲ့ပြီလဲ ။ ကြီးမားတဲ့ဘ၀ ရည်မှန်းချက်တွေ သာမက အတတ်ပညာတခု သင်ယူတာ၊ သင်တန်းတခု တက်တာ၊ ကိုယ်အလေးချိန် ချတာ စတဲ့ ကိစ္စတွေ အပါအဝင်ပေါ့။
သူငယ်ချင်းတို့တော့ မသိဘူး ၊ ကျနော့် မှာတော့ ဒီလိုကိစ္စတွေ မရေမတွက်နိုင်အောင် များခဲ့ပါပြီ။ ရလာဒ်ကတော့ ဘာကိုမှ အောင်မြင် ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလိုငါလို ဘဝမှာဘဲ ယောင်ချာချာ ဖြစ်နေရတာပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းလာပါတယ် ။
အထက်က ရေတွင်းတူးတဲ့ လူလို စပြီး တူးမိတဲ့ ရေတွင်း တစ်ခုကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ်။ ပြီးရင် နောက်တစ်တွင်း ဆက်ပြီး တူးမယ်ဆိုရင် ကျွန်တော်တို့မှာ ရေထွက်နေတဲ့ ရေတွင်းပေါင်းများစွာ ပိုင်ဆိုင်နေပြီပေါ့။
အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တစ်တွင်း၊ ဒီမှာလည်း တစ်တွင်းနဲ့ တွင်းတွေသာ များနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့ အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေဘဲ ဖြစ်နေရတော့တာပေါ့။ ကိုယ့်ဘဝကိုယ် ပြန်ပြီးသုံးသပ် ကြည့်လိုက်ရင် ကျွန်တော်တို့ အဖြစ်ဟာ ရေမထွက်တဲ့ ရေတွင်းတွေရဲ့ အလည်မှာ ငုတ်တုတ်ထိုင် မှိုင်တွေချနေရတဲ့ အဖြစ်မျိုးပါ။ ရေထွက်အောင် တူးသွားနိုင်သူတွေကတော့ သူတို့တူးထားတဲ့ ရေတွင်းထဲကရေတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ သူတို့ကို ငေးကြည့်နေရတယ် ။
မိတ်ဆွေ ခင်ဗျားကလည်း လူ.. သူတို့လည်းလူ အတူတူ ပါဘဲဗျာ။ ဘာမှ ကွာခြားချက် မရှိပါဘူး။ ကျွန်တော်တို့ တကယ် လိုအပ်နေတာကတော့ ရေတွင်းကို ပြီးစီးအောင် ဆက်မတူးကြတာပါဘဲ။ ဒီနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ခင်ဗျားတူးလက်စ ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတစ်တွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့။
ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှု နဲ့၊ ကျေ နပ်ပီတိဖြစ်ရမှု တို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။ ” ငါ လုပ်နိုင်တယ် ၊ ငါ လုပ်နိုင်ရမယ် ” ဆိုတဲ့ ယုံကြည်မှုတွေကို ကျနော် တို့ ဘဝမှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။ ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။
ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တစ်ခုမဟုတ် တစ်ခုကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ ဒီတော့ အခုဘဲ.. စ လိုက်ကြပါစို့ ။ အချိန် မနှောင်းသေး ပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။
Crd
for zawgyi
ကိုယ့္တြင္းကိုပဲ ကိုယ္ျပန္တူးပါ
တခါက လူတေယာက္ဟာ သူ႔ရဲ႕ လယ္ယာေျမမွာ ေရလိုအပ္ေနလို႔ ေရတြင္းတတြင္း တူးပါတယ္ ။ အေတာင္ (၂၀) ေလာက္ထိ ေရာက္ေတာ့ လူလည္း ေတာ္ေတာ္ကို ေမာပန္းေန ပါပီ ။ ဒါေပမယ့္ ေရတြင္းက ေရထြက္မယ့္ အရိပ္အေယာင္ေတာင္ မေတြ႕ရေသးပါဘူး ။ ဒီလိုနဲ႔ အေမာေျဖေနတုန္းမွာ လူတေယာက္ ေရာက္လာၿပီး ေျပာပါတယ္ ။
” ခင္ဗ်ား ကလည္းဗ်ာ ၊ ဒီလိုေနရာမွာ ေရတြင္းတူးလို႔ ဘယ္ကေရကို ေတြ႕ရမွာလဲ ။ လာလာ.. က်ေနာ္ ေျပာတဲ့ေနရာမွာသာ တူးလိုက္၊ အေတာင္ (၂၀) ျပည့္လို႔ ေရမေတြ႕ရင္ က်ဴပ္ကို ႀကိဳက္သလိုသာေျပာ ” ဆိုၿပီး ေနရာသစ္ တခုကို လိုက္ျပပါတယ္ ။
ေရတြင္း တူးေနတဲ့ သူလည္း အဲဒီလူ ျပတဲ့ေနရာမွာ ဆက္ၿပီး တူးၾကည့္ပါတယ္ ။ အေတာင္ ၂၀ ေက်ာ္ လို႔ ၂၅ ထိ ေရာက္ေတာင္ ေရက မေတြ႕ပါဘူး ။ ဒါေၾကာင့္သူ ေမာကလည္း ေမာ ၊ စိတ္ကလည္း ေတာ္ေတာ္ကို ပ်က္ေနပါေတာ့တယ္ ။ အဲဒီအခ်ိန္မွာ ေနာက္ထပ္ ဆရာတေယာက္ ေရာက္လာျပန္ ပါတယ္ ။ သူကလည္း ဒီလို ေျပာတယ္ ။
” ဟာ.. ဒီလူေတြ ေရေၾကာအေၾကာင္း ဘာမွ မသိဘဲနဲ႔ ေလွ်ာက္ပီးေျပာေနၾကတယ္ ။ ဒုကၡပါဘဲ ၊ လာလာ.. က်ေနာ့္ ေနာက္ လိုက္ခဲ့၊ က်ေနာ္ ျပတဲ့ေနရာမွာသာ တူးလိုက္ ၊ အေတာင္ (၂၀) နဲ႔ အစိတ္ ၾကားေလာက္မွာ ေရေတြ႕ကို ေတြ႕ရမယ္ ” ဆိုၿပီး ေနရာသစ္ တစ္ခုကို လိုက္ျပ ျပန္ပါတယ္ ။
အဲဒါနဲ႔ သူလည္း ” အင္း ဒီလူ ေျပာတာေတာ့ ဟုတ္ဟန္ တူတယ္။ ေနရာသစ္ကို တူးမွ ” ဆိုၿပီး ေနရာသစ္မွာ ေနာက္ထပ္ ေရတြင္း တတြင္း တူးျပန္ပါတယ္ ။
သူေျပာတဲ့ ေနရာ တူးလိုက္တာ အေတာင္ အစိတ္ေက်ာ္ၿပီး (၃၀) နား ကပ္လာတာေတာင္ ေရရဲ႕ အရိပ္အေငြ႕ေတာင္ မျမင္ရပါဘူး။ လူလည္း ဖတ္ဖတ္ေမာေနပါၿပီ။ ဒါနဲ႔ သူလည္း အေမာေျဖရင္း ထိုင္စဥ္းစားတယ္ ။
” အင္း.. ငါပထမဆုံး တူးခဲ့တာ အေတာင္ (၂၀) ၊ ဒုတိယတြင္းမွာ အေတာင္ အစိတ္ ၊ တတိယတြင္းမွာ အေတာင္ (၃၀) နဲ႔ ေပါင္းလိုက္ရင္ ငါတူးခဲ့တာ အေတာင္ (၇၀) ေတာင္ ေက်ာ္ေနပါေကာလား ”
” ငါ့တြင္းကိုသာငါ ဆက္တူးေနရင္ ဒီနယ္မွာ အေတာင္ (၆၀) ေက်ာ္ေအာင္ တူးရတဲ့ ေရတြင္းဆိုတာ ခပ္ရွားရွားရယ္ ။ သူမ်ားစကား နားေယာင္ၿပီး ဟိုတြင္းတူး ၊ ဒီတြင္းတူးနဲ႔ ေမာတာသာ အဖတ္တင္တယ္ ၊ ငါ့တြင္းဘဲ ငါဆက္တူးေတာ့မယ္ ” ဆိုၿပီး သူ ပထမဆုံး တူးခဲ့တဲ့ တြင္းဆီ ျပန္သြားၿပီး တစိုက္မတ္မတ္နဲ႔ တူးလိုက္တာ အေတာင္ (၄၀) ေက်ာ္ေလာက္မွာ ေရတြင္းက ေအာင္သြားၿပီး ေရေက်ာကို ေတြ႕ရိွသြား ပါေတာ့တယ္ ။
က်ေနာ္တို႔ရဲ႕ ဘဝမွာလည္း အဲ့ဒီလိုဘဲ ။ အစကေတာ့ အားႀကိဳးမာန္တက္နဲ႔ စခဲ့ၾကေပမယ့္ တဝက္တပ်က္ ေရာက္ခါမွ အေၾကာင္း အမ်ိဳးမ်ိဳးနဲ႔ ရပ္နားထားတဲ့ အလုပ္ေတြ ၊ စီမံကိန္းေတြ ၊ ဘ၀ ရည္မွန္းခ်က္ေတြ ဘယ္ေလာက္ေတာင္မွ မ်ားျပားခဲ့ၿပီလဲ ။ ႀကီးမားတဲ့ဘ၀ ရည္မွန္းခ်က္ေတြ သာမက အတတ္ပညာတခု သင္ယူတာ၊ သင္တန္းတခု တက္တာ၊ ကိုယ္အေလးခ်ိန္ ခ်တာ စတဲ့ ကိစၥေတြ အပါအဝင္ေပါ့။
သူငယ္ခ်င္းတို႔ေတာ့ မသိဘူး ၊ က်ေနာ့္ မွာေတာ့ ဒီလိုကိစၥေတြ မေရမတြက္ႏိုင္ေအာင္ မ်ားခဲ့ပါၿပီ။ ရလာဒ္ကေတာ့ ဘာကိုမွ ေအာင္ျမင္ ၿပီးစီးေအာင္ မလုပ္ႏိုင္ဘဲ သူလိုငါလို ဘဝမွာဘဲ ေယာင္ခ်ာခ်ာ ျဖစ္ေနရတာပါပဲ။ မိမိကိုယ္ကို ယုံၾကည္မႈလည္း က်ဆင္းလာပါတယ္ ။
အထက္က ေရတြင္းတူးတဲ့ လူလို စၿပီး တူးမိတဲ့ ေရတြင္း တစ္ခုကိုသာ ေရေတြ႕သည္အထိ ၿပီးစီးေအာင္ တူးမယ္။ ၿပီးရင္ ေနာက္တစ္တြင္း ဆက္ၿပီး တူးမယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ ေရထြက္ေနတဲ့ ေရတြင္းေပါင္းမ်ားစြာ ပိုင္ဆိုင္ေနၿပီေပါ့။
အခုေတာ့ ေရမထြက္တဲ့တြင္းေတြ ဟိုမွာလည္း တစ္တြင္း၊ ဒီမွာလည္း တစ္တြင္းနဲ႔ တြင္းေတြသာ မ်ားေနၿပီး ဘာမွ ေသာက္လို႔မရ၊ သုံးလို႔မရနဲ႔ အသုံးမက်တဲ့ ေရတြင္းပိုင္ရွင္ေတြဘဲ ျဖစ္ေနရေတာ့တာေပါ့။ ကိုယ့္ဘဝကိုယ္ ျပန္ၿပီးသုံးသပ္ ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ အျဖစ္ဟာ ေရမထြက္တဲ့ ေရတြင္းေတြရဲ႕ အလည္မွာ ငုတ္တုတ္ထိုင္ မႈိင္ေတြခ်ေနရတဲ့ အျဖစ္မ်ိုးပါ။ ေရထြက္ေအာင္ တူးသြားႏိုင္သူေတြကေတာ့ သူတို႔တူးထားတဲ့ ေရတြင္းထဲကေရေတြကို ေပ်ာ္႐ႊင္စြာ ေသာက္သုံးေနၾကတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ကေတာ့ သူတို႔ကို ေငးၾကည့္ေနရတယ္ ။
မိတ္ေဆြ ခင္ဗ်ားကလည္း လူ.. သူတို႔လည္းလူ အတူတူ ပါဘဲဗ်ာ။ ဘာမွ ကြာျခားခ်က္ မရွိပါဘူး။ ကြၽန္ေတာ္တို႔ တကယ္ လိုအပ္ေနတာကေတာ့ ေရတြင္းကို ၿပီးစီးေအာင္ ဆက္မတူးၾကတာပါဘဲ။ ဒီေန႔ကစၿပီး ကြၽန္ေတာ္နဲ႔အတူတူ ခင္ဗ်ားတူးလက္စ ေရတြင္းေတြထဲက ခင္ဗ်ားအတူးခ်င္ဆုံး ေရတြင္းတစ္တြင္းကို ျပန္ေ႐ြးခ်ယ္လိုက္ၿပီး ျပန္တူးၾကရေအာင္လား။ ေရထြက္သည့္ တိုင္ေအာင္ေပါ့။
ကိုယ္တူးလိုက္တဲ့ ေရတြင္းက ေရထြက္လာတဲ့ ေအာင္ျမင္မႈ နဲ႔၊ ေက် နပ္ပီတိျဖစ္ရမႈ တို႔ကို ကြၽန္ေတာ္တို႔ ခံစားရယူၾကမယ္ေလ။ ” ငါ လုပ္ႏိုင္တယ္ ၊ ငါ လုပ္ႏိုင္ရမယ္ ” ဆိုတဲ့ ယုံၾကည္မႈေတြကို က်ေနာ္ တို႔ ဘဝမွာ ျပန္ၿပီး တည္ေဆာက္ယူၾကမယ္။ ကြၽန္ေတာ္တို႔ စိတ္ဓာတ္ခြန္အားေတြ ေမြးၿပီး ျပန္ႀကိဳးစားၾကရေအာင္လား။
ကြၽန္ေတာ္တို႔မွာ တူးလက္စ ေရတြင္း တစ္ခုမဟုတ္ တစ္ခုကေတာ့ ကိုယ္စီ ရွိေနၾကတာဘဲ မဟုတ္လား။ ဒီေတာ့ အခုဘဲ.. စ လိုက္ၾကပါစို႔ ။ အခ်ိန္ မေႏွာင္းေသး ပါဘူး။ ကြၽန္ေတာ္တို႔ ေရတြင္း ျပန္တူးၾကမယ္ေလ။
Crd